မိမိ Computer ရဲ့ RAM ပျက်နေကြောင်းဘယ်လိုသိနိုင်လဲ


 
ကွန်ပျူတာတစ်လုံးမှာ RAM ဟာ မရှိမဖြစ်လိုအပ်ပါတယ်…RAM ဟာ CPU နှင့် Hard disk ကြားမှာ တံတားသဖွယ် ပေါင်းကူး ဆောင်ရွက်ပေးပါတယ်..RAM ဟာ Volatile memory အမျိုးအစား ဖြစ်တယ် ..ကွန်ပျူတာ အလုပ်လုပ်နေစဉ်အတွင်းမှာ Data တွေ ကို ယာယီမျှသာ ထိမ်းသိမ်းထားတာဖြစ်ပြီး..power off သွားရင်တော့ သူ့မှာ ထိမ်း သိမ်း နိုင်စွမ်းမရှိပါဘူး..ဟုတ်ပြီ..ဒါဆို ဒီလိုအရေးပါတဲ့ RAM တစ်ခု ကွန်ပျူတာမှာ RA M မကောင်းတော့ဘူးဆိုရင် ဘယ်လိုတွေဖြစ်လာမလဲ ဆိုတာ လေ့လာကြည့်ရအောင်..

RAM ဘာကြောင့်ပျက်ရသလဲ.. အောက်ပါ အကြောင့်အရင်းများကြောင့် RAM များ ပျက် စီးနိုင်သည်…

1.Electro static Discharge (EaSD)
2.Default industry
3.Enviroment
4.Low quality
1.Electro Static Discharge (ESD)

လူ ရဲ့ ခန္ဓာကိုယ်မှာ electro static charge တွေရှိတယ်....ခုနောက်ပိုင်းလာတဲ့ compu ter electronic device တွေဟာ volt အားကိုနည်းနိုင်သမျှနည်းအောင် ပြုလုပ်တတ် ကြပါတယ်..Volt အားများရင် heat တွေများများထွက်မယ် heat တွေ များများ ထွက် ရင် electronic devices တွေ တာရှည်မခံပဲ လောင်ကျွမ်း ပျက်စီးမှာ ဖြစ်ပါတယ်..
ဒါကြောင့် volt အားကို micro volt (or) mili volt လောက်ပဲထုတ်ထားတဲ့  ပစ္စည်းတွေ ဆိုရင် လူခန္ဓာကိုယ်က ထွက်တဲ့ heat နဲ့ ထိတွေ လိုက်ရင်မခံနိုင် ပါဘူး.. လောင် ကျွမ်း နိုင်ပါတယ်..ဒါကြောင့် ကွန်ပျူတာအတွင်းက ပစ္စည်းကိုင်တော့မယ်ဆိုရင် မိမိ လက်ကို casing အဖုံးလေးနဲ့ ခနမျှပွတ်ပေးခြင်းဖြင့် heat တွေကို Discharge လုပ်ခိုင်း တာ ပေါ့..အခုလဲ RAM အကြောင်းကိုပြောနေတာဖြစ်တဲ့အတွက် RAM ကို သေချာ မြင် ဖူးကိုင်ဖူးတဲ့သူတွေဆိုရင်သိပါလိမ့် မယ်..မတွေ ဖူးမမြင်ဖူးရင်တောင် အထက်က ပုံမှာ လေ့လာနိုင်တယ် RAM မှာ IC chip အသေးလေးတွေပါတယ်..RAM တစ် ခုနဲ့  တစ်ခု chip တွေရဲ့  အရွယ်အစား ကတူ ချင်မှ တူလိမ့် မယ် ..အဲဒီ chip အပြား လေးတွေကို လက်နဲ့ မထိမကိုင်မိစေနဲ့ ဘေးနှစ်ဖက်ကနေခွကိုင်ပါ.. သတိထားပြီး ကိုင်ပါ..အားက စားလုပ်တတ်တဲ့  သူတွေ ဆိုရင် ပိုသတိထားရမယ် အားကစား လုပ်ပြီး လို့ စက်ထဲက ပစ္စည်းကို ကလိတာမျိုး ရှောင်ကြဉ်သင့် တယ်... စောနက ပြောတဲ့ ခန္ဓာ ကိုယ်က ထွက် တဲ့ static charge က RAM ရဲ့ chip ပြားလေးတွေကို သွားထိမိရင် လောင်သွား နိုင်ပါ တယ်..အဲလို လောင်သွားရင် ပုံမှန်အခြေအနေတိုင်း အလုပ်မလုပ်နိုင် တော့ပါဘူး.. ဒါ ဆိုရင် ESD ကြောင့် RAM ပျက်စီးတယ်လို့ ယူဆနိုင်ပါတယ်..RAM ကို ဖြုတ်တပ်လုပ် တဲ့အခါမှာလဲ အပူနဲ့ လွတ်ရာ ကင်းရာမှာ ပြုလုပ်ပါ..

