ကလေးလိုချင်တဲ့အမျိုးသားများ အတွင်းခံကျပ်ကျပ်မဝတ်ဖို့လို


အိမ်ထောင်သည် အမျိုးသားတွေအနေနဲ့ ရင်သွေးရလိုပါက တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီ မဝတ်သင့်ဘူးလို့ ရှဖီးလ်တက္ကသိုလ်က ထုတ်ပြန်တဲ့ အချက်အလက်အရ သိရပါတယ်။

ရှဖီးလ်တက္ကသိုလ်က မျိုးပွားခြင်းဆိုင်ရာပညာရှင် ပရော်ဖက်ဆာ အယ်လန်ပါစီက အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြောကြားခဲ့တာပါ။ အသက်လေးဆယ်ကျော် အမျိုးသားတွေကနေ မွေးဖွားလာတဲ့ ကလေးတွေမှာလည်း လူကောင်ညှက်တာ၊ ဒေါင်းရောဂါနဲ့ စိတ်ကစင့်ကလျားရောဂါတွေ ခံစားရနိုင်တယ်လို့လည်း ပြောပါတယ်။

အယ်လန်ဦးဆောင်တဲ့အဖွဲ့ဟာ ငယ်ရွယ်တဲ့အမျိုးသား ၂၅၀၀ ကို စမ်းသပ်လေ့လာခဲ့တာ ဖြစ်ပါတယ်။ အတွင်းခံဘောင်းဘီကို တင်းတင်းကျပ်ကျပ်ဝတ်တဲ့ အမျိုးသားတွေဟာ သုက်ပိုးထုတ်လွှတ်မှု နည်းပါးသွားတာကို တွေ့ရှိခဲ့ရပါတယ်။ အတွင်းခံကို ပုံမှန်အတိုင်းဝတ်တဲ့ အမျိုးသားတွေနဲ့ယှဉ် အတွင်းခံကျပ်ကျပ်ဝတ်တဲ့ အမျိုးသားတွေဟာ သုက်ပိုးထုတ်လွှတ်နိုင်စွမ်း ၂ဆခွဲ လောက် နည်းပါးတယ်လို့ ပရော်ဖက်ဆာအယ်လန်က ဆိုပါတယ်။

Source : Duwun
Powered by Blogger.