Laptop တစ်လုံးကို ဘယ်လိုသန့်ရှင်းေ၇းလုပ်မလဲ

 

လူတွေ ရေချိုးသလိုပဲ လက်တော့တွေလည်း ရေရှည်ထားခံဖို့အတွက် သန်းရှင်းရေလုပ်ပေးဖို့ လိုပါတယ်။ အရင်တစ်ခါ ဘယ်အချိန်လောက်က သန့်ရှင်းရေး လုပ်ထားခဲ့ပါသေးသလဲ? တစ်ခါမှ မလုပ်ခဲ့ဖူးတာလည်း ဖြစ်ရင် ဖြစ်နေမှာပါ။ ဒီတော့ ဘာပဲဖြစ်ဖြစ် ကိုယ်ပစ္စည်း ကိုယ်လပ်တော့လေး သန့်သန့်ရှင်းရှင်းနဲ့ ရေရှည်သုံးနိင်ဖို့ အတွက် သန့်ရှင်းရေးလေး လုပ်ကြည့်ရအောင်ပါ။ လပ်တော့ပ်ဟာ သံချေးတွေ၊ ဖုန်တွေ အတွင်းမှာ ရှိနေတတ်ပါတယ်။ အဓိက က အတွင်းမှာ ရှိတဲ့ ပန်ကာပေါ့။ သုံးနေတဲ့ အတောအတွင်း ဖုန်တွေနဲ့ ကြေးတွေနဲ့ စက် အပူလွန်ကဲခြင်းကို ဖြစ်စေနိင်ပါတယ်။ အဲဒီ အပူလွန်တာက ကိုယ်စက်ကို ကိုယ်ပြန်ပြီး ဖျက်စီးနေသလိုပါပဲ။
၁။ အရင်ဦးဆုံး လက်တော့ကို သန့်ရှင်းတော့မယ်ဆိုရင်တော့ ပါဝါကို ပိတ်ပစ်ရပါမယ်။ ကြိုးတွေ၊ USB ကြိုးတွေ တပ်ဆင်ထားတာတွေကို အကုန်ဖြုတ်ရပါမယ်။
၂။ ကီးဘုတ်ပေါ်က သံချေးတွေနဲ့ အပျက်အစီးတွေကို ဖယ်ရှားဖို့အတွက် သံချေး ဖယ်ရှာတဲ့ ရူးရူး ဖြန်းရတဲ့ cleaner တွေကို သုံးပါ။ ဘူးကို အပေါ်အောက်မကိုင်ဘဲ ရိုးရှင်းစွာ ဖြန်းပါ။ ပြီးတော့ ပျော့ပျောင်းတဲ့ ဘလပ်ခ်ျ တစ်ခုခုကိုယူပြီး သံချေးတွေ ဖယ်လိုက်ပါ။
၃။ တကယ်လို့ နည်းနည်းညစ်ပတ်နေသေးရင် ဂွမ်းစ အနည်းငယ်ကို အရက်ပျံ နည်းနည်းနဲ့ဆွတ်ပြီး ကီးတွေရဲ့ကြားကို သန့်ရှင်းနိင်ပါတယ်။ သိပ်မစိုဖို့တော့ လိုပါတယ်။
၎။ Screen အတွက် အိမ်တွင်း ဗနီဂါနဲ့ အရက်ကို သုံးနိုင်ပါတယ်။ မျက်နှာပြင်ကို တိုက်ရိုက်ကြီးတော့ သွားမဖျန်းပါနဲ့။ ပျော့ပျောင်းတဲ့ အ၀တ်စုတ် တစ်ခုခုနဲ့ စွတ်ပြီး screen ကိုသုတ်ပေးပါ။
၅။ ပြီးရင်တော့ လပ်တော့ကို ပြောင်းပြန် ပြန်လှန်ပြီး အထဲက ဖုန်တက် သံချေးတက်နေတဲ့ ပန်ကာကို ဖြုတ်ပြီး သန့်စင်ရပါတော့မယ်။ ဖြုတ်ဖို့ကတော့ ဖြုတ်နေကြမဟုတ်ရင် အဆင်ပြေမှာ မဟုတ်တဲ့အတွက် တစ်ခြား ဖြုတ်တတ်တဲ့သူကို ဖြုတ်ခိုင်းပါလိမ့်မယ်။
၆။ နားကြပ်ပေါက်၊ USB အပေါက်တွေကို သုတ်ခြင်း၊ အတွင်းထိရောက်အောင် သုတ်ရမှာ ဖြစ်ပြီး ခြောက်သွေ့တဲ့ အစတစ်စနဲ့ သုတ်ရပါမယ်။ အရက်ပျံ မစွတ်ပါနဲ့တော့။ Spray နဲ့ ဖြန်းရုံပါ။ ပြီးရင်တော့ အားလုံး ပြန်တပ်လို့ ရပါပြီ။ သင့်ရဲ့ နေတိုင်းသုံးနေတဲ့ လပ်တော့လေး လုံးဝ သန့်ရှင်းသွားပါပြီ။

Credit: Original Aurthor
Source: Internet ( Knowledge Box)
https://web.facebook.com/mobileinformer?fref=nf မှ မျှဝေတင်ပြလိုက်သည်။
Powered by Blogger.