အရေးပေါ် အခြေအနေအတွက် ပြင်ဆင်ထားသင့်တဲ့ အစားအစာ ရိက္ခာ ၁၀ မျိုးကို သင်သိပါသလား

ရဘေး ၊ မီးဘေး ၊ စစ်ဘေး ၊ မုန်တိုင်း ငလျင် စသော သဘာဝ ဘေးအန္တရာယ်များ ၊ အစာရှားပါးမှု လျှပ်စစ်မီးပြတ်တောက်မှု စသည့် မည်သည့် အခြေအနေတွင်မဆို အသက်ရှင်နိုင်ဖို့ အစာရေစာ လိုအပ်ပါတယ် ။

ရေ ၊ ရိက္ခာ ကြာရှည်စွာ ပြတ်လတ်နိုင်သည့် အခြေအနေဆိုးများကို မကြုံတွေ့ နိုင်ဟု တထစ်ချ ယုံကြည်ထားလို့မရပေ ။  မိသားစုတိုင်းမှာ အရေးပေါ် ပြတ်လပ်မှုအတွက် ကြိုတင် ပြင်ဆင်ထားသင့်တဲ့ အစားအစာတွေ ရှိပါတယ် ။ ရေဘေး ၊ မီးဘေး  ၊ စစ်ဘေး  ၊ မုန်တိုင်း ငလျင် စသော သဘာဝ ဘေးအန္တရာယ်များ ၊  အစာရှားပါးမှု   လျှပ်စစ်မီးပြတ်တောက်မှု စသည့် မည်သည့် အခြေအနေတွင်မဆို အသက်ရှင်နိုင်ဖို့  အစာရေစာ လိုအပ်ပါတယ် ။ MRE  ( meals ready to eat )လို့ခေါ်တဲ့  အသင့်စား  ထုပ်ပိုးထားသော အစာများနှင့် ၊ သောက်ရေများ ပြင်ဆင်ထားသင့်သော်လည်း ရှည်ကြာခံတဲ့ ရိက္ခာခြောက်တွေက သင့်အတွက် ပိုမို သင့်တော်ပါတယ် ။ ကဲ အသုံးဝင်စေတဲ့ အစားအစာ ရိက္ခာတွေက ဘာတွေ ဖြစ်မလည်း  ?

ဆန် ၊ ဂျုံပြောင်း

ဆန်လို့ ပြောလျင်  အဖြူဖြစ်စေ အညို ဖြစ်စေ မည်သည့်ဆန် အမျိုးအစား မဆို ဖြစ်နိုင်ပါတယ် ။ ဂျုံပြောင်းတွေလည်း အပါအ၀င် ဖြစ်ပါတယ် ။ ၄င်းက ကြာရှည်စွာ အထားခံသည့် အပြင် ကျန်းမာရေးအတွက် အဟာရကို  ဖြည့်စွမ်းပေးနိုင်ပါတယ် ။ လေ့လာမှုအရ  အဖြူရောင်ဆန်များသည် နှစ်ပေါင်း သုံးဆယ်ခံသည် ဆိုသည့် တွေ့ရှိချက်က အလွန် အံ့သြဖွယ်ရာ ဖြစ်ပါတယ် ။  အောက်စီဂျင်မရှိသော ကွန်တိန်နာထဲတွင်ပင် အပူချိန် ၄၀ ဒီဂရီ ဖာရင်ဟိုက်ဖြင့် နှစ်ပေါင်းများစွာ သိုလှောင်ထားနိုင်ပါသည် ။။
ယခုကဲ့သို့သော ပို့စ်များကို သင့်ဖုန်းမှနေ၍ အလွယ်တကူ ဖတ်နိုင်ရန် MyanmarPortal ရဲ. Andriod App ကို PCloud ကနေ ရယူပြီး သင့်ဖုန်းထဲမှာ ထည့်ထားလိုက်ပါ။ >>APP DOWNLOAD HERE <<

ဆားများ

အစားအသောက် အားလုံးနီးပါးကို မပုပ်မသိုးအောင် ကြာရှည် ထိန်းသိမ်းထားနိုင်သည့်အပြင်  ကျန်းမာဖို့ အလွန်အရေးပါးတဲ့ စားသောက်ကုန်ဖြစ်ပါသည် ။ အိုင်အိုဒင်းဓါတ်ပါဝင်သော ဆားတွေကို သိုလှောင်ထားနိုင်သည့်ကာလမှာ ငါးနှစ်ဖြစ်ပါသည် ။

