အကြောင်းအမျိုးမျိုးသော အသက်အန္တရာယ်တွေကို လျှော့ချပေးနိုင်တဲ့ အခွံမာသီး

 
ယခင်လေ့လာမှု အချို့လိုပါပဲ၊ သင့်တင့်မျှတဲ့ အခွံမာသီး ပမာဏကို နေ့စဉ် စားသုံးမယ်ဆိုရင် အကြောင်းအမျိုးမျိုးသော အသက်အန္တရာယ်တွေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အခွံမာသီးနဲ့ ပတ်သတ်တဲ့ အကျိုးကျေးဇူးဖြစ်တဲ့ နှလုံးရောဂါနဲ့ သေစေနိုင်မှုကို လျှော့ချပေးတယ်ဆိုတဲ့ အချက်ကိုတော့ ယခင်လေ့လာချက်အများစု အရ သိရပြီး ဖြစ်ပါတယ်။
ဒီ့အပြင် ကင်ဆာရောဂါ၊ လေဖြတ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ဦးနှောက်ဆိုင်ရာ ရောဂါ စတာတွေရဲ့ အသက်အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ကြောင်းကို ယခုလေ့လာချက်အရ ထပ်မံ သိရှိရပါတယ်။
ဒါဟာ အခွံမာသီး ကြိုက်နှစ်သက်သူတွေအတွက် တကယ့်ကို ကောင်းမွန်တဲ့ သတင်းတစ်ရပ်ပါ။ ဒါပေမဲ့ သုတေသီတွေက သတိပေးစကား ပြောထားတာတော့ ရှိပါတယ်။ ဒီသုတေသနရပ်မှာလည်း အကန့်အသတ်ဆိုတာ ရှိပါတယ်တဲ့။ မြေပဲယိုဟာ မည်သည့် အကျိုးကျေးဇူးကိုမျှ မပေးပါဘူး။ ၀မ်းနည်းစရာပါ။ ဒါပေမဲ့ မြေပဲမှာတော့ အကျိုးကျေးဇူးရှိပါတယ်။
ဤကားစကားချပ်အနေဖြင့် ပြောစရာတော့ရှိပါတယ်။ အခွံမာသီးကို လုံးဝမကြိုက်ဘူးဆိုတဲ့ သူတွေအတွက်ကတော့ အကျိုးအာနိသင် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။
“အကြောင်းအမျိုးမျိုးသော အသက်အန္တရာယ်” ဆိုတဲ့ စကားစု ကိုလည်း ရှင်းပြစရာရှိပါတယ်။ ခြောက်ကမ်းပါးကနေ ပြုတ်ကျတာမျိုး အန္တရာယ်တွေကိုရော လျှော့ချပေးပါသလားလို့ မေးမယ်ဆိုရင်တော့ စကားကပ်တာပဲ ဖြစ်တော့မှာပါ။ “စိစစ်ထားချက်တွေမှာ ပါဝင်တဲ့ အသက်အန္တရာယ် အမျိုးမျိုး” ကိုဆိုလိုတာဖြစ်ပါကြောင်း။
Ref:Forbes/trend.com.mm
Powered by Blogger.