Windows 8 Performance ကောင်းအောင် လုပ်ဆောင်သင့်သော နည်းလမ်းများ


ကျွန်တော်တို့နိုင်ငံမှာ ကွန်ပျူတာအသုံးပြုသူအားရဲ့ ၉၀% လောက်ဟာ Windows Operating System ကို အသုံးပြုကြပါတယ်... ခေတ်နှင့်အညီလိုက်နိုင်ဖို့ သုံးနေတဲ့ Windows တွေကို ခေတ်ပေါ် ဗားရှင်းတွေ အဆင့်မြှင့်တင်ပြီး သုံးစွဲကြတာလည်း များ ပါတယ်.. ခုဆိုနောက်ဆုံးပေါ် Windows 8 ကိုသုံးစွဲနေကြပါပြီ.. ကျွန်တော် မောင် ပေါက်ကတော့ Windows XP Services Park 2 မှာပဲ တစ်ဝဲလည်လည် ဖြစ်နေတုန်း ပဲခင်ဗျ.. ဒါကလည်း အခြေအနေတစ်ခု အရပါ... တကယ်ဆို အနိမ့်ဆုံး Windows XP Services Park 3 ကိုသုံးစွဲသင့်နေပါပြီ.. ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်း ထွက်လာ တဲ့ Softwares တွေဟာ Windows XP Services Park 3 လောက်ကိုပဲ Compatible ဖြစ်အောင် ထွက်လာလို့ပါပဲ...

နောက်ဆုံးထွက်လာတဲ့ Windows 8 ဟာ ကျွန်တော်တို့ User တွေနဲ့ သိပ်အဆင်မပြေ သေးဘူး.. ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံမှာ License နဲ့ဝယ်သုံးတဲ့ ၀င်းဒိုးဆိုတာ 0.1% တောင်ရှိမယ်မထင်ဘူး.. အားလုံး Pirate တွေချည်းပဲ.. ဒါ့အပြင် ကိုယ် သုံးမယ့် Opera ting System, Software တွေနဲ့ ကိုယ့်မှာရှိတဲ့ Hardwares တွေ ကိုက် ညီမှု ရှိ/ မရှိ ဆို တာကို သိပ်အလေးမထားကြတော့ သုံးရတာ error တစ်မျိုးပြီး တစ်မျိုးတွေ့ နေရတာ ပါပဲ..
ကျွန်တော့်အနေနဲ့ သင်ဆရာ၊ မြင်ဆရာ၊ လေ့လာ ချက်များအရ Windows 8 Perform ance ကောင်းအောင် လုပ်ဆောင်သင့်သော နည်းလမ်းများ ကို အကြံပြု ဆွေးနွေး လို ပါတယ်...

အဆင့်(၁)
Windows တစ်ခု တင်တော့မယ်.. Softwares တစ်ခု Install လုပ်တော့မယ်ဆိုရင် ပ ထမဆုံး Hardware Requirement/ System Requirements ကို အရင်သိထားရမှာ ဖြစ်ပါတယ်..

Windows 8 အတွက် Hardware Requirement ကတော့-
• Processor: 1 gigahertz (GHz) or faster with support for PAE, NX, and SSE2
• RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit)
• Hard disk space: 16 GB (32-bit) or 20 GB (64-bit)
• Graphics card: Microsoft DirectX 9 graphics device with WDDM driver
ဖြစ်ပါတယ်.. ဒါ Microsoft က တရားဝင် ကြေငြာထားတာပါ.. တကယ်လို့များ ကိုယ့် ကွန်ပျူတာက CPU 800 MHz, RAM 512, Hard Disk Space 10 GB ပဲရှိတယ် ဆို ရင်တော့ အဆင်မပြေဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်..

အဆင့်(၂)

အဆင့်(၁) မှာဖေါ်ပြခဲ့တဲ့ Hardware လိုအပ်ချက်နဲ့ကိုက်ညီလို့ Windows 8 ကို Install လုပ်ပြီးပြီဆိုရင် System မှာ နည်းနည်း ပြင်ကြရအောင်.

