နားထဲသို့..ရေ၀င်ပြီးပြန်မထွက်ခဲ့ရင်..

နားထဲသို့..ရေ၀င်ပြီးပြန်မထွက်ခဲ့ရင်...
====================

သင်္ကြန်ရေကစားရင်းနားထဲရေ၀င်သွားခဲ့ရာက..
အကြိမ်ကြိမ်ခုန်ပေါက်ပေးခြင်း ၊
နားကိုစောင်းပြီးအိပ်ခြင်း၊ များမျိုးစုံဖြင့်
ကြိုးစားသော်လည်းရေပြန်မထွက်သဖြငိ့
နားတစ်ဖက်လေးသွားဖူးသည်ဟုဆိုသည် ။ ၊ ။
.
★ မျက်စိမှာ - - - ရေ
★ နားမှာ - - - ဆီ
★ ဒန္တီမှာ - - - ဆား
★ ၀မ်းမှာ - - - ခါးဆိုသည့်အတိုင်း
နားအတွင်းတစ်စုံတစ်ခုဝင်လျှင်
ဆီထည့်ပေးရပါသည်။
.
စာရေးသူကိုယ်တိုင်
သင်္ကြန်တွင်းရေပူပေါင်းကြောင့်
ညာဘက်နားထင်ထိပြီး..နားထဲရေ၀င်ကာ
နားအုံရောင်ပြီး.နားကိုက်ခဲ့သည်။
.
မိတ်ဆွေတစ်ဦး၏နည်းလမ်းအတိုင်း...
-- - - - - - -- - - - - - - - - - -
မုန်ညင်းဆီစစ်စစ်..သို့
နှမ်းဆီစစ်စစ်ကိုသုံးပါ ။
.
ကြေးဇွန်းတစ်ချောင်းတွင်
ဆီတစိဇွန်းခန့်ခပ်ပါ...။
.
အောက်ခြေမှဖယောင်းတိုင်မီးဖြင့်အပူပေးပါ။
တမိနစ်အတွင်းဆီများဆူပွက်လာပါမည်။
ပူနေသောဆီကိုအအေးခံပြီး..ခပ်နွေးနွေး
အနေအထားတွငိ
နားအတွင်းသို့လောင်းထည့်ပါ...။
.
ခဏကြာရင်..ပြန်စောင်းပြီးနားထဲမှဆီ
ပြန်ထွက်အောင်ပြုလုပ်ပါ..။
.
ဝင်သွားသည့်ရေမှာဆီနှင့်အတူရောပြီး
.ပြန်ထွက်လာပါသည်..။
.
မသက်သာသေးပါက ..
တစ်နေ့နှစ်ကြိမ်အထက်ပါအတိုင်းပြုလုပ်ပါ ။
.
စာရေးသူကတော့
တနေ့ ၃ ကြိမ်..၃ ရက်ဆက်တိုက်
ပြုလုပ်သောအခါ - - - -
နားအတွင်းမှရေများအပြင်. .. . . .
.ရေပူပေါင်းမှ ရာဘာအစလေးပါထွက်
ကျလာပြီး သက်သာသွားခဲ့ပါသည် ။ ၊ ။
...
နားထဲကိုတစုံတခုဝင်ပါက..
နားကြပ်တောင်
နားဖာကလော်များဖြငိ့မကလိသင့်ပါ..။
.
နဖာချေးခြောက် ၊ ပြင်ပမှဖုန် ၊ ဂွမ်း ၊
ပလက်စတစ်အစငယ်များ
အတွင်းနားထိဝင်ခဲ့ပါက - - - - .
ရာသက်ပန်နားလေးသွားနိုင်ပါကြောင်း
ဗဟုသုတအဖြစ်တင်ပြလိုက်ရပါသည်။
.
ကိုးကား...ကြည်လွင်မြင့်(မုဒြာ)
Powered by Blogger.