CPU ပျက်ရင်ဘယ်လိုသိနိုင်မလဲ

 
တကယ်တော့ processor တစ်လုံးပျက်ဖို့ဆိုတာ အင်မတန်မှ ဖြစ်ခဲတဲ့ ကိစ္စပါ..ပျက် တာမရှိဘူးလား ဆိုရင်တော့ ရှိတာပေါ့ဗျာ..ရာခိုင်နှုန်း နည်းပါးတယ်လို့ ဆိုလိုချင်တာ ပါ..ကွန်ပျူတာ တစ်ခုလုံးရဲ့  ဦးနှောက် ဟုတင်စားခေါ်ဝေါ်သည့် cpu ဘာကြောင့် ပျက် ရသလဲ ပျက်လျင် ဘယ်လိုသိနိုင်မလဲဆိုတာ လေ့လာရအောင်………..
CPUပျက်နိုင်သည့်အကြောင်းများ
1.cpuoverheat
2.cpupin
3.cpufan
4.cpuheatsink
5.ESD
6.Enviroment စသောအကြောင့်များကြောင့် cpu ပျက်နိုင်သည်.

1.cpu over heat CPU over heat ဖြစ်ရခြင်းမှာ cpu ကိုပေးသော power က ငြိမ် သက်မှုမရှိပဲ သာမှန်ပေးရမည့် ဗို့အား ထက်ပိုပေးနေခြင်းကြောင့် cpu ဗို့ အား အရမ်း တက်လာပြီး လောင်သွားနိုင်သည်..ရုတ်တစ်ရက် ဆောင့်တက်လိုက်သော့ Load ကို မ ခံနိုင်သောကြောင့် လည်းဖြစ်နိုင်သည်.. ကျနော်တို့ cpu တပ်ဆင်ရင် သူ့အပေါ် ကနေ heat sink ကိုတပ် ဆင်ပေးရပါတယ်..heat sink ဆိုတာ cpu ကနေ ထွက်လာတဲ့ အ ပူတွေကို ကူးပြောင်း ရယူပြီး အပူတွေပြန့် ထွက်သွားအောင်လုပ်ပေးတဲ့ အရာပါပဲ အဲဒီ heat sink ကိုမှ အပေါ်ကနေ fan တပ်ပြီး heat sink ကအပူတွေကို အပြင်ကို ဖယ် ထုတ်တာပါ.. ဒီအ လုပ်လုပ်ပုံကို ကြည့်ခြင်းအားဖြင့် cpu ကနေ ထွက်လာတဲ့ အပူကို heat sink က ယူရ ပါတယ်..ဒီမှာ cpu ကနေ ထွက်တဲ့ အပူကိုသာ heat sink က ယူ မပေးနိုင်ဘူးဆိုရင် cpu chip လေးက အပူလွန်ကဲပြီး လောင်သွားနိုင်တယ်..ဘယ်လို အခြေနေမှာဖြစ်လဲ ဆိုတော့ တပ်ထားတဲ့ heat sink က လှုပ်နေတဲ့ အခါ မျိုး..cpu နဲ့ h eat sink ကြားမှာထိ ကပ်မနေပဲ ကွာဟနေတဲ့ အခါမျိုးတွေမှာ ဖြစ်နိုင်ပါတယ်..
ဒါကြောင့် heat sink ကို တပ် ဆင်တဲ့အခါမှာ heat sink ကိုလှုပ်မနေအောင် သေချာ တပ်ဆင်ပေးဖို့ လိုအပ်ပါ တယ် ..ဒါက heat sink ပေါ့လေ..နောက် over heat ဖြစ်စေ နိုင်တဲ့ တစ်ချက်က fan ပေါ့.. heat sink အပေါ်မှာတပ်ထားတဲ့ fan မလည်တော့ဘူး ဆိုရင် heat sink လည်း သူတတ်နိုင်သမျှပဲ အပူကို ထိန်းထားနိုင်မယ်..ဒီထက် ပိုပူ လာရင် မတတ်နိုင်တော့တဲ့ အတွက် cpu မှာ အရမ်းပူလာပါတော့တယ်..ဒါက fan မလည်တော့တဲ့ အတွက်ကြောင့် ဖြစ်ရတဲ့ အချက်ပါ..ဒါကြောင့် cpu fan လည်ခြင်း မ လည်ခြင်းကလည်း cpu သက်တမ်းကို စောင့်ရှောက်မှုမှာ အရေးပါနေပါ တယ်..cpu fan ကလက်နဲ့ အသာလေး တောက်ကြည့်ရင် သွက်သွက်လက်လက် နေသင့်ပါတယ် ..ဒီလိုမဟုတ်ပဲ လည်ပတ်နှုန်း တအား နှေးနေမယ် ဒါမှမဟုတ် လုံးဝ မလည်တော့ရင် cpufan ၀ယ်လဲပေး သင့်ပါပြီ..

