Printer အတွက် အကုန်အကျသက်သာစေရန် (၆)ချက်



 
၁။ ပရန်ထုတ်လျှင် "Draft" mode ကိုရွေးခြင်း
မိမိသည် ကိုယ်ပိုင် စာတိုပေစလေးများကို ထုတ်ယူအသုံးပြုမည်ဆိုပါက ပရန်တာအား Draft Mode ဖြင့်သာ ထုတ်ခြင်းဖြင့်
မင်ရည် အသုံးပြုမှုကိုအနည်းငယ်သက်သာစေသလို ကြာရှည်အသုံးပြုနိုင်ပါတယ်။

၂။ print nozzles & cartridge cradles များအား ရှင်းလင်းခြင်း
ယခုခေတ် အတော်များများသော Deskjet Printer များဟာ nozzle နဲ့ cartridge ကိုရှင်းလင်းရန်အတွက်
အပိုပစ္စည်းလေးများ တစ်ခါတည်းပါဝင်လာတတ်လေသည်။ ဒါကြောင့်
တစ်ပတ်ကိုတစ်ခါလောက် မိမိ ပရင်တာရဲ့ nozzle နဲ့ cartridge cradles
များကိုစစ်ဆေးသင့်သည်။ ညစ်ပတ်နေတယ်ဆိုရင်တော့ လေမှုတ်စက်ဖြင့် ဖြစ်စေ၊
အရက်ပျံဆွတ်ထားတဲ့ ဂွမ်းလေးနဲ့ဖြစ်စေ သန့်ရှင်းသင့်သည်။

၃။ Web Base Printing အားအသုံးပြုခြင်း။
အချိန်နဲ့ မင်အသုံးပြုမှုသက်သာစေရန်အတွက် Manufacturer များရဲ့ Software
တော်တော်များများရှိကြပါတယ်.. ဥပမာ HP Smart Web Printing software.
စသည်တို့ကိုအသုံးပြုသင့်သည်။

၎။ Cartridge များများ မှန်မှန်ကန်ကန်ထည့်ခြင်း။
Cartridge များအား ထည့်စဉ် အထိုင်ကျစေရန် နဲ့ ဖိတ်စင်မှုများမရှိစေရန်အတွက် စနစ်တကျထည့်သင့်သည်။ Original Ink ကိုသုံးက ပိုပြီး အဆင်ပြေမည်။ :P
Nozzle ခေါင်းများ ခြောက်သွေ့မှုမရှိစေရန် သတိပြုသင့်သည်။
၅။ စနစ်တစ်ကျ ပါဝါ
ပိတ်ခြင်း။

Printer ရဲ့ Main Power switch အားမပိတ်မှီ Printer တွင်ပါဝင်သော Power Button အားအရင်ပိတ်ပြီးမှသာ Main Power Switch
ကိုပိတ်ရန်။ ထိုကဲ့သိုပြုလုပ်မှသာ Printer ရဲ့ အတွင်းပိုင်းတွင် Run နေသော
Process နဲ့ Print Head များကို ကောင်းမွန်စွာ ပိတ်နိုင်မည်ဖြစ်သည်။

၆။ အရေအသွေးကောင်းမွန်သော Paper အားအသုံးပြုခြင်း။
ညံ့ဖျင်းတဲ့ Paper တွေဟာ Printer ရဲ့ စက်ပိုင်းဆိုင်ရာတွေကို Paper Jam ဖြစ်စေခြင်းဖြင့် ပျက်စီးစေပါတယ်။
ဒါကြောင့် အရေအသွေးကောင်းမွန်တဲ့ Paper များကိုသာ အသုံးပြုသင့်ပါတယ်။ 
 
 
Powered by Blogger.