စီဒီထဲမှ သီးချင်းများကို Rip လုပ်ပြီး ကူးယူကြရအောင်

 
Rip ပြုလုပ်ခြင်းဆိုသည်မှာ audio စီဒီထဲမှ သီးချင်းများကို ကွန်ပျူတာထဲသို့ အရည်း အသွေးမပျက် ကူးယူခြင်းဖြစ်သည်။ မည်သည့် format ဖြင့် rip လုပ်မည်ကိုကြို တင်ရွေးချယ်ထားနိုင်ပါသည်။

၁။ ကွန်ပျူတာ၏ စီဒီ drive ထဲကို သီးချင်းစီဒီတစ်ချပ်ထည့်လိုက်ပါ။

၂။ Autoplay ၀င်းဒိုစ်တက်လာပါက Rip music from CD ကိုရွေးပါ။
၃။ window Media Player မှ Rip tab လုပ်နိုင်ပါသည်။ မည်သည့် မီဒီယာ Player မှမဆို Rip လုပ်နိုင်ပါသည်။ အခု windows Media player နဲ့ အသုံးပြုလိုက်ပါ။
window Media Player တွင် စီဒီ သီချင်းအားလုံးကို အလိုအလျောက် Rip လုပ် ပေးပြီး သီချင်းဖိုင် အားလုံးကို my music ဖိုလ်ဒါထဲတွင် သိမ်းပေးသည်။

အကယ်၍ စီဒီကို Rip မလုပ်မီ အင်တာနက်နှင့် ချိတ်ထားပါက သီချင်းဖိုင် ဖန်းတီး နေစဉ် သီးချင်းအယ်လ်ဘမ်း နှင့် ပတ်သက်သည့် အချက်အလက်အားလုံးကို win dows media player က တစ်ခါတည်း ဆွဲယူထားပေးသည်။ သီချင်းတစ်ပုဒ်ချင်းစီ အတွက် သက်ဆိုင် ရာ အချက်အလက်အားလုံးကို သင်ကိုယ်တိုင်ပြောင်းလဲ ပေးနိုင်သည်။

၎။ Rip လုပ်ပြီးသည့် သီချင်းများကို ပြန်ဖွင့်လိုပါက ဖွင့်လိုသည့် သီချင်းကို ရွေးယူပြီး ၀င်းဒိုးစ်မီဒီယာ၏ အောက်ဘက်ရှိ Play ခလုတ်ကိုနှိပ်ပါ။ (အလယ်တွင်တြိဂံပုံ တစ် ခုပါသည့် ခလုတ်ဖြစ်သည်။ window media player ဖြင့် Rip လုပ်ပါက 128 kbps, window media audio (.wma)ဖိုင်းအမျိုးစားဖြင့် သိမ်းမည်ကို သတ်မှတ်ပေးပါ သည်။ Rip tab ရှိ more option ကိုနှိပ်၍ မည်သည့်ဖိုင်းအမျိုးအစားဖြင့် သိမ်းမည် ကို သတ်မှတ်ပေးပါ။ သိမ်းနိုင်သည် ဖိုင်းအမျိုးအစားမှာ MP3, windows Media Lossless နှင့် WAV ဖိုင်းတို့ဖြစ်သည်။

အရွယ်အစားကြီးလေလေ ဖိုင်းအရည်အ သွေးကောင်းလေဖြစ်သည်။အချို့ မီဒီယာ Player များသည် သီးချင်း အမျိုးအစား အချို့ကိုသာ ဖွင့်ပေးနိုင်သည်ကို ကြိုသိထား သင့်ပါသည်။

Laptop Computer အသုံးချလက်စွဲ မှ သိသမျှ

လေးစားစွာဖြင့်…
IT-Guide…N..L..H
Powered by Blogger.