CPU မှာ 32bit /64bit ဆိုတာ



အိုကေ cpu အလုပ်လုပ်တာသိပြီးပြီဆိုရင် cpu မှာ 32 bit processor 64 bit processor ဆိုပြီး နှစ်မျိုးရှိတယ်..အဲမှာတို့ နားလည်ထားရမှာက bit ဆိုတာ 0 1 binary တွေကိုယ်စားပြုတယ် 32 bit ဆိုတာက အရှင်းဆုံးမြင်အောင် ပြောရမယ်ဆိုရင် wire 32 ချောင်းပေါ့. အဲဒီဝါယာ 32 ချောင်း ပေါ်မှာ စောနက အဲဒီ 0 1 ဆိုတဲ့ data လေးတွေတန်းစီပြီး ပြေးနေတာ အလုပ်လုပ်နေတာပေါ့ ဘယ်မှာလုပ်နေလဲဆိုတော့ register tabe တွေကြားမှာပေါ့..cpu မှာဆိုရင် Register 64 bit ဆိုတော့ 32 ရဲ့ နှစ်ဆ ဘယ်သူကပိုမြန်မလဲ ဒေတာတွက်ချက်မှုနှုန်း ဘယ်သူကပိုမြန်နိုင်မလဲ ရှင်း ပါတယ်..64bit ပေါ့..ဒါကြောင့်သူများမေးတာကြားဖူးကြမှာပါ မင်းစက်က 32 bit လား 64 bit လားဆိုတာ..အဲဒါကိုပြောတာ..အဲတော့ကိုယ့်စက်မှာ32 bit လား 64 bit လားကြည့်ချင်ရင် logo +pause break နိုက်လိုက် system type ဆိုတာတွေ့ လိမ့်မယ် နောက် သူ့ ကိုကြည့်လို့ ရနိုင်တဲ့ နေရာတွေက dxdiag, msinfo32,systeminfo စတဲ့ နေရာကလည်း ကြည့်နိုင်တယ်. နောက် cpu-z ဆိုတဲ့ ဆော့ဝဲကနေလည်း ကြည့်လို့ရပါတယ်.. အဲဒီဆော့ဝဲကိုလိုချင်ရင် တင်ပေးပါ့မယ်.. ဒါကြောင့်တို့ ၀င်းဒိုးvista windows 7 လိုဟာမျိုး တင်ပြီဆိုရင် 32 bit လား 64 bit လားမေးပါ တယ် ကိုယ့်စက်က 32 64 လား မှန်မှန်ကန်ကန်ရွေးပေးဖို့ လိုအပ်တယ်..နို့ မဟုတ်ရင်တော့ system unstable ဖြစ်တာမျိုးကြုံရတတ်တယ်..

cpu ဆိုတာနဲ့ 32 bit 64bit လို့ သိထားတာကို အဲ…ဒါပေမဲ့ တကယ်တမ်းကျတော့ သူ့ကို ဈေး ကွက်မှာ x86 /64bit နဲ့ ဖော်ပြတာ ဘာကြောင့်လဲဆိုတော့ processor မြောက်များစွာရှိလို့ ပါပဲ.. ဘာကြောင့် x86 လို့ရေးရလဲ ဆိုတော့ ဟိုးအရင် processor 80286 ကနေစပြီးတော့ 386 486 စတဲ့ processor တွေကို 32 bit သတ် မှတ်ခဲ့တဲ့ အတွက်ကြောင့် ဘယ် processor လို့ အတိအ ကျမရေးတော့ပဲ ရှေ့ ကနေ x ထည့်ထားတယ် ဒါဆိုရင် ကျွန်တော်တို့ က x86 ကိုမြင်ရင် 32bit ဆိုတာသိရမယ်…ကိုယ်သုံးနေတဲ့စက်က 32 bit လာ6း4 bitလား ဆို တာ သိရမယ်…

http://www.myanmarfamily.org/..မှကူးယူဖော်ပြလိုက်သည်။
Powered by Blogger.