2.cpu pin Cpu pin အကြောင်းဘာလို့ ရေးရလဲဆိုတော့ ကွန်ပျူတာ maintainence လုပ်တဲ့အခါမှာ သော်လည်းကောင်း cpu အသစ်တစ်လုံးကို ဆင်တဲ့အခါမှာသော်လည်း ကောင်း ဖြစ်တတ်တဲ့အရာ တစ်ခုဖြစ်ပါတယ်.. ကွန်ပျူတာ maintainence လုပ်လို့ cpu ကို motherboard socket အတွင်းမှ ဖြုတ်ယူသည့်အခါ သတိထား ယူ ရပါတယ်..cpu မှာ Pin လေးတွေပါရှိပါတယ် အဲဒီ pin တွေက ကွေး ကောက်သွားခြင်း ကျိုးသွားခြင်း မ ဖြစ်အောင် ဖြုတ်ရပါတယ်..အကယ်၍ pin များကွေးခြင်း ကျိုးခြင်းဖြစ် ပါက cpu က ပုံ မှန်အတိုင်း အလုပ်မလုပ်နိုင်ပဲ restart ဖြစ်ခြင်း shut down ဖြစ်ခြင်းတွေ ကွန်ပျူတာ မှာ ဖြစ်လာနိုင်ပါတယ်..

3.cpu fan CPU fan လည်ခြင်း မလည်ခြင်းက cpu သက်တမ်းကို စောင့်ရှောက်ပါ တယ်..မိမိကွန်ပျူတာမှာ cpu fan ဟာ သာမှန် ကွန်ပျူတာပါဝါ ပိတ်ထားတဲ့အချိန်မှာ fan လေးကိုလက်နဲ့ အသာလေး လည့်ကြည့်ရင် မြန်မြန် သွက်သွက်လေးလည် နေရ ပါမယ်..နှေးလွန်းခြင်း ဖုန်တွေ ရေငွေ့တွေ စိုထိန်းမှုကြောင့် fan မလည်နိုင်ခြင်း cpu fan wire ကြိုးက cpu fan နဲ့ သွားညှိနေခြင်းများဖြစ်တတ်သည်…cpu fan ကြိုးကို တပ်ဆင်တဲ့အခါမှာ fan ရဲ့ အရွက်တွေနဲ့ လွတ်လွတ် ကင်းကင်း တပ်ဆင်ပေးပါ..ကြိုးနဲ fan အရွက် တွေညှိပြီး fan မလည်နိုင်တော့ပဲ cpu shutdown ဖြစ်ဖူးတဲ့ သာဓကတွေ လည်းရှိပါတယ်.. cpu fan တွေမှာ တစ်မိနစ် လည်ပတ်နှနုး ဘယ်လောက် ရှိရမယ်ဆို တာသတ်မှတ်ထားပါတယ်
အဲဒီသတ်မှတ်ထားတာထက် နှေးသွားရင် သို့တည်းမဟုတ် လုံးဝမလည်တော့ ရင် cpu fan ၀ယ်လဲ လိုက်ပါ..နို့မဟုတ်ပဲ cpu fan ၀ယ်မလဲပါက cpu ပျက်စီးဖို့ အခွင့်အ လမ်းနီးပါတယ်…..ကျနော်ကြုံဖူးတယ် သူငယ်ချင်းတစ်ယောက် ဆီမှာပါပဲ ကွန်ပျူတာ သွား ဆင်စဉ်ကပေါ့ စက်ဆင်တာက သူငယ်ချင်းရဲ့  စက်..သူ့၏ အခန်းဘေးက ညီလေး တစ်ယောက်ကလည်း သူ့ကွန်ပျူတာ restart ခဏခဏ ကျနေလို့ ကြည့်ပေးပါဦး ဆိုပြီး လာခေါ်တော့ သွားကြည့်လိုက်တော့ cpu fan မလည်ပါဘူး..သူ ပြောတာတော့ power on ပြီးလို့ လက်နဲ့အသာလေးတို့ ပေးလိုက်မှ လည်တာ ခနနေ ရပ်သွားတယ်တဲ့ ..အဲ လိုလေးလုပ်လာတာ နှစ်လသုံးလလောက်ရှိပြီ လို့ပြောတယ်..
cpu fan မှာ ကြည့်လိုက်တော့ ဖုန်တွေနဲ့ အလိမ်းလိမ်းပေါ့လေ..ဒါနဲ့ cpu fan ကို ဖြုတ် လိုက်ပြီး ဖုန်လေး ဘာလေး ခါလိုက်ပြီး fan ကိုလက်နဲ့ လည့်ကြည့်တာ မနည်းကို လည့်နေရတယ်ဗျ.. သူ့ cpu fan မော်တာက လုံးဝကိုမလည်တော့တာ မော်တာမ ကောင်းတော့တာပေါ့ဗျာ.. ဒါနဲ့ သူ့ ကို cpu fan ကိုအမြန် ဆုံး ၀ယ်ဖို့ အကြံပြုပေး လိုက်တယ်..တစ်ရက်နှစ်ရက်လောက်နေတော့ ကောင်းသွားပြီတဲ့ fan ၀ယ်လဲ လိုက်ပြီ restart လည်းမကျတော့ဘူးလို့ ပြောတယ်..ဒါကြောင့် cpu fan ကလည်း အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်…

