လက်မထပ်ခင်လိင်ကိစ္စကျူးလွန်မိရင် ဖြစ်လာနိုင်တဲ့ဆိုးကျိုး(၇)မျိုး

(၁) လိင်ကိစ္စကို စောစီးစွာကျူးလွန်မိပြီး အကြောင်းအမျိုးမျိုးကြောင့် လက်မတွဲဖြစ်တဲ့အခါ အလွန်ရှက်စရာကောင်းခြင်း၊ ဒါကလည်း အခုခေတ်မှာ တော်တော်များများ ကြုံတွေ့နေရပြီး လက်မထပ်ရသေးသူတွေအဖို့ ဆင်ခြင်ဖို့ သင့်ပါတယ်။ (၂) လူငယ်တွေအတွက် ပုဂ္ဂိုလ်ရေး၊ လူနေမှုဘ၀၊ ပညာရေး- နှောင့်နှေးသေးသိမ်ရခြင်း၊ ဒီကိစ္စကလည်း အမှန်တကယ် လူငယ်တစ်ယောက်ရဲ့ တက်လမ်းကို အနှောက်အယှက်ပေးပါတယ်။ ဥပမာ ပြောရရင် တက္ကသိုလ်ဒုတိယနှစ်လောက် မဆင်မခြင်နေမိလို့ ကိုယ်ဝန်တွေဘာတွေ ရှိလာတဲ့အခါ။ နှစ်ယောက်သား မယူမဖြစ် ယူလိုက်ရပြီး ကျောင်းထွက်လိုက်ရတာမျိုးတွေလည်း ရှိပါတယ်။ (၃) အမျိုးသမီးတော်တော်များများဟာ လက်မထပ်ခင် လိင်ကိစ္စပြုမူလိုမှု မရှိခြင်း၊ မနှစ်သက်ခြင်း၊ အမျိုးသမီးတွေ တော်တော်များများဟာ ဒီကိစ္စကို လက်မထပ်ရသေးဘဲနဲ့ စိတ်ပါခဲပါတယ်။ လိုက်လျှောမိရင်တောင် ချစ်လို့ လိုက်လျှောမိတာ-ဆိုတာမျိုးပေါ့။ (၄) အပျိုစင်/လူပျိုစင်ဘ၀ဆိုတာ အိမ်ထောင်မကျခင်မှာ အကြီးမားဆုံး ဂုဏ်ပုဒ်၊ အိမ်ထောင်မကျခင်မှာ ကိုယ့်ရဲ့ အပျိုလူပျိုဘ၀ကို စောင့်ထိန်းနိုင်ခြင်းဟာ မျိုးရိုးအရရော ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာအရပါ ဂုဏ်ယူစရာ ကိစ္စရပ်ဖြစ်ပါတယ်။ (၅) အရွယ်မရောက်ခင် လိင်မှုကိစ္စပြုခြင်းဟာ သားအိမ်ခေါင်းကင်ဆာကို ရာခိုင်နှုန်း 20 % အထိရှိခြင်းနှင့် နောင်တစ်ချိန်မှာ မျိုးရိုးဗီဇမအောင်မြင်ခြင်း အန္တရာယ်လည်း ရှိခြင်း၊ (၆) အချို့သားအိမ်ခေါင်းကင်ဆာသည် နှစ်ပေါင်းများစွာ ရောဂါလက္ခဏာမပြဘဲ နေတတ်ပြီး အဆိုပါရောဂါကြောင့် မျိုးသုဉ်းခြင်း၊ (၇) အသက်မပြည့်သေးရင် ကြီးလေးသော ထောင်ဒဏ်သင့်နိုင်ခြင်း၊ တို့ ဖြစ်ပါတယ်။
 source : unification.net
 
Powered by Blogger.