Format ဆိုတာ ဘာလဲ ?
Format ရိုက်တယ်ဆိုတာ ဘာကိုပြောတာလဲပေါ့။ ပြီးတော့ Format က ဘယ်နေရာ ကိုရိုက်တာလဲပေါ့။ ဟုတ်ကဲ့ ပြန်ဖြေပေးရမယ်ဆိုရင် ဖောမက်ရိုက်တယ်ဆိုတာ Hard Disk မှာ Data ထည့်နိုင်အောင်လို. ကျွန်တော်တို. ဖောမက် ရိုက်ပေးရပါတယ်။
Format မရိုက်ရသေးတဲ့ ဟက်ဒစ် အသစ်ထဲ Data ထည့်လို.မရသေးပါဘူး။ ဖောမက် ဆိုတာ Hard Disk လို stroage Device တွေကိုပဲ ရိုက်တာပါ Memory ကိုလည်း ဖောမက် ရိုက်လို့ မရပါဘူး။ CPU ကိုလည်း ဖောမက်ရိုက်လို.မရပါဘူး။
Format အကြောင်းပြောတော့မယ်ဆိုရင် ဖောမက် ရိုက်တဲ့ File System ကို အရင်သိ ဖို.လိုလာပါပြီ။
၁။ FAT (File Allocation Table)
၂။ FAT 32
၃။ NTFS (New Technology File System) ဆိုတဲ့ File System သုံးမျိုးလောက်တော့ သိထားရပါမယ်။
အဲဒီတော့ FAT နဲ. FAT32 နဲ. ဖောမက်ရိုက်တာချင်းအတူတူ ဘာကွာလဲလို မေးရင် Data ထည့်နိုင်တဲ့ ပမာဏ ကွာတယ်လို.ပြောပေးရပါမယ်။ ဥပမာ Hard Disk နှစ်လုံးကို တစ်ပုံစံထဲ ဆိုဒ်တစ်မျိုးထဲဝယ်ခဲ့ တစ်လုံးကိုတော့ FAT နဲ.ရိုက် နောက်တလုံးကို FAT32 နဲ.ရိုက် ဘာကွာလဲဆိုရင် Data ထည့်နိုင်တဲ့ ပမာဏ ကွာသွားပါတယ်။
ဘာကြောင့်လဲဆိုတော့ FAT နဲ.ရိုက်တဲ့ ဟက်ဒစ်က Claster Site က အရမ်းကျယ် နေ တဲ့အတွက် ဟက်ဒစ်မှာ Data မထည့်ရပဲ ပုတ်သွားတဲ့ ပမာဏ အရမ်းများနေပါတယ်။
FAT32 နဲ.ရိုက်တဲ့ Hard Disk မှာတော့ Claster Size သေးတဲ့အတွက် ပုတ်တဲ့ ပမာ ဏနဲပြီး Data ထည့်နိုင်တဲ့ ပမာဏ FAT ထက်ပိုများသွားပါတယ်။ ဖောမက်ရိုက်ဖို. နေ ရာ တွေကတော့
၁။ My Computer ကိုဖွင့်ပြီး ကိုယ်ရိုက်ချင်တဲ့ Drive ပေါ် ညာဘက်ကလစ်လုပ်ပြီး ဖော မက်လို.ပြောပေးရမယ်။
ပြီးရင် Quick Format ဆိုတာလေးကို ချက်ဘောက်ထဲ အမှန်ခြစ်ထည့်ပေးလိုက်ပါ။ ဖောမက်ကို အမြန်ရိုက်မယ်လို.ပြောတာပါ။
အထဲမှာ ရှိသမျှ Data တွေ အကုန်ပျက်ကုန်လိမ့်မယ်လို. Warning ပေးပါလိမ့်မယ်။ ဒေတာတွေ မရှိဘူးဆိုရင်တော့ အိုကေပေါ့။ အပေါ်နားမှာလည်း File system
ရွေးလို.ရပါသေးတယ်။ FAT နဲ. ဖောမက်ရိုက်မှာလား NTFS နဲ.ရိုက်မှာလားဆိုပြီးပေါ့။
နော်ထပ်ဖောက်မက်ရိုက်လို.ရတ
ဘယ်လိုသွားရလဲဆိုရင် Run ထဲမှာ diskmgmt.msc ဆိုပြီး အန်တာခေါက်ပြီး လဲသွား လို.ရသလို၊ My Computer ပေါ်မှာ ညာဘက်ကလစ်လုပ်ပြီး Manage ထဲကမှ Disk management ဆိုပြီးလည်း သွားလို.ရပါတယ်။ အဲဒီကိုရောက်ရင်လည်း ကိုယ်ဖော မက်ရိုက်ချင်တဲ့ Drive ပေါ်မှာ ညာဘက် ကလစ်လုပ်ပြီး ဖောမက်လို. ပြောပေးလို.ရပါ တယ်။
ခုနကအတိုင်းပဲ Perform a quick format ကို ချက်ဘောက်ဖွင့်ပြီး အမြန်ဖောမက် ရိုက်လို.လည်းရပါတယ်။ Pen Drive တွေကိုတော့ FAT32 နဲ.ပဲရိုက်လို.ရတယ်၊ ကိုယ်က အထွန်.တက်ပြီး Pen drive ကို Ntfs နဲ. ဖောမက်ရိုက်ချင်တယ်ဆိုရင်ေ
နောက်တခါ Command prompt ထဲကနေ ဖောမက်ရိုက်ဖို.ရာ၊ run ထဲမှာ Cmd ဆိုပြီး အန်တာခေါက်။
My computer ထဲမှာ အရင်ဖွင့်ကြည့် ကိုယ်ဖောမက်ရိုက်ချင်တဲ့ Drive Letter က ဘာလဲဆိုတာ့ အခုလောလောဆယ်တော့ ကျွန်တော် Pen Drive ကို ဖောမက်ရိုက် ချင် တာ ဆိုတော့ J: ဆိုတာကို မှက်ထားရပါမယ်။
ပြီးရင် cmd ထဲမှာ format j: /fs:fat32 လို.ရေးပြီး အန်တာခေါက်ပေးရပါမယ်။
သူဘာသာ ဖောမက်ရိုက်သွားလိမ့်မယ် တကယ်လို.တချို. ကွန်ပြူတာတွေမှာ အဲဒီနေ ရာ ရောက်ရင် Data တွေ ပျက်ကုန်မယ်ဆိုပြီး warning ပြောရင် y ကိုနှပ်ပြီး အန်တာ ခေါက်။ 100 percent completed ဆိုပြီး ဖြစ်သွားရင်တော့ ကျွန်တော်တို. ဖောမက် ရိုက်တဲ့ ကိစ္စ ပြီးဆုံးသွားပါပြီ။
ဒီနည်းလေးတွေကို ဘာကြောင့်ပြောနေရတာလဲဆိုရင်
Posted by နှင်းဆီချစ်သူ
အားလုံးကိုလေးစားစွာဖြင့် (အိုင်တီလမ်းညွှန်)