ဆံပင်အဖျားနှစ်ခွကွဲခြင်းမှ ကာကွယ်ပေးတဲ့ အိမ်တွင်းနည်းများ


ဆံပင်အဖျားတိပေးခြင်းက ဆံပင်အဖျား နှစ်ခွကွဲမှု လျော့နည်းစေတယ်လို့ အားလုံး ပြောဆိုနေကြပါတယ်။ ဆံပင်အဖျားနှစ်ခွမဖြစ်အောင် ဆံပင်တိပေးခြင်းအပြင် အခြား လုပ်ဆောင်နိုင်တဲ့ နည်းလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့
ကြက်ဥ
ကြက်ဥ (၁) လုံးကို အယ်လ်မွန်ဆီ သို့မဟုတ် သံလွင်ဆီနဲ့ ပျားရည်နဲ့ ရောပါ။ အဲဒီအရောအနှောကို အရည်ပျစ်ပျစ် ဆံပင်ပေါင်းတင်ဆေးအဖြစ် လိမ်းပြီး (၁) နာရီထားပြီးနောက် ရေဖြင့် ဆေးကြောပါ။
ငှက်ပျောသီး
ငှက်ပျောသီးမှာ သဘာဝအဆီ၊ ပိုတက်ဆီယမ်၊ ဇင့်၊ သံဓာတ်နဲ့ ဗီတာမင် အေ၊ စီ၊ အီး ကြွယ်ဝပါတယ်။ တစ်ပတ် (၁) ကြိမ် (သို့) (၂) ကြိမ် ငှက်ပျောသီးမှည့် (၁) လုံး၊ ဒိန် ထမင်းစားဇွန်း (၂) ဇွန်း၊ နှင်းဆီဖွင့်ဖတ်ကြိတ်ရည် အစက်အနည်းငယ်နဲ့ သံပုယိုရည် ရောစပ်ပါ။ (၁) နာရီထားပြီး ရေဖြင့် ပြန်ဆေးချပါ။
သင်္ဘောသီး
သင်္ဘောသီးမှည့် (၁) လုံးနဲ့ ဒိန်ချဉ် (၁) ခွက်ကို ခပ်ပျစ်ပျစ်လေး ဖြစ်အောင် ရောစပ်ပြီး ဆံပင်ပေါင်းတင်ဆေးအဖြစ်သုံးပြီး မိနစ် ၃၀ ထားပြီးနောက် ရေဖြင့် ဆေးချပါ။
ခရင်မ်
နို့ခွက် တစ်ပိုင်းနဲ့ cream မလိုင် ရောစပ်ပြီး ခေါင်းမလျှော်ခင် ၁၅ မိနစ်ကြာ လိမ်းပေးပါ။
ပျားရည်
ပျားရည် တစ်ဇွန်းကို ဒိန်အနည်းငယ်နဲ့ ရောပြီး ဆံပင်အဖျားတွေ လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီး ရေဖြင့် ပြန်ဆေးချပါ။
Ref: TOI /TrendMyanmar
Powered by Blogger.