ဝက်ခြံအမာရွတ်တွေ လွယ်ကူစွာ ဖယ်ရှားမယ်


ဝက်ခြံထွက်ပြီးသွားတဲ့အခါ ပိုဆိုးတာတစ်ခုက ကျန်ရစ်တဲ့ အမာရွတ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအမာရွတ်တွေ ဖယ်ရှားကုသဖို့ သဘာဝနည်းလမ်းတွေ ရှိပါတယ်။
·         သံပုယိုရည်က သဘာဝအသားဖြူဖွေးစေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီအမည်းစက်တွေ ဝင်းလက်လာစေဖို့ မျက်နှာမှာ နေ့တိုင်းလိမ်းပေးပါ။ လိမ်းထားပြီးရင် နေပူထဲ တန်းမထွက်မိဖို့ သတိပြု ရှောင်ရှားရပါမယ်။
·         ပျားရည်ကလည်း နောက်အသားရေ ဝင်းလက်စေတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူ့ကိုတော့ ညမှာ လိမ်းပြီး မနက် ရေနွေးနွေးလေးနဲ့ မျက်နှာကို ဆေးချပေးရမှာ ဖြစ်ပါတယ်။ အရေပြား ခြစ်မိခြင်း သို့မဟုတ် ရှရာတွေ ရှိပါက ပျားရည်ကို ရှောင်ပါ။ ပူလောင်ကျိန်းစပ်မှု ဖြစ်စေတတ်လို့ ဖြစ်ပါတယ်။
·         ရှားစောင်းလက်ပတ်က အမာရွတ်တွေ ဖယ်ရှားကုသပေးရုံတင်မက ပျက်စီးသွားတဲ့ အရေပြားတစ်သျှူးများပါ လျင်မြန်စွာ ပြန်လည်ဖြစ်ပွားစေပါတယ်။ တစ်နေ့ (၂) ကြိမ်လိမ်းပြီး ရေနွေးနဲ့ မျက်နှာဆေးကြော သန့်စင်ပေးပါ။ 
Ref: Indiatimes 
Powered by Blogger.