ဖေ့ဘုတ်အကြောင်းသိကောင်းစရာ( အပိုင်း_၅)

 
Facebook account lock ကျသွားရင်ဘာလုပ်သင့်ပါသလဲ?
••••••••••••••••••••••••••••••••••••••••••••
အခုတလော Facebook ရဲ့ပြောင်းလဲသွားတဲ့ ပေါ်လစီကြောင့် ကမ္ဘာတလွှား lock ကျတာတွေဖြစ်နေပါတယ်။ပြန်မရရင် နှမြောဖို့အလွန်ကောင်းပါတယ်။ခုပြောပြမှာက lockကျသွားရင် အလွယ်တကူပြန်ယူနိုင်အောင် လုပ်ဆောင်ရမည့်နည်းလမ်းပါ။လေ့ကျသွားလို့ ဖွင့်လိုက်ရင် ဖုန်းနံပါတ်တောင်းပါတယ်။

ဒီတော့ နီးစပ်ရာ ဖုံးနံပါတ်ပေးလိုက်တယ်။ဖေ့ဘုတ်က ကုတ်ချပေးတယ်။အဲ့ကုတ် ရိုက်ထည့်ရင် ပြန်ပွင့်ပါပြီ။ဒါပေမယ့် အဲ့နည်းလမ်းက ရေရှည်အ တွက်မ ကောင်းပါဘူး။ဘာလို့လဲဆိုရင် ကိုယ်ပေးလိုက်တဲ့ ဖုံးနံပါတ်ကို ဖေ့ဘုတ်က မှတ်တမ်း တင်ထားမှာပါ။အကောင့်ပြဿနာကြုံတိုင်း ကိုယ်ပေးလိုက်တဲ့ ဖုန်းနံပါတ်ကို ဖေ့ဘုတ်က ပြန်ပြောပြခိုင်းတာ ကုတ်ပြန်ယူခိုင်းတာတွေရှိလာမှာပါ။

ဒီတော့ အကောင့်လော့ကျရင် ဘာမှမလုပ်ပဲ ဒီအတိုင်း ၄၈နာရီ ပစ်ထားပါ။
အဲ့လိုမှမဟုတပဲ ရနိုင်နိုးနဲ့ကလိနေရင်တော့ ရက်ပိုကြာသွားမှာပါ။ ၄၈နာရိပြည့်ရင်
login လုပ်ပါ။ Mozilla firefox.google chrome.safari စတဲ့ နာမည်ကြီး browser
တွေထက် internet explorerကို အသုံးပြုသင့်ပါတယ်။login ဝင်လိုက်ရင် ထုံးစံအတိုင်း verification stap တွေလာမှာပါ။အခြားမဟုတ်ပါဘူး ပုံရွေးခိုင်းမှာပါ။

ပုံနဲ့နာမည်နဲ့တွဲပေးရမှာမို့ သတိထားရွေးပါ။ပုံ၅ပုံလောက်ရွေးခိုင်းပါလိမ့်မယ် ကိုယ်မ သိတဲ့ပုံဆိုရင်skip ပါ။ရမ်းသမ်းမရွေးပါနဲ့ သေချာမှ submit လုပ်ပါ။မှားရင်တော့ လောထပ်ကျ ထပ်စောင့်ရပါလိမ့်မယ်။ပြီးတော့ အချိန်ကန်သတ်ချက်ကြော်သွားရင် ကိုယ်ရွေးတာမှန်လဲ လော့မပွင့်ပါဘူး။

လော့ဖြေလို့အောင်မြင်သွားရင် အရင်လို likeတွေ comment တွေ postတွေ သူ ငယ်ချင်းအပ်တာလက်ခံတာတွေ လုပ်မရဖြစ်တတ်ပါတယ်။ဒါဟာဖေ့ဘုတ်က ဒဏ်ခပ်ခြင်းတစ်မျိုးပါ။၂ရက်လောက်နေမှပြန်ရပါတယ်။ အခွင့်ကြုံရင် လော့ကျခြင်း အကြောင်းတင်ပေးပါဦးမယ်။

https://web.facebook.com/profile.php?id=100007654832895 မှ မျှဝေတင်
ပြလိုက်သည်။

လေးစားစွာဖြင့်...
IT-Guide..N..L..H
Powered by Blogger.