ဖိုင်တွေ လုံခြုံအောင် သော့ခတ်နည်းနဲ့  Win Rar ၏ အသုံးဝင်မှုများ

ဒီနည်းလေးက ကွန်ပျုတာထဲက ဖိုင်တွေကို Pass word နဲ့ ထားချင်ရင်ပဲဖြစ်ဖြစ် ဆိုဒ်
ပေါ်တင်မယ့်ဆော့ဝဲတွေ ပတ်စပ်နဲ့ တင်ချင်ရင် လုပ်တဲ့နည်းပါ။ အကောင်းဆုံးတော့
မဟုတ်ပါဘူး ကွန်ပျုတာထဲမှာ Winrar နဲ့ ဖိုင်လေးလုပ်။ ပြီးရင် Pass word ခံလိုက်
အဲ့ဖိုင်ထဲကို မှ သိမ်းစရာရှိတာသိမ်းပေါ့ အများသုံးတဲ့ ရုံးမှာဆို အဆင်ပြေနေပါတယ်
ဖျက်လိုက်ရင်တော့ ကုန်ပြီပေါ့။ ဆော့ဝဲနဲ့ လုပ်ထားရင်တော့ ဖျက်လို့လည်း မရပါဘူး။
ကော်ပီယူလို့ လည်းမရပါဘူး။ ကွန်ပျုတာထဲဆိုရင်တော့ ဆော့ဝဲနဲ့က သေချာတယ်
ဆိုဒ်ပ်ါတင်ဖို့ သုံးရင်လည်း အဆင်ပြေပါတယ်။ ဒေါင်းလုပ်ယူတဲ့သူကတော့ အခက်
တွေ့မှာပဲ Winrar pass word ကျော်တဲ့ နည်းတွေ ရှိပါတယ် သာမာန်အားဖြစ်တော့
ဒီနည်းလေးက အသုံးဝင်တယ် အဟန့် အတားတစ်ခုပေါ့။ အဲ့လိုတင်ထားရင် လင့်ခိုး
တာနဲ့ ဘယ်ဆိုဒ်က ခိုးတယ်ဆိုတာ သိသာမယ်။ ဆိုဒ်လိပ်စာနဲ့ ပတ်စ၀ပ်က ပါနေ
တော့ ပြန်တင်တာမဟုတ်တာ သိလွယ်တာပေါ့။ မေးနဲ့ ပုံတွေ သီချင်းတွေ ပိုချင့်ရင်
လည်း ဖိုင်လေးနဲ့ စုလိုက်တော့ အများကြီးပို့ လိုရတယ်။ ပုံဆယ်ပုံကို ဖိုင်ထဲထည့်ပြီးမှ
Attach file ကနေပို့ရင် တစ်ခါထဲနဲ့ ဆယ်ပုံပါတယ်။ တစ်ပုံချင်းပို့လည်း ခဏခဏ
ပြန်နှိပ်ရတာပေါ့ သီချင်းဆိုလည်း ၅ပုဒ်လောက်ဖိုင်ထဲထည့်လိုက်
တယ်။]
မောင်(စွယ်စုံကျမ်း) ဆီမှ မျှဝေတင်ပြလိုက်သည်။
လေးစားစွာဖြင့်...
အိုင်တီလမ်းညွှန်...IT-guide