မြင်ကွင်းတွင် အစင်းအကြောင်းများပေါ်လာခြင်း ပြဿ နာ ဖြေရှင်းနည်း။



1.အစင်းအကြောင်းများ ပေါ်ခြင်းသည် ဆော့ဖ်ဝဲကြောင့်လား၊ မောနီတာကောင်းစွာ အလုပ်မလုပ်နိုင်သည့်အတွက်ကြောင့်လား ဆိုသည်ကို သေချာအောင် စစ်ကြည့်ပါ။ အစင်းအကြောင်းသည် ၀င်းဒိုးအားလုံးနှင့် မြင်ကွင်းအောက်ခြေရှိ Tool-bar ပေါ်တွင်ပါ ပေါ်နေပါက မော်နီတာကြောင့်ဖြစ်ပြီး၊ ဆော့ဖ်ဝဲကြောင့် မဟုတ်ပါ။

2.မော်နီတာကို ရွေ့ကြည့်ပါ။ အစင်းကြောင်းများပါ လိုက်ရွေ့သွားပါက မောနီတာနှင့် မားသားဘုတ်ကို ချိတ်ဆက်ထားသည့်ကြိုး လွတ်နေသောကြောင့်ဖြစ်နိုင်ပါသည်။

3.အစင်းကြောင်းသည် မော်နီတာပေါ်တွင် မပျောက်တော့ဘဲ အမြဲတမ်းပေါ်နေပါက ပြင်ပ မော်နီတာတစ်လုံးဖြင့် ချိတ်ဆက်ပြီး မှုလ Desktop ၏ mirror အဖြစ်သတ်မှတ်ပေးလိုက်ပါ။

4.ပြင်ပမော်နီတာတွင် ပုံမှန်အတိုင်း မြင်ရပါက laptop မော်နီတာတွင်သာ ပြဿ နာရှိနေခြင်းဖြစ်သည်။

5.ပြင်ပမော်နီတာတွင်လည်း အစင်းအကြောင်းပေါ်နေပါက သင့်ဗီဒီယိုကတ်တွင် ပြဿ နာ ရှိနေပြီးဖြစ်သည်။

ဗီဒီယိုကတ်ကို လဲလှယ်ရန်လိုအပ်ပါက ကျွမ်းကျင်သည့် ပညာရှင်ကို ခေါ်၍ လဲခိုင်းသင့်သည်။

ထိုပြဿ နာများဖြစ်ပွားသော်လည်း အများအားဖြင့် ဖိုင်းများ ပျက်စီးသွားမည်မဟုတ်ပါ။ သို့သော် မည်သည့်အကြောင်းကြောင့်မဆို ဖိုင်းများပျက်စီးမသွားစေရန် ဖိုင်းများကို မကြာခဏ backup လုပ်ထားသင့်ပါသည်။

Laptop computer အသုံးချလက်စွဲ စာမျက်နှာ (179) မှ လမ်းညွှန်ပေးလိုက်ပါသည်။

လေးစားစွာဖြင့်...
အိုင်တီလမ်းညွှန်...IT-guide..(N..L...H)
Powered by Blogger.