သင့်ကွန်ပျုတာ မြင်ကွင်းပေါ်မှာ ဘာမှ မပေါ်တော့ဘူးဆိုရင် သင့်ဘယ်လိုလုပ်မှာလဲ…

 

သင့်ကွန်ပျုတာ မြင်ကွင်းပေါ်မှာ ဘာမှ မပေါ်တော့ဘူးဆိုရင် သင့်ဘယ်လိုလုပ်မှာလဲ….

အောက်ပါနည်းလမ်းအတိုင် ဆောင်ရွက်ပေးလိုက်ပါ.....

1.သင့်ကွန်ပျုတာကို ဖွင့်ထားပါ။

2.ကွန်ပျုတာ၏ ၀င်းဒိုးစလ် စတက်ချိန်တွင် စာသားများပေါ်လာပြီး နောက်မှ မြင်ကွင်း သည် အမည်းရောင်ဖြစ်သွားပါက ဟာဒ်ဝဲ၏ ပြဿနာမဟုတ်နိုင်ပါဘူး။ operation system တွင်ပြဿနာရှိနေတာသေချာနေပါပြီး။

3.ကွန်ပျူတာစဖွင့်ကတည်းက စာ သို့မဟုတ် ပုံရိပ် တစ်ခုမှ ပေါ်မလာတော့လျှင် သင့် Laptop ကို ပြင်ပမော်နီတာတစ်လုံးဖြင့် ချိတ်ချက်ပေးလိုက်ပါ။

4.ပြင်ပမော်နီတာတွင် Desktop ကို မြင်တွေ့ရပါက Desktop ပေါ်တွင် Right click နှိပ်၍ Personalize> Display dialog box ပေါ်လာပါမည်။

5.ဖော်ပြထားသည့် စာရင်းထဲတွင် သင့် laptop ၏ မော်နီတာအမည်ရှိ/ မရှိ ရှာကြည့်ပါ။

6.ပြင်ပမော်နီတာတွင် သင့် Display ကိုတွေ့ရသော်လည်း Laptop မော်နီတာပေါ်တွင် ဘာမှ ပေါ်မလာပါက သင့် laptop မော်နီတာ ကောင်းကောင်း အလုပ်မလုပ်တော့သည့် အဓိပ္ပါယ်ပင်ဖြစ်ပါသည်။ သင့်အချက်အလက်များထိခိုက်မှုမရှိသကဲ့သို့ ကွန်ပျုတာလည်း ဆက်လက်လည်းပတ်နေပါလိမ့်မည်။ သင့်အနေဖြင့် laptop မော်နီတာ Screen အသစ် လဲပေးရန်သာလိုပါသည်။

7.အကယ်၍ ပြင်ပမော်နီတာတွင်လည်း display ပေါ်မလာတော့ပါက သင့်ဗီဒီယိုကတ် ပျက်သွားခြင်းကြောင့် ဖြစ်နိုင်သည်။ သင့် display ၏ တည်ဆောက်ပုံအနေအ ထားပေါ် မှုတည်၍ motherboard လဲလှယ်ရန် လိုအပ်ကောင်း လိုအပ်နိုင်သည်။

လတ်တလောအခြေအနေတွင် ပြင်ပမော်နီတာတစ်လုံးဖြင့် ချိန်ဆက်၍ ပြင်ပမော်နီ တာကို အဓိကမြင်ကွင်းအဖြစ် သတ်မှတ်အသုံးပြုနိုင်သည်။ display setting dialog box ကို ဖွင့်၍ ပြင်ပမော်နီတာကို main display အဖြစ်ရွေးလိုက်ပါ။ Laptop ၏ မောက်နီတာကို သင့်ဘာသာ မလဲသင့်ပါ။ ကျွမ်းကျင်ပညာရှင်တစ်ဦးကိုခေါ်၍ သို့မဟုတ် ဆိုင်သို့ပြန်ပို့၍ လဲလှယ်ခိုင်းသင့်သည်။

Laptop computer အသုံးချလက်စွဲ စာအုပ်မှ မျှဝေတင်ပြလိုက်သည်။

လေးစားစွာဖြင့်...
အိုင်တီလမ်းညွှန်...IT-guide..(N..L..H)
Powered by Blogger.