အမျိုးသမီးတိုင်း သိရမယ့် အသားအရေ ထိန်းသိမ်းနည်းများ


အမျိုးသမီးတွေရဲ့ အသားရေဟာ နှစ်တွေကြာတာနဲ့အမျှ ပြောင်းလဲမှုတွေ ရင်ဆိုင်ရပါတယ်။ မိတ်ကပ်နဲ့ အလှကုန်ပစ္စည်းတွေ လွန်ကဲစွာ အသုံးပြုခြင်းဖြင့် အသားရေခြောက်သွေ့ခြင်း၊ ကျုံ့ဆန့်နိုင်မှု သတ္တိကုန်ဆုံးခြင်း၊ အရောင်မွဲခြောက်ခြင်းနဲ့ တခြားပြသနာများစွာ ကြုံရပါတယ်။ ဒါပေမယ့် အဲ့ဒီပြသနာတွေအတွက် အကူအညီက လက်တစ်ကမ်းမှာ ရှိနေပါတယ်။
·         ဆယ်ကျော်သက်အရွယ်မှ မဟုတ်တာလို့သာ သဘောမထားပါနဲ့။ အဲ့ဒီ တင်းတိတ်၊ ဝက်ခြံတွေပြသနာတွေ အပြီးပိုင် ရှင်းပစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး ဝက်ခြံတို့က အလွန်ပျံ့နှံ့ပြီး မိမိယူဆထားတာထက် အဖြစ်ပိုများ ပါတယ်။ ညှစ်ထုတ်လို့ အခန့်မသင့်ဖြစ်ရင် အရေပြားအထူးကုဆရာဆီ သွားတာ အကောင်းဆုံးပါ။ ဒါပေမယ့် ဝက်ခြံ ဖြစ်လာရင် ခြောက်သွေ့စေမယ့် ဆေးစွက်ထားတဲ့ ဂျယ်လ်နဲ့ ဖျက်ဆီးလိုက်ပါ။ ဒါမှမဟုတ် အခြေအနေအရမ်းဆိုးနေပါက ဝက်ခြံပေါ် သွားတိုက်ဆေးနဲ့ တစ်ည တို့လိမ်းထားပေးလိုက်ပြီး ခြောက်မခြောက် မနက် အခြေအနေ ကြည့်ပါ။
·         ညမအိပ်ခင် တံတောင်ဆစ်နဲ့ ခြေဖနှောင့်မှာ ရေနံဂျယ်လီ အသုံးပြုပေးပါ။ ခြေဖနှောင့် နူးညံ့ပျော့ပျောင်းစေပြီး တံတောင်ဆစ်က အမည်းကွက်တွေ ပျောက်ကာ ဝင်းလက်စေပါလိမ့်မယ်။
·         ဓာတုပစ္စည်းပါဝင်တဲ့ မျက်နှာသစ်ဆေးတွေ သုံးမယ့်အစား သကြားနဲ့ ပျားရည်ဖြင့် ကိုယ့်ဘာသာလုပ်ထားတဲ့ဟာလေး အသုံးပြုပါ။ ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းယူပြီး သကြား ထမင်းစားဇွန်း (၂) ဇွန်းနဲ့ ရောစပ်ပါ။ ဒါကို သဘာဝ မျက်နှာချွတ်ဆေးအဖြစ် တစ်ပတ် တစ်ကြိမ် အသုံးပြုပါ။
·         တစ်ရက် (၂) ကြိမ် မျက်နှာ သစ်တဲ့အကျင့် လုပ်ပေးပါ။ အကြိမ်ကြိမ်သစ်ပေးတာ အသားရေစိုပြေမှုနဲ့ အဆီတွေ ဖယ်ရှားကာ ခြောက်သွေ့စေပြီး အလွှာလိုက်ကွာမှုတွေ ဖြစ်တတ်ပါတယ်။
·         အသားရေ သန့်ရှင်းစေဖို့ ကလေးသုံး လိုးရှင်း နေ့စဉ် အသုံးပြုပါ။ မျက်နှာအတွက် ညင်ညင်သာသာရှိပြီး မျက်နှာကို နူးညံ့ပျော့ပျောင်းစေပါလိမ့်မယ်။ 
Ref: TOI 
Powered by Blogger.