4.cpu heat sink CPU heat sink က cpu ကိုတပ်ဆင်တဲ့အခါမှာ အံကျအောင်စိုက် ပေးရပါမယ်.. ပြီး တော့ heat sink ကိုလှုပ်မနေအောင် တပ်ဆင်ပေးရပါတယ် ဟနေလို မရပါဘူး cpu နဲ့ heat sink ကြား ဟနေရင် cpuရဲ့ အပူတွေက heat sink ကို မရောက် နိုင်ပါဘူး ..ဒါကြောင့် cpu heat sink ကိုသေချာလေး တပ်ဆင်ပေးရပါတယ်…
5.ESD
လူ ရဲ့ ခန္ဓာကိုယ်မှာ electro static charge တွေရှိတယ်....ခုနောက်ပိုင်းလာတဲ့ compu ter electronic device တွေဟာ volt အားကိုနည်းနိုင်သမျှနည်းအောင် ပြုလုပ်တတ် ကြပါတယ်..Volt အားများရင် heat တွေများများထွက်မယ် heat တွေများများထွက်ရင် electronic devices တွေတာရှည်မခံပဲ လောင်ကျွမ်း ပျက်စီးမှာဖြစ်ပါတယ်..ဒါကြောင့် volt အားကို micro volt (or) mili volt လောက်ပဲထုတ်ထားတဲ့  ပစ္စည်းတွေ ဆိုရင် လူ ခန္ဓာကိုယ်က ထွက်တဲ့ heat နဲ့ ထိတွေလိုက်ရင် မခံနိုင်ပါဘူး..လောင်ကျွမ်းနိုင်ပါတယ်..

