ထိခိုက်လွယ်တဲ့ အသားရေပိုင်ရှင်တွေ လုံးဝ မလုပ်သင့်တဲ့ အချက် (၇) ချက်


ထိခိုက်လွယ်တဲ့ အသားရေရှိသူ ဖြစ်ပါက မကြာခဏ အရေပြားပျက်စီးမှုနဲ့ အမြဲကျိန်းစပ်မှုတွေ ခံစားကြုံတွေ့နေရတာ ဘယ်လောက် စိတ်ပျက်စရာကောင်းလဲဆိုတာ သင်သိပါလိမ့်မယ်။ ဘယ်လို မျက်နှာဆပ်ပြာတွေသုံးလဲ ဒါမှမဟုတ် ခေါင်းအုံးစွပ်တွေ ဘယ်နှစ်ကြိမ်လှဲလှယ်ပေးလဲဆိုတာထက်ကို အသားအရေ ထိခိုက်စေတဲ့ တစ်စုံတစ်ခု အမြဲရှိနေပုံရပါတယ်။
အနည်းငယ် ကြိုးပမ်းမှု လုပ်ရမယ်ဆိုပေမယ့်လို့ အရေပြားကို အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်တဲ့ သက်ဆိုင်ရာ အလေ့အကျင့်တွေ ဂရုစိုက်ရှောင်ကြဉ်ပါက တတ်နိုင်သမျှ အရေပြားပြသနာ ကင်းလွတ်စေနိုင်ပါတယ်။
နေ့စဉ်လုပ်နေကျ အလှပြင်ဆင်မှုက အန္တရာယ်မရှိနိုင်သည့်တိုင် ဒီ (၇) ချက်ကို ရှောင်လွှဲဖို့ စဉ်းစားသုံးသပ်ချင်ကောင်း သုံးသပ်ချင်ပါလိမ့်မယ်။ ထိခိုက်လွယ်တဲ့ အသားရေပိုင်ရှင်တွေ လုံးဝမလုပ်တဲ့အရာတွေက
(၁) မိတ်ကပ်လိမ်းပြီး မဖျက်ဘဲ တစ်ညလုံးမထားပါနဲ့
(၂) အချိုဓာတ်များစွာ စားသုံးခြင်း ရှောင်ကြဉ်ပါ
(၃) ဝက်ခြံတွေ ဘယ်တော့မှ မညှစ်ပါနဲ့
(၄) အရေပြားဆဲလ်သေတွေ ဖယ်ရှားမှု အလွန်အကျွံ မပြုလုပ်ပါနဲ့
(၅) နေပူခံလိမ်းဆေးကို လိမ်းပေးဖို့ မမေ့ပါနဲ့
(၆) အနံ့အသက်ပြင်းပြတဲ့ ပစ္စည်းတွေမသုံးပါနဲ့
(၇) Foundation ထူထူခံပေးပါ 
Ref: Simplemost 
Powered by Blogger.