2.Default industryRAM stick လေးတွေကို ဈေးကွက်ထဲကို အရည်သွေးစစ်ပြီး ရောင်း ချလိုက်တယ်ဆိုပေမဲ့အကြောင်းအမျိုးမျိုး RAM ၀ယ်လာပြီးတော့ အဆင်မ ပြေ မှုတွေ ၀ယ်ထား တာမကြာသေးပဲ စက်က hang ပြီး restart ကျသွားတာမျိုးတွေ လည်းကြုံဖူးကြမှာ ပါ…စက်ရုံကထုတ်လိုက်ကတည်းက ထောင်သောင်းမက ထုတ် လိုက်တာဆို တော့ အနည်းနဲ့  အများချွတ်ယွင်း မှုလေးတွေတော့ ရှိမှာပါ.. ဒါကြောင့် တစ်ခါတရံ RAM ချောင်းအသစ်ကို ပဲသုံးလို့ မရဖြစ်တတ်ပါတယ်..RAM ချို့  ယွင်းမှုဖြစ် လို့ Default industry ကဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်..အကယ်၍ မိမိက ကွန်ပျူ တာ အသစ်တစ်လုံးဆင် လို့ ပဲဖြစ်ဖြစ် RAM အသစ်တစ်ချောင်းဝယ်စိုက်လို့ ပဲဖြစ်ဖြစ် ဒီလိုဖြစ်လာခဲ့ရင် မိမိဝယ်ခဲ့တဲ့ ဆိုင်က အာမခံသက် တမ်း (warranty)ပေးတာ ဖြစ်တဲ့ အတွက်ဆိုင်မှာ လှဲလှယ်နိုင်ပါတယ်..

3.enviroment

Enviroment ကြောင့်ပျက်စီးတယ်ဆိုတာကတော့ RAM failure ဖြစ်ဖို အခြေအ နေ အားလုံး အကျုံးဝင်ပါတယ်..RAM ကို အပူနဲ့ နီးစပ်တဲ့ နေရာမှာထားရှိခြင်း ရေခိုး ရေငွေ နဲ့ နီးစပ်တဲ့နေရာနဲ့ ထိတွေ့ မှုရှိခြင်း ..သဘာဝအလျောက် ထိမိခိုက်မိ ပျက် စီးခြင်းများ ဖြစ်နိုင်ပါတယ်..ဒါကြောင့် RAM ပျက်စီးမှုထဲမှာ environment လဲတစ်ခု အဖြစ်ပါဝင် တာဖြစ်ပါတယ်

4.low quality

RAM တွေကိုထုတ်လုပ်တဲ့ ကုမ္ပဏီတွေအမျိုးမျိုးရှိကြတယ်..အမျိုးစားချင်းတူပေမဲ ဈေး နည်းတာနဲ့ ဈေးများတာ ကွာပါတယ် ဘာကြောင့်အဲလိုကွာတာလဲ.. Architecture တွေ…ထုတ်လုတ်တဲ့ ပစ္စည်း အသုံးပြုထားတဲ့ ပစ္စည်းတွေ ကွာလို့ ဈေးနှုန်းတွေ ကွာ ခြားသွားခြင်းဖြစ်တယ် ဒီနေရာမှာ ဘယ်ဟာပိုကောင်းတယ် ဘယ်ဟာ ပိုသာ တယ်ဆို တာမပြောတော့ ဘူးနော် သူ့ အမျိုးစားနဲ့ သူတော့ အဆင်ပြေကြမှာပါ.. မြန်မာပြည်မှာ တော့ kinston တံဆိပ်ကိုအသုံးများတယ်.... ဈေးနှုန်းသင့်ပြီးသုံးစွဲရတာ standard မှီတဲ့ အတွက် အဆင်ပြေပါတယ်..

