အစင်းအကြောင်းကင်း ချောမွေ့တောက်ပြောင်တဲ့ မျက်နှာအတွက် နာနတ်သီး

 
နာနတ်သီးကို ကုန်အောင် မစားနိုင်ဘူးဆိုရင်လည်း လွှင့်မပစ်ပါနဲ့။ ချိုမြတဲ့ ဒီအသီးဟာ ချောမွေ့လှပတဲ့ အသားရေအတွက် အကောင်းဆုံး အဖော်မွန်ဖြစ်နိုင်ပါတယ်။  နာနတ်သီးမှာ အမည်းစက်နဲ့ အသားညိုခြင်းကို ကောင်းစွာ ဖယ်ရှားပေးပြီး ပရိုတိန်းထုတ်လုပ်ပေးတဲ့ ဗီတာမင်- စီ ကြွယ်ဝပြီး ဝက်ခြံကာကွယ်ပေးတဲ့အရာ ဖြစ်ပါတယ်။  နာနတ်သီးက အရေပြားနီမြန်းမှုဖြစ်စေပါတယ်။ အသားရောင် တစ်ညီတည်းဖြစ်စေဖို့နဲ့ ကျုံ့နိုင်ဆန့်နိုင်အား ပိုကောင်းလာစေပါတယ်။ 
 
 
ပါဝင်ပစ္စည်းများ 
 
အကွင်းလိုက်လှီးထားသော သန့််ရှင်းလတ်ဆတ်တဲ့ နာနတ်သီး (၄) စိတ်
 
သံလွင်ဆီ ထမင်းစားဇွန်း (၁) ဇွန်း 
 
ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း တို့ပဲ ဖြစ်ပါတယ်။
 
ပါဝင်ပစ္စည်းအားလုံးကို သစ်သီးကြိတ်စက်ဖြင့် (သို့) လက်ဖြင့် ရောစပ်ပါ။ ပြီးတော့ မျက်နှာမှာ လိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ။ ပြီးရင် အကျိုးဆက်ကို လက်တွေ့ခံစားရမှာဖြစ်ပါတယ်။ 
 
Ref:healthyfoodstar/trendmyanmar
 
 
 
Powered by Blogger.