ချွေးပေါက်တွေ မကျယ်အောင်

 ချွေးပေါက်ပိတ်ခြင်းနဲ့ ဝက်ခြံမကြာခဏ ထွက်ခြင်းတို့က အမျိုးသမီးတွေအတွက်တော့ စိုးရိမ်မှုတွေ ဖြစ်စေနိုင်တဲ့ အချက်တွေထဲက တစ်ခုပါပဲ။ ချွေးပေါက်ကျယ်ခြင်းက အမျိုးသားရော အမျိုးသမီးများမှာပါ ဖြစ်နေကျ ပြသနာတစ်ခု ဖြစ်ပါတယ်။ ဒါတွေက အသားရေကြည်လင်ခြင်းအတွက် အဟန့်အတားတစ်ခုဆိုရင်လည်း မမှားဘူး မဟုတ်ပါလား။ ဒါ့ကြောင့် ချွေးပေါက်ကျယ်တဲ့သူတွေ လုပ်ဆောင်ပေးရမယ့် အရာ (၃)ခုကို ပြောပြပေးချင်ပါတယ်။
ချွေးပေါက်ကျဉ်းစေမယ့်နည်းလမ်းတွေက
·         Alcohol ၊ acids သို့မဟုတ် peroxides တွေပါဝင်သော ပြင်းထန်တဲ့ ဝက်ခြံဆေးတွေ မသုံးပါနဲ့။ ဒါတွေက ချွေးပေါက်တွေ ပိုကျယ်စေပါလိမ့်မယ်။
·         သကြားသုံးတိုက်ချွတ်ဆေးနည်းကို အပတ်စဉ် သုံးပေးပါ။ အရေပြားဆဲလ်သေတွေ ဖယ်ရှားပြီး သဘာဝအဆီတွေ မရှင်းပစ်ဘဲ ချွေးပေါက်တွေ ကျုံ့စေမယ့် သဘာဝ hydroxyl acids တွေ ပါဝင်ပါတယ်။
·         ကျယ်နေတဲ့ ချွေးပေါက်တွေပေါ် မိတ်ကပ်လျော့သုံးပါ။ အဲဒီနေရာတွေမှာ မိတ်ကပ်ပြုံထည့်ခြင်းက ချွေးပေါက်ပိုကျယ်စေပါလိမ့်မယ်။ မျက်နှာ နီးမြန်းရုံသာ ပေါင်ဒါပါးပါးလေး ပုတ်ပေးပါ။ 
Ref: TOI 

Powered by Blogger.