RAM ပျက်ရင် ဘာ error တွေပြမှာလဲ RAM ပျက်ရင် monitor screen မှာ mothe rboard မှ error beep sound ထုတ်ပေးပါတယ်..နောက် BSOD လို့ ခေါ်တဲ့ blue screen အပြာတက် လာပြီး တော့ RAM failure ဖြစ်ကြောင်းပြတဲ့ error message ပြ တယ်..technical information code နံပါတ်တွေနဲ့ လည်းဖော်ပြပါတယ်..RAM ချောင်း တွေဟာ လုံးဝမကောင်းတော့တာတွေရှိသလို သုံးပြီးတစ်နာရီ နှစ် နာရီလောက်နေပြီးမှ စက်က ထိုးရပ်သွားခြင်း (သို့)စက်က restart ကျသွားခြင်း ဖြစ်တတ်ပါတယ်..virus ကြောင့်မဟုတ်ပဲ စက်ကို ခနလောက်ပဲသုံးရသေးတယ် စက်ကလေးလံပြီး စက်ဟန်း သွားတာမျိုးလည်းဖြစ်တတ်ပါတယ်..RAM ကြောင့်ဖြစ် တယ်လို့ သံသယရှိရင် အခြား ကောင်းတဲ့  RAM နဲ့ ပြောင်းလဲ တပ်ဆင် စမ်းသပ်ကြည့် ပါ..အခြား RAM နဲ့ ပြောင်း လဲ တပ်ဆင်ကြည့်လိုက်လို့ စက်က အကောင်းပကတိ အ တိုင်းအလုပ်လုပ် နေတယ်ဆိုရင် မိမိ RAM မကောင်းတော့ပါ ပိုပြီးသေချာစေရန် စောနက မကောင်းတော့ဘူးလို့ သတ်မှတ်ထားတဲ့မိမိ RAM ကိုပဲအခြား စက်တစ်လုံး မှာ တပ်ဆင် ကြည့်ပါ.. အခြား စက်တစ်လုံးမှာလဲ ပထမစက်မှာဖြစ်သကဲ့သို့ ပုံစံတူ error ပြနေလျင် RAM ပျက်ပြီ ဟုတ်မှတ်ယူနိုင်သည်..

RAM ကိုဘယ်လိုစစ်မလဲ

အလွယ်ဆုံးကတော့ RAM ကိုဖြုတ်ပြီးတခြားဟာနဲ့ အစားထိုးစမ်းသပ်ခြင်းဖြစ်ပါတယ် သို့သော်လည်းအပိုရှိဦးမှကိုး..Physically အရ RAM ကို slot မှာသေသေချာချာ ထိထိ မိမိစိုက်ထားရဲ့ လားဆိုတာ ပြန်စစ်ပေးရပါတယ်..တစ်ခါတရံ slot အံမကျလို့ sound beep error ထုတ်ပေးတာမျိုးလဲ ဖြစ်နိုင်တယ်..

အံကျအောင်ပြန်စိုက်ပေးလိုက်ရင်အဆင်ပြေသွားနိုင်ပါတယ် မိမိက သေချာစိုက်ထား သော်လည်း RAM အောက်ခြေမှာ ဖုံတွေ၊ ချည်းတွေ ကပ်နေတဲ့အတွက် အဆင်မပြေ ဖြစ်တတ်ပါတယ် အဲဒီအခါကျရင် RAM ချောင်းရဲ့ အောက်ခြေမှာရှိတဲ့ေ၇ွရောင် လိုင်း လေးတွေကို တစ်ရှူးအနုလေးဖြင့် သန့် ရှင်းပေးခြင်းအား ဖြင့်လည်းအဆင် ပြေသွားနိင် ပါတယ်...

Ref> ကိုစံငြိမ်း. ဆီမှ မျှဝေတင်ပြလိုက်သည်။

လေးစားစွာဖြင့်.....
အိုင်တီလမ်းညွှန်...IT-guide..(N..L..H)
Powered by Blogger.