PC ကို Refresh လုပ်ခြင်း
1. ကီးဘုတ်ပေါ်က Windows Key နဲ့ C ကိုတွဲနှိပ်လိုက်ပါ..
2. General ဆိုတဲ့ Tab ကိုနှိပ်ပြီးRefresh your PC without affecting your files ဆိုတာကိုရှာပါ.. အဲဒီမှာ Get Start ဆိုတဲ့ Button ကို နှိပ်လိုက်ပါ..
3. Next ကိုနှိပ်ပါ.
4. Ready to refresh your PC ဆိုတာပေါ်လာရင် Refresh ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ..
5. ကွန်ပျူတာက Restart ကျသွားပြီး ပြန်တက်လာပါလိမ့်မယ်.. နည်းနည်းတော့ ကြာနိုင်ပါတယ်... မလုပ်တတ်ရင် ဒီမှာ သွားကြည့်လိုက်ပါ...
Searching Feature ကို Turn Off လုပ်ခြင်း
1. My Computer ကို Right Click ထောက်ပြီး Manage ကိုနှိပ်ပါ
2. Computer Management အောက်က Services and Applications ကိုနှိပ်ပါ
3. Services and Applications ကိုထပ်ပြီး Double Click ခေါက်လိုက်ပါ...
4. Services Button ကိုနှိပ်ပြီး Stop ကိုနှိပ်လိုက်ပါ...
မလိုအပ်တဲ့ Visual Graphics Effects တွေကို Turn Off လုပ်ခြင်း
1. My Computer ကို Right Click ထောက်ပြီး Properties ကိုနှိပ်ပါ..
2. Advanced system settings ကိုနှိပ်ပါ..
3. Advanced ကိုနှိပ်ပြီး Settings ကိုနှိပ်ပါ
4. Box တစ်ခုထွက်လာတဲ့အခါ နောက်ဆုံး (၄)ခုကလွဲပြီး ကျန်တဲ့အကွက်တွေမှာ အမှန်ခြစ်တွေကို ဖြုတ်ပစ်လိုက်ပါ..
မလိုအပ်တဲ့ Programs နဲ့ Applications တွေကို Disable လုပ်ခြင်း
1. Start Button ကိုနှိပ်ပြီး Control Panel ကိုနှိပ်ပါ...
2. Programs and features ကိုနှိပ်ပြီး မလိုအပ်တဲ့ Program တွေကိုရွေးပြီး အမှန်ခြစ်ဖြုတ်ပါ...

Laptop တွေမှာ Battery Plan ကို ချိန်ညှိခြင်း
1. ညာဘက်အောက်ထောင့်နားက Battery Icon လေးကိုနှိပ်ပြီး More Perform ance ကိုနှိပ်ပါ...
2. High Performance ကိုနှိပ်ပြီး လိုအပ်သလို ချိန်ညှိပါ....
Softwares များကို အသုံးပြုခြင်း
1. Defragler တစ်မျိုးမျိုးသုံးပါ..
2. CCleaner လို Cleaner ဆော့ဖ်ဝဲတစ်မျိုးမျိုးသုံးပါ..
3. TuneUp Utilities, Glary Utilities, Advance System Care လိုမျိုး Utilities တစ်မျိုးမျိုးကို အသုံးပြုပါ... လိုအပ်ရင် ဒီမှာ ဒေါင်းနိုင်ပါတယ်..
4. Antivirus ကိုသုံးရင် System နဲ့ မတည့်တဲ့ဟာမျိုးကိုရှောင်ပါ. နှစ်မျိုးသုံးမျိုး မသုံးပါနှင့် ... တစ်မျိုးတည်းကိုပဲ Update လုပ်ပြီးသုံးပါ....

ဒါဆိုရင်တော့ မိတ်ဆွေတို့ရဲ့ Windows 8 သုံးထားတဲ့ ကွန်ပျူတာလေးဟာ သွက် လက်မြန်ဆန်ပြီး error ကင်းကင်းနဲ့ မိတ်ဆွေတို့ ခိုင်းသမျကို ကောင်းကောင်းမွန်မွန် အလုပ်လုပ်ပေပါလိမ့်မယ်...

ကျွမ်းကျင်သူများအနေနဲ့ Comment မှာ လိုအပ်ချက်တွေကို ထပ်မံဖြည့်စွက် အကြံပေး ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်....

http://thantoeaung.blogspot.in မှကူယူဖော်ပြလိုက်ပါသည်။
Powered by Blogger.