ပဲချဉ်ရည်

ပဲသည် အဟာရများစွာပေးစွမ်းနိုင်ပါသည် ။ ပဲကို ရှည်ကြာခံအောင် ချဉ်ရည်ဖောက်ပြီး သိုလှောင်ထားနိုင်ပါသည် ။ပါဝင်သည့် ပစ္စည်းပေါ်မူတည်ပြီး အထားခံပါသည် ။ ပဲငံပြာရည် ကို ဖွင့်ဖောက်ထားစေကာမူ  ရေခဲသေတ္တာထဲ အေးနေစေလျှင်ပင် နှစ်ပေါင်းများစွာ ခံပါသည် ။

သကြား

စိုစွတ်မှုမရှိစေရန် သတိထား ထိန်းသိမ်းသင့်ပါသည် ။ သကြားသည်လည်း အခြေခံ စားသုံးကုန်ဖြစ်သောကြောင့် သာမက ကိုယ်ခန္ဓာအတွက် မရှိ မဖြစ် အရေးကြီးပါသည် ။ စိုထိုင်းစ နည်းနိုင်သမျှ နည်းအောင် သိုလှောင်ထားသင့်ပါသည် ။

ပဲခြောက်

ခြောက်သွေ့သော ပဲအမျိုးအစား များသည် အရေးကြီးသော သိုလှောင်ထားသင့်သည့် အစားအစာဖြစ်ပါတယ် ။ လေ့လာချက်များအရ  ရေနူးအောင်စိမ်ပြီး ကျက်အောင်ချက်ပြုတ်ကာ အခြောက်လုပ်ထားသော ပဲပြားများ ပဲစေ့များသည် ဆယ်စုနှစ် သုံးခုကြာအောင် အထားခံနိုင်ကြောင်း တွေ့ရှိရသည် ။ ရှေးယခင်းက ပဲပိစပ်များကို နူးအောင် ရေစိမ်ထုထောင်း ပြု့ပင်ပြီး ဦးထုတ်များ အဖြစ် ရိက္ခာခြောက်ပြုလုပ်ကာ  စစ်ပွဲချီရာတွင် စားသောက် ယူဆောင်ကြကြောင်း တွေ့ရှိရသည် ။  ကဲ မည်သည့် အခြေအနေကြုံ စေဦးတော့  အစားအသောက် ပြတ်လတ်ပြီး သေမည်ကို စောင့်ဆိုင်းနေရန်မလို ။

သကြားပင်မျိုးမှ ရသော အရည်

မြေကြီးပေါ်တွင် ရှိသည့် မည်သည့် အပင်မျိုးမဆို တစ်နည်းဖြင့်တော့ အကျိုးရှိစေတာပင် ။ သကြားပင်မှ  ပြုပြင် ထုတ်လုပ်သော အရည်များမှာ  မျက်စိဖြင့် မမြင်ရသော  ပိုးမွှားများ ပေါက်ဖွားကာ  အစားအသောက်များ ပျက်စီးခြင်းမှ ကာကွယ်တွန်းလှန်နိုင်သော ကြောင့် ဆောင်ထားသင့်ပါသည် ။

နို့မှုန့်

မွှေးပျံ့သော နို့စိမ်းနှင့် စာလျှင် အရသာ မရှိစေကာမူ  ဤစားသုံးကုန်သည် အလွန်အရေးပါသော ကုန်ပစ္စည်းဖြစ်သည် ။ အရေးပေါ် အအြေနေ ဖြစ်လာလျင်မူ အရသာသည် အဓိက မဟုတ်ကြောင်း နားလည် လက်ခံရပါလိမ့်မည် ။

ခပ်ပြင်းပြင်း ဖျော်ရည်များ

ခန္ဓာကိုယ်အတွက် အရည်ဓာတ်အပြင် ကြာရှည်ခံနိုင်သောကြောင့်  ဖျော်ရည်များသည် သင့်အတွက် အရေးကြီးသော သိုလှောင်သင့်သည့် ပစ္စည်းဖြစ်ပါသည် ။

အမဲခြောက်

အမဲခြောက်ချောင်း ၊ အမဲခြောက်မှုန့်များ  ဘယ်ရီမှုန့်နှင့် ရောနှောပြုပြင်ထားသော အမဲထုတ်ကုန်များသည်  အသားစိမ်း ၊ ပြုတ်ခြင်း နှင့် ကြော်လှော်နေစရာ မလိုပဲ စားသုံးနိုင်ပြီး အရသာ အဟာရလည်းရှိသောကြောင့် သိုလှောင်ထားသင့်ပါသည် ။

 Ref : popsugar.com
Powered by Blogger.