Facebook accountတွေHackခံရ ရင်အလွယ်တကူပြန်ယူနိုင်ဖို့

Facebook accountတွေHackခံရ ရင်အလွယ်တကူပြန်ယူနိုင်ဖို့ပြင်ဆင်ချက်လေးတွေပြောပြမယ်။
============================================

ဥပမာ Hackတဲ့သူဘက်ကနေအရင်ဆုံးပြောပြမယ်စဉ်းစားကြရအောင်။Hackတတ်တဲ့သူဟာ သူအဆင်ပြေမဲ့နည်းနဲ့ Hackပါလိမ့်မည်။ဥပမာ Recovery နည်းဖြင့်လည်း Phishingသော်လည်းကောင်း keylogger ဖြင့် သော်လည်းကောင်း စသည်ဖြင့် အဆင်ပြေတာနဲ့ Hackပါလိမ့်မည်။ခု မြန်မာပြည်မှာတော့ Hackတတ်တဲ့သူတွေဟာ Recoveryနည်းဖြင့်ယူတတ်ကြပါသည်။Mailကို recoveryလုပ်ပြီး Facebook passwordအသစ်ယူတာမျိုး(သို့) Facebook accountကို တန်းrecoveryလုပ်တာမျိုးပေါ့။အကယ်၍သာ ကျနော်သာ Facebook accountကို Hackပြီးပါက ဘာတွေလုပ်မလဲဆိုတော့ အရင်ဆုံးသူ့အချက်အလက်တွေကိုပြင်ဆင်ပါမည်။ဥပမာ မွေးနှစိသက္ကရာဇ်ပြောင်းတာမျိုးအကောင့်nameချိန်းတာမျိုး logic Approval ခံတာမျိုး mailချိန်းလိုက်တာမျိုး စသည်ဖြင့် ပြုလုပ်တတ်ကြမှာပါ။



သည်တော့ ကျွန်တော် က ကာကွယ်ပုံနှင့် hackခံရပြီးနောက်ပြန်ယူနိုင်ပုံကို အကျဉ်းချုပ်ပြောပြပါမယ်။မိမိ အကောင့်မှာ mailအပြောင်းအလဲ အနည်းဆုံး သုံးခါလုပ်ပါ။mailအပြောင်းအလဲလုပ်တိုင်းFacebook passwordနဲ့ Birthdayကိုချိန်းပါ။Birthday ကိုမိမိ ID နဲ့ တူတဲ့ မွေးသက္ကရာဇ် ပတ်ချာလည်ကိုချိန်းပါ။တစ်လ နှစ်လ သုံးလ စသည်ဖြင့်ကွာချိန်းပါ။Birthday ချိန်းတာကို Limitပြည့်အောင်ချိန်းပါ။Limitပြည်တဲ့အခါ မိမိID(အစိုးရ ခွင့်ပြုချက်ရထားသော သက်သေခံကဒ်ပြား)ထဲကမွေးသက္ကရာဇ်နှင့်အနည်းဆုံး တစ်လအကွာမှာ ရှိနေပါစေ။ပြောင်းလဲခဲ့တဲ့ Facebook passwordအဟောင်းတွေနဲ့ Mailအဟောင်းတွေကိုမှတ်သားပါ။နောက်ပြီး မိမိ Facebook account nameတွေကို Too Many Times အကြိမ်ရေအတွက်များများ ချိန်းပါ။ထပ်ချိန်းလို့ အလွယ်တကူမရအောင်မျိုးပေါ့။Facebook accountထဲမှာ မိမိ ဖုန်းနံပါတ်ကို verifyလုပ်ထားပါ။မိမိလက်ရှိသုံးနေတဲ့ Facebook accountထဲက mailကို mailအလိုက် 2step (သို့) one time passwordလုပ်ထားပါ။ သည်လောက်ဆိုရင် လုံလောက်ပါပြီ။

