အမျိုးသားများဘက်မှ သန္ဓေတားဆီးနိုင်မယ့် သုတ်ရည် ပိတ်ဆို့ထိန်းသိမ်း ကိရိယာ


ဆေးလုံး၊ အဖာအစပ်၊ ထုံးချည်ခြင်း၊ ခန္ဓာကိုယ်အတွင်း ထည့်သွင်းပစ္စည်း၊ သားအိမ်နဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာစတဲ့ နည်းလမ်းတွေဟာ သန္ဓေတားနည်းများ ရွေးချယ်မှုပြုလုပ်ရာမှာ မတွေးဝံ့စရာ စိတ်သောက ရောက်စေတတ်ပါတယ်။ အားလုံးက ဘေးထွက်ဆိုးကျိုးများနဲ့ မကင်းဘဲ၊ ငွေကုန်ကြေးကျဖြစ်စေကာ ပြောသလောက်တောင် မထိရောက် ဖြစ်တတ်ပါတယ်။ ကွန်ဒုံးတွေကို စုံအောင် မသုံးခင် လူများများစားစား မသိသေးတဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ အမျိုးသား သန္ဓေတားဆေး ပါ။ ဂျာမန်အမျိုးသားတစ်ဦးက ဒီထိုးထွင်းဥာဏ်ပါတဲ့ ဖြေရှင်းချက်တစ်ခုကို စိတ်ကူးအကြံ ရရှိခဲ့တာဖြစ်ပါတယ်။

Clemens Bimek က လက်သမားတစ်ယောက် ဖြစ်ပြီး တောက်တိုမည်ရ ပြင်တတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲဒီအချက်ကြောင့်လည်း သူဟာ အမျိုးသားသုတ်ထွက်လာခြင်းကို အဆို့ရှင်တစ်ခု အသုံးပြုပြီး ဟန့်တားဖို့ တွေးတောကြံဆမှု ရရှိခဲ့တာဖြစ် နိုင်ပါတယ်။ စမ်းသပ်မှုနဲ့ မအောင်မြင် ရှုံးနိမ့်မှုတွေ ကြုံတွေ့ခဲ့တဲ့ အချိန်ကာလက နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် ကျန်းမာရေး ဆရာဝန်တချို့ရဲ့ ပါဝင်ကူညီမှုကြောင့် သူ့ရဲ့ သိပ္ပံဘာသာရပ်ဆိုင်ရာ စိတ်ကူးကြံဆမှုက လက်တွေ့ ဖြစ်လာခဲ့ပါတယ်။

အခုချိန်မှာတော့ ဝတ်မှုန်ကူး မျိုးအောင်ခြင်းကို ခလုတ်တစ်ချက်နဲ့ တားဆီးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီကိရိယာ အဆို့ရှင်လေးက ကပ္ပယ်အိမ်ကနေ သုတ်ရည်ကို သယ်လာပေးတဲ့ ပြွန် vas deferens နှစ်ခုလုံးမှာ ထည့်သွင်းထားခြင်းဖြင့် အကျိုးပြုပေးသွားမှာ ဖြစ်ပါတယ်။ ၁ အောင်စရဲ့ ဆယ်ပုံတစ်ပုံ အလေးချိန်မရှိဘဲ ပဲစေ့ခန့် အရွယ်အစားသာရှိတဲ့ ယင်းကိရိယာကို အပြင်လူနာခွဲစိတ်ခန်းတစ်ခုမှာ ထည့်သွင်းစမ်းသပ်ခဲ့ပါတယ်။ နောက်ပြီး အစေ့အရေပြားအောက်က ခလုတ်ကို နှိပ်ခြင်းဖြင့် အဖွင့်အပိတ် လုပ်နိုင်ပြီး ယာယီ မျိုးမအောင်အောင် လုပ်ပေးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကိရိယာက စမ်းသပ်အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဒီနှစ်ကုန်ပိုင်းမှာ လူနဲ့ ပထမဦးဆုံးစမ်းသပ်မှုအဖြစ် အမျိုးသား ၂၅ ယောက်မှာ ထည့်သွင်းတပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ အလုပ်ဖြစ်မယ်လို့ မျှော်လင့်နေကြပါတယ်။ 

Source : Trend Myanmar
Powered by Blogger.