ဝိဇ္ဇာ ၅-မျိုး-



လယ်တီဆရာတော် စီရင်တော်မူသော ၀ိဇ္ဇာမဂ္ဂဒီပနီကျမ်း၌
ဝိဇ္ဇာ ၅-မျိုးကို အောက်ပါအတိုင်း ပြဆိုထားသည်။

၁။ ဝေဒ၀ိဇ္ဇာ။
၂။ မန္တ၀ိဇ္ဇာ။
၃။ ဂန္ဓာရီဝိဇ္ဇာ။
၎။ လောကီယ၀ိဇ္ဇာ။
၅။ အရိယာဝိဇ္ဇာ ဟူ၍ ဖြစ်သည်။

(၁) ဝေဒ၀ိဇ္ဇာ...
သာမဗေဒင်၊ ယဇုဗေဒင်၊ ဣရုဗေဒင် အထဗ္ဗနဗေဒင် ဟူသော ဗေဒင်လေးမျိုး သည် ဝေဒ၀ိဇ္ဇာမည်၏။

(၂) မန္တ၀ိဇ္ဇာ...
အမျိုးမျိုးသော လက္ခဏာကျမ်း အမျိုးမျိုးသော နက္ခတ်ကျမ်း၊ အမျိုးမျိုးသောဂါထာ
မန္တရားကျမ်း၊ အမျိုးမျိုးသောနိမိတ်ကျမ်း၊ အမျိုးမျိုးသောဆေးကျမ်း အမျိုးမျိုးသော ဓာတ်ကျမ်း အစရှိသော လောကီပညာဟူ၍ခေါ်ဝေါ်ကြသော အတတ်ပညာမျိုး ဟူသမျှသည် မန္တ၀ိဇ္ဇာမည်၏။

(၃) ဂန္ဓာရီဝိဇ္ဇာ...
ဆေးဝိဇ္ဇာ၊ အင်းဝဇ္ဇာ၊ ပြဒါးဝဇ္ဇာ၊ သံဝိဇ္ဇာဟူ၍ ၀ိဇ္ဇဓရကျမ်း၌လာသော ဓနသိဒ္ဓိ၊ ပထ၀ီသိဒ္ဓိ၊ ဥဒကသိဒ္ဓိ၊ အာကသသိဒ္ဓိ၊ အာယုသိဒ္ဓိ၊ စိန္တာမယသိဒ္ဓိသို့ပေါက်ရောက် သဖြင့် နတ် သိကြားတို့၏ တန်ခိုး၊ အသိဉာဏ်တန်ခိုးတို့နှင့် အလားတူ တတ်စွမ်း နိုင်သော ၀ိဇ္ဇာမျိုးဟူသမျှသည် ဂန္ဓာရီဝိဇ္ဇာမည်၏။

(၄) လောကီယ၀ိဇ္ဇာ...
လောကီယ၀ိဇ္ဇာဆိုသည်ကား သာသနာပအခါ၌ သရဘဂ်၊ သုနေတ္တ၊ အရက အစရှိသော ရသေ့ဆရာကြီးတို့သည် ကသိုဏ်းဈာန်တို့ကိုရပြီး နိုင်နင်းပြီးနောက် အားထုတ်၍ရသော ဣဒ္ဓိ၀ိဓ အဘိညာ၊ ဒိဗ္ဗစက္ခု အဘိညာ၊ ဒိဗ္ဗသောတ အဘိညာ၊ စေတောပရိယ အဘိညာ၊ ပုဗေနိဝါသ အဘိညာ၊ ယထာကမ္ဗုပဂ အဘိညာ၊ အနာဂတသ အဘိညာဟူသော ၀ိဇ္ဇာတို့ကိုဆိုသည်။

(၅) အရိယ၀ိဇ္ဇာ...
အရိယ၀ိဇ္ဇာဆိုသည်ကား အနိစ္စ၀ိဇ္ဇာ၊ ဒုက္ခ၀ိဇ္ဇာ၊ အနတ္တ၀ိဇ္ဇာ၊ မဂ္ဂ၀ိဇ္ဇာ၊ ဖလ၀ိဇ္ဇာ တို့ကိုဆိုလိုသည်။ စတုသစ္စာဉာဏ်လေးပါးကို ဆိုလိုသည်။

ဤအရိယ၀ိဇ္ဇာတို့ကား သာသနာတော်အတွင်း၌သာ ထမြောက်ပေါက်ရောက် အောင် ကြံဆောင်နိုင်သည်။ သာသနာပအခါသည်ကား ပစ္စေကဗုဒ္ဓ အရှင်မြတ် တို့ကိုချန်ထား၍ တစ်ပါးသော လူနတ်ဗြဟ္မာတို့ ထမြောက်ပေါက်ရောက်အောင် ကြံဆောင်နိုင်ခွင့်မရှိချေ။
Powered by Blogger.