ဒါကြောင့် ကွန်ပျူတာအတွင်းက ပစ္စည်းကိုင်တော့မယ်ဆိုရင် မိမိလက်ကို casi ng အဖုံး လေးနဲ့ ခနမျှပွတ်ပေးခြင်းဖြင့် heat တွေကို Discharge လုပ်ခိုင်းတာပေါ့.. အ ခုလဲ cpu အကြောင်းကို ပြောနေတာဖြစ်တဲ့အတွက် cpu ကို သေချာ မြင်ဖူးကိုင်ဖူးတဲ့ သူတွေ ဆို ရင်သိပါလိမ့်မယ်..cpu အောက်ခြေ မှာရှိတဲ့ pin လေးတွေကို လက်နဲ့ မထိမကိုင် မိ စေနဲ့ ဘေးနှစ်ဖက်ကနေခွကိုင်ပါ..အောက်ကပုံလေးတွင် cpu ကိုင်တွယ်ပုံကို ကြည့်နိုင် ပါတယ် သတိထားပြီး ကိုင်ပါ..အားကစားလုပ်တတ်တဲ့ သူတွေဆိုရင် ပို သတိထား ရ မယ် အားကစားလုပ်ပြီးလို့ စက်ထဲက ပစ္စည်းကို ကလိတာမျိုး ရှောင်ကြဉ် သင့်တယ်... စောနကပြောတဲ့ ခန္ဓာကိုယ်ကထွက်တဲ့ static charge က cpu ရဲ့ pin က မှတဆင့် အ ထဲက chip ပြားလေးတွေကို shock တိုက်ပေးသလိုဖြစ်သွားရင် လောင်သွားနိုင်ပါ တယ်..အဲလို လောင်သွားရင် ပုံမှန်အခြေအနေတိုင်း အလုပ် မလုပ်နိုင်တော့ပါဘူး.. ဒါဆိုရင် ESD ကြောင့် cpu ပျက်စီးတယ်လို့ ယူဆနိုင်ပါတယ်..cpu ကို ဖြုတ်တပ်လုပ် တဲ့အခါမှာလဲ အပူနဲ့ လွတ်ရာကင်း ရာမှာပြုလုပ်ပါ..

CPU ကိုင်တွယ်ပုံ

6.Enviroment
Enviroment ဆိုတဲ့ အခြေအနေမှာ ထိမိခိုက်မိ၍ ပျက်စီးခြင်း ရေမီး တစ်ခုခုကြောင့် ပျက်စီးခြင်း နဲ့ အတူ cpu တစ်လုံးပျက်စီးစေဖို့ အကြောင်းရင်းများ အားလုံးပါဝင်ပါ တယ်..cpu မကောင်းတော့ရင် ဖြစ်တတ်သော လက္ခဏာမှာ restart ခဏဏကျခြင်း shutdown ဖြစ်ချင်း စက်ဖွင့်ပြီး နာရီဝက်လောက်နေရင် freeze (စက်ဝပ်သွားခြင်း) စ သည်တို့ ဖြစ်တတ်သည်..အထက်မှဆွေးနွေးချက်များထဲမှ cpu problem ဖြစ်ပေါ်လာ ပါက cpu fan နဲ့ heat sink တို့ကို စစ်ဆေး ပေးကြည့်ပါ..စစ်ဆေးပြီးသည့်တိုင် cpu က problem ဖြစ်နေလျင် အမျိုးအစားတူ socket တူ cpu ကို အစားထိုးလဲလှယ်ခြင်း မိမိ cpu ကို အခြားအမျိုးအစားတူ motherboard socket မှာ တပ်ဆင်ကြည့်ပါ..

တခြား motherboard မှာ တော့ မိမိ cpu က အကောင်းပကတိ အတိုင်းအလုပ် လုပ် နေလျင် မိမိစက်မှ cpu ကြောင့်မဟုတ်ပဲ တခြားအစိတ် အပိုင်းများကြောင့် ဖြစ်နိုင် သည်.. အမျိုး အစားတူ motherboard socketမှာ စမ်းသပ်တပ်ဆင်ကြည့်သော်လည်း ယခင် မိမိ စက်မှာ တပ်ဆင်သကဲ့သို့ problem ဖြစ်နေလျင် မိမိ cpu မကောင်း တော့တာလို့ မှတ် ယူနိုင်ပါတယ်..ထိုအခါမှသာလျင် cpu အသစ် အစားထိုး လဲလှယ် ခြင်း (သို့) service ဆိုင်သို့ ပြုပြင်စေခြင်း များလုပ်ဆောင်နိုင်ပါတယ်.. တကယ်တော့ cpu ပျက်တယ်ဆို တာ ဖြစ်ခဲသော အရာဖြစ်ပါတယ်..ပုံမှန် cpu တစ်လုံးရဲ့ သက်တမ်း က ဆိုင်က နေပြီး တော့ 2 နှစ်အာမခံ သုံးနှစ်အာမခံ သက်တမ်းပေးလိုက်ပေမဲ့ စနစ်တ ကျ အသုံးပြုပါက ၁၀ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်နိုင်ပါတယ်..

www.minsoeyasar.com မှ မျှဝေတင်ပြလိုက်သည်။
Powered by Blogger.