မျက်ဝန်းမျက်ဆံ ကြီးသူများအတွက် မှန်မှန်ကန်ကန် မိတ်ကပ်ပြင်ဆင်ရေး အကြံပြုချက်များ


အခုအချိန်မှာ မှန်မှန်ကန်ကန် မိတ်ကပ်ပြင်ဆင်ရေး အကြံပြုချက်တွေနဲ့ မျက်ဝန်း ကြီးပိုင်ရှင်တွေဟာ သူတို့ရဲ့မျက်ဝန်းတွေကို လှလှပပ အလှဆင်နိုင်ကြပါပြီ။ မျက်ဝန်းကြီးသူတွေအတွက် မိတ်ကပ်  အလှပြင်ဆင်ရာမှာ အဓိထားသုံးရမှာကတော့ မီးခိုးရောင်၊ nude ဒါမှမဟုတ် မိုခါးကော်ဖီရောင်လိုမျိုး သဘာဝအရောင်များဖြစ်တဲ့ အိုင်းရှဲဒိုးတွေကို သုံးရပါမယ်။ မျက်ဝန်းအိမ်ကို ပိုမိုကြီးပုံပေါ်စေတဲ့ ပန်းရောင်၊ ခရမ်းရောင်၊ ဒါမှမဟုတ် အဝါရောင်အပြင် မီးခိုးရောင် အိုင်းရှဲဒိုးတွေကို မသုံးမိ ပါစေနဲ့။ အလှဆင်ရာမှာ လိုက်နာဆောင်ရွက်ရမဲ့ နည်းလမ်း ၈ မျိုးမှာ -
 
အဆင့် ၁
 
မျက်ခွံနှစ်ဖက်စလုံးရှိ အိုင်းရှဲဒိုးတွေကို ပါးပါးလိမ်းခြယ်ပြီး အညိုရောင်အိုင်းရှဲဒိုးအရောင်ကို မျက်ခွံပေါ်မှာ အနေတော်ရောစပ် ဆိုးလိုက်ပါ။ 
 
အဆင် ၂
 
မျက်လုံးပုံထောင့်ကို အညိုနက်ရောင် အိုင်းရှဲဒိုး(dark brown eyeshadow) ထပ်မံသုံးပြီး အလှဆင်ပါ။ 
 
အဆင့် ၃
 
မျက်လုံးပုံရဲ့အစွန်ဆုံးအရောင်ကို liquid eyeliner နှင့် ခြယ်သပါ။
 
အဆင့် ၎
 
မျက်လုံးပိုမိုတောက်ပ လင်းလက်စေဖို့အတွက် မျက်လုံးအောက်ဘက်မှာ eyeliner ခြယ်သပါ။
 
အဆင့် ၅
 
သဘာဝကဲ့သို့ ဆန်းသစ်တဲ့အရောင်ကို ရရှိရန်အတွက် နှင်းဆီပန်းရောင်ကို ခပ်ထူထူ ခြယ်သပါ။ 
 
အဆင့် ၆
 
မျက်လုံးပုံအရွယ်အစား သိပ်မကြီးစေဖို့အတွက် မျက်လုံးအပြင်ဘက်ကို eyeliner ခပ်ပါးပါး ခြယ်သပြီး အပေါ်ဘက်သို့ ဆက်လက်ခြယ်သပါ။ 
 
အဆင့် ၇
 
မိတ်ကပ်ခြယ်သမှုလေး ချက်ချင်းသက်ဝင်လှပလာစေဖို့အတွက် ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းနီထောင့်နှင့် အဆုံးသတ်ခြယ်သပါ။ 
 
အဆင့် ၈
 
ဆံထုံးတစ်ဖက်ထုံးခြင်း၊ ဆံပင်ကျစ်ခြင်း၊ ကျစ်ဆံမြီးကျစ်ခြင်းတွေက လှပကျော့ရှင်းတဲ့အလှအပကို ဖြစ်ပေါ်စေပါတယ်။ 
 
Ref:articlesofhealthcare
Powered by Blogger.