ကဲသည်လိုပြင်ဆင်ချက်တွေထားတဲ့ကြားကနေ Hackခံရပြီ ဆိုပါစို့။ Hackသွားတဲ့အခါ မိမိအကောင့်ထဲမှာHackသွားတဲ့သူက ပြင်ဆင်ချက်တွေလုပ်မယ်ကြံတဲ့အခါ မိမိအကောင့်Birthdayကိုချိန်းလို့မရတာမျိုးဖြစ်နေပါမည်။ဘာကြောင့်လဲဆိုတော့အထက်ကဆိုခဲ့အတိုင်း သင်သာ Birthdayကို limitပြည့်အောင်လုပ်ခဲ့မယ်ဆိုရင်ပေါ့။သည်တစ်ချက်မှာတင် သင့်အကောင့်ပြန်ရဖို့ အခွင့်အလမ်းများစွာရှိနေပါသည်။ထို့နောက်သူက Birthday ချိန်းမရရင် Facebook account nameချိန်းဖို့ ကြံခဲ့သည်ရှိသော် ကျနော် အထက်ကဆိုသလိုပင် မိမိအကောင့်မှာ nameချိန်းလို့မရအောင်လုပ်ထားမယ်ဆိုရင် Hackတဲ့သူလည်း ချိန်းနိုင်မည်မဟုတ်ပါ။ထို့နောက် Hackတဲ့သူဟာ security ပိုင်းအတွက် facebook user nameချိန်းတာမျိုး mailချိန်းတာမျိုးပြုလုပ်ပါမည်။ Facebook user nameနဲ့ Facebook account nameကမတူဘူးနော်။ရှုပ်သွားမှာဆိုးလို့ပါ။ထို့နောက် သူနောက်ဆုံးအဆင့် မိမိFacebook accountဖျက်လိုက်ပြီထားပါတော့။

မိမိHackခံရပြီလို့သိလိုက်တဲ့အချိန်မှာ မိမိဟာပြန်ရဖို့ကြိုးစားရတော့မည်။ကျနော်အထက်က ပြောခဲ့တဲ့အချက်အလက်တွေကိုလုပ်ဆောင်ထားမယ်ဆိုရင်ပြန်ရဖို့ဆိုတာလွယ်ကူပါလိမ့်မည်။ပထမဆုံး https://facebook.com/hacked အဲ့linkကိုBrowserကနေသွားပါ။ မိမိအသုံးပြုခဲ့တဲ့ mailနဲ့ passwordကိုပြန်ထည့်ပါ။ သူက ပြထားလိမ့်မည် သည်အကောင့်ကို lockချထားမှာလား passwordအသစ်ယူမှာလားလို့ပြပေလိမ့်မည်။lockအရင်ချပါ။ပြီးရင် passwordအသစ်ယူဖို့ ကြိုးစားရတော့မည်။ ထိုpasswordအသစ်ယူဖို့ဆိုတာကို သက်သေပြဖို့ အထောက်အထား မိမိID(အစိုးရအသိမှတ်ပြုထားသော သက်သေခံကဒ်ပြား)ကို ထည့်ပေးကပါမည်။ထို့နောက်မိမိထံအကြောင်းကြားပေးဖို့ mailထည့်ခိုင်းရင်ထည့်ပေးလိုက်ပါ။ထိုအခါ Facebook security ကနေစာပြန်လာပါမည်။မရသေးကြောင်းစာပြန်လျှင် မိမိIDကို ထပ်ပို့ပေးလိုက်ပါ။အချက်အလက်တွေမှန်ကြောင်း facebookက အတည်ပြုတဲ့အခါ သင့်အကောင့်ကိုပြန်ဝင်ဖို့ Linkပေးပို့လာပါလိမ့်မည်။

မိမိ Facebook account nameကို မှတ်ပုံထဲက nameအတိုင်း ပြုလုပ်ထားပါ။အကယ်၍ သင့်facebook accountကို Logic Approvial ခံထားတာတောင် Hackခံရသွားသည်ဟု သိပါက။ ထို Hackသွားသောသူသည် မိမိFacebook accountထဲထည့်ထားသော Birthdayနဲ့တူသည့် IDနှင့် logic approvial ကိုဖြုတ်ခါယူသွားသည်ဟုမှတ်ယူပါ။ ထို့ကြောင့်မိမိ Birthdayတွေကို onlymeလုပ်ထားပါ။အကယ်၍ ကိုယ်က Birthdayကို Onlymeလုပ်ထားသော်လည်း သူက Hackသွားပါက မိမိအကောင့်ထဲမှာ Hackမဲ့သူဟာ Friendအနေဖြင့် ဝင်ရောက်နေပြီး (သို့) မိမိ တင်ထား မိမိပုံကို အသက်အရွယ်ခန့်မှန်းကာ IDနှင့်ကျော်သွားခြင်းမျိုးဖြစ်ပေသည်ဟု မှတ်ယူနိုင်သလို တခြား ကျော်လို့ရမဲ့ နည်းများလဲရှိနိုင်သည်ဟု မှတ်ယူးထားနိုင်သည်။

ကျေးဇူးတင်ပါသည်။
မေတ္တာ စေတနာဖြင့် သာမန် ဖေ့ဘုတ်အသုံးပြုသူများသိစေရန်

Credit:Phyo Pai Kyaw(Hinthada)
Myanmar Cyber Network - Underground Hacker
2 hrs ·

မလာတာပါ
Powered by Blogger.