Computer Restart ခဏခဏကျတတ်ခြင်း




ကွန်ပျူတာ အသုံးပြုစဉ် မကြာခဏ power off ဖြစ်၍ power restart ဖြစ်ပေါ်ခြင်းများ တွင် System Unit များ မကောင်းခြင်းကြောင့် ဖြစ်ရခြင်း အကြောင်းရင်း တစ်ခုတည်း သာမက အခြား အကြောင်းရင်းများကြောင့်လည်း ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ကွန်ပျုတာ အသုံးပြုသည့် အခါဖြစ်စေ၊ Game ကစားသည့်အခါဖြစ်စေ Restart ဖြစ် ခြင်းသည် Motherboard တွေ၊ Graphic Card (also VGA card) နှင့် CPU (Central Processing Unit) တွေ မကောင်းပါဟု ဆိုသည့် အကြောင်းရင်းများဟု ပြော ၍မရပါ။

ကြာရှည်သုံးလာတဲ့ Power Supply တွေနဲ့ Power အပြည့်မထုတ်ပေးနိုင်တဲ့ အရည် အသွေးနိမ့် Power Supplyတွေ ကြောင့်လည်း လိုအပ်တဲ့ Power ကို မရတဲ့အတွက် Power ပိတ်ကျသလို အရည်အသွေးနိမ့်တဲ့ Memory (RAM -Random Access Memory) တွေ - ဥပမာ - Memory မှာရှိတဲ့ Chipset ချို့ယွင်းလို့ Performance အ ပြည့်မရတာ တွေကြောင့် (သို့) Shock ဖြစ်သွားခဲ့သောကြောင့် Restart ကျတတ်ပါ တယ်ဟု Service ပညာရှင်တစ်ဦးက ပြောပါသည်။

Game ကစားနေစဉ်အတွင်း Power ပိတ်ကျ တတ်ခြင်းသည် Game များ Install လုပ် ရာ၌ Microsoft ၏ အချို့သော Service များ လိုအပ်ခြင်းကြောင့် ဖြစ်တတ်ပြီး များ သော အားဖြင့် Network game များ၌ မကြာ ခဏဖြစ်ပေါ်တတ်ကြောင်း သိရပါသည်။
ထို့အပြင် Virusများ ၀င်ရောက် တိုက်ခိုက်မှုများလာခြင်းနှင့် Processor ၏ Cooling Fun/ Heatsink အအေးခံစနစ် မလုံလောက်ခြင်းများကြောင့်လည်း ဖြစ်ပေါ်တတ်ရာ CPUပေါ်သို့ ပေးသော အအေးခံစနစ် ကျရောက်မှုနည်းပါးပါက CPU ပူလားပြီး Restart ကျခြင်း (သို့) Hang သွားခြင်းများ ဖြစ်ပေါ်တတ်ကြောင်းသိရသည်…

လေးစားစွာဖြင့် (အိုင်တီလမ်းညွှန်)
Powered by Blogger.