Safe mode ဆိုတာဘာလဲ

 ကွန်ပျူတာလေ့လာနေတဲ့ နည်းပညာလူငယ်များအတွက်PC- Safe Mode အကြောင်း
ကို သိသင့်တယ်ထင်လို့ ရေးသားတင်ပြပေးလိုက်ပါတယ်။

Safe mode ဆိုတာဘာလဲ

Safe mode ဆိုတာ ကွန်ပျူတာရဲ့ ၀င်းဒိုးစ်စနစ်မှာ ပြဿနာတစ်ခုခု ပေါ်ပေါက်ခဲ့ရင် ဘယ် လိုပြဿနာမျိုးလည်းဆိုတာ အ မှန်သို့မဟုတ် အနီးစပ်ဆုံး သိရအောင် အခြားသော လုပ်ဆောင်ချက်များကို ခေတ္တပိတ်ထားပြီး လုပ်ငန်းစဉ်များကို လျှော့ချထားလိုက်တာပါ။ တစ်နည်းအားဖြင့် ကွန်ပျူတာမှာ လုပ်ငန်းနည်းသွားတဲ့ အတွက် အနည်းငယ် တည်ငြိမ်မှု ရသွားတဲ့ သဘောမျိုးပါ။

Safe mode ကို မိုက်ကရိုဆော့ဖ်က ဖန်တီးပေးထားတဲ့ Window OS တွေရဲ့Trouble-shooting option ဖြစ်ပါတယ်။ Window OS ကို ပုံမှန်သုံးနေတဲ့အခါ အသုံးပြုသူ အ တွက် စနစ်မှာ ကန့်သတ် ချက်တွေ ထိန်ချူပ်မှုတွေ ရှိပါတယ်။ အဲဒီ အချိန်ပြဿနာ တစ်ခုခု ပေါ်တဲ့အခါ ကွန်ပျူတာ သုံးသူအ နေနဲ့ ဥပမာ အားဖြင့် ဖိုင်းအချို့ကို လွယ်လွယ်ကူကူဖွင့် မရတာ၊ ပျက်တာမျိုးတွေကြုံးဖူးပါလိမ့်မယ်။ ဒါ့အပြင် ပုံမှန်ဖွင့်ထားတဲ့ အနေအထားမှာ Windows စနစ်အနေနဲ့ အလွန်ရှုပ်ထွေးစွာ အလုပ်လုပ် နေရပါတယ်။ window ကို safe mode အနေ့နဲ့ ၀င်တဲ့အခါ စနစ်အတွက် အခြေခံ လိုအပ်တဲ့ ဖိုင်းနဲ့ Driver တွေကို သာ အသုံးပြုတဲ့အတွက် ကန့်သတ်မှု၊ ရှုပ်ထွေးမှုစတဲ့ကိစ္စတွေ အတော်လျော့နည်း သွားပါ တယ်။ ကျွန်တော်တို့က ဒါကို ၀ိတ်လျှော့တယ်လို့ ပြောပါတယ်။ အဲဒီအချိန်မှာ ကွန်ပျူတာ သမားတွေအနေနဲ့ ပြင်သင့်တာကို ပြင်ဆင်နိုင်ပါတယ်။ Safe Mode မှာ ဗိုင်းရပ်စလို ပြဿနာမျိုးကို ဖြေရှင်းရတာ ပုံမှန်ထက် ပိုပြီး အဆင်ပြေပါတယ်။ ကွန်ပျူတာမှာ ပြဿနာ ဒါမှ မဟုတ် ရှုပ်ထွေးမှုတွေ သိပ်များလာတဲ့အခါ window ဟာ အလိုလျောက် safe mode ကို ရောက်သွားတာမျိုးရှိတတ်ပါတယ်။

အဲဒါက window သည် ကွန်ပျူတာကို ကြိုတင်ကာကွယ်လိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီအခါ ကွန်ပျူတာကို Recovery လုပ်ခြင်းစတဲ့ ဖြေရှင်းမှုတွေကို ပြုလုပ်ပေးရပါမယ်။ နောက်တစ်ခု အနေနဲ့ အကြံပေးချင်တာက မလိုအပ်တဲ့ file တွေကို ရှင်းလင်းခြင်း၊ defrag ပြုလုပ်ခြင်း၊ ကော်ပီးဖိုင်များများ ကူးခြင်း တို့ကို safe Mode မှာ ၀င်လုပ်ကြည့်ပါ။ ပုံမှန်ထက် ထူးခြားမြန်ဆန်တာကို တွေ့ရမှာပါ။

Safe Mode ကို ၀င်ချင်ရင် ကွန်ပျူတာ စဖွင့်ဖွင့်ချင် F8 ကီးကို နှိပ်ပြီးဝင်ရပါမယ်။

လေးစားစွာဖြင့်....
အိုင်တီလမ်းညွှန်...IT-Guide..(N..L..H)

Powered by Blogger.