Facebook အကြောင်းလေ့လာမယ် (အပိုင်း=၁)




facebook ရဲ့ account setting အကြောင်း
*** *** *** *** *** *** *** ***
facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။ဒီအပိုင်းမှာတော့  general setting နှင့်  security အကြောင်းကိုနည်းနည်းလေးရှင်းပြပေးပါမယ်။ဒီအကြောင်းတွေကိုနားလည် သဘောပေါက်သွားပြီဆိုရင်မိတ် ဆွေ
တို့ တွေရဲ့ အကောင့် တွေဟာလုံခြုံမှု ရှိလာမှာဖြစ်သလို မသိနားနိုးနဲ့  ထိတ်လန့် ကြောက်ရွံ့ နေစရာမလိုတော့ ပါဘူးခင်ျာ။ဒီနေရာမှာ facebook ကို အသုံးပြုတာကြာတဲ့ မိတ်ဆွေတွေအနေနဲ့ ကတော့ 
သိပြီးသားဖြစ်ကောင်းဖြစ်မှာပါ။ဒါပေမယ့် အခြေခံကနေစပြီး လေ့ လာလိုသူတွေအတွက် ယခုလိုဖော်ပြပေးလိုက်တာပါခင်မျာ။ Account sitting >Ganeral>ဝင်ကြည့်ပါ။
ဒါတွေတွေ့ရပါလိမ့်မယ်။
name = ဆိုတာကတော့ မိမိနာမည်ပါ။
username = ကတော့ မိမိအသုံးပြုနေတဲ့ အကောင့် နာမည်ပါ။သူ့ ကိုသူငယ်ချင်းတွေကို မိမိလိပ်စာပေးတဲ့ နေရာမှာအသုံးပြုလို့ရပါတယ်
email= ကတော့ မိမိရဲ့ အီးမေးလိပ်စာပါ။
networks=ဆိုတာကတော့ သာမန်user တစ်ယောက်အနေနဲ့ မသုံးပါဘူး။ language=ဆိုတာကတော့ ဘာသာစကားတွေပြောင်းတဲ့ နေရာပါ။ facebook ကိုမြန်မာလိုသုံးချင်သူများအတွက်ဆိုရင်တော့  အဲဒီနေရာမှာ မြန်မာလိုပြောင်းလဲသုံးစွဲလို့ ရပါတယ်။ ganeral ရဲ့အောက်မှာ Security ဆိုတာတွေ့မှာပါ။ ဒါကတော့ မိမိတို့ ရဲ့ အကောင့် လုံခြုံရေးအတွက်မဖြစ်မနေသိ ထားသင့် ပါတယ်။အောက်မှာ
အသေးစိတ်ကိုရှင်းပြပေးထားပါတယ်။ Security ထဲမှာ အရင်ဆုံးတွေ့ရမှာက Secure browsing
ဒါတော့  virus ,spam , hacker တွေရန်မှကင်းဝေးအောင်အသုံးပြုပါတယ်။အသုံးပြုပုံက edit ကိုနိပ်ပြီးအမှန်လေးခြစ် save change လုပ်ထားပေးရင် အကာအကွယ်တစ်ခုရပါတယ်။login notification
ဒါကတော့ မိမိတို့  account ကို အသုံးပြုတိုင်း message လေးနဲ့ မိမိကိုသတိပေးပါတယ်။ ဒီနေရာမှာ အီးမေး message လိုချင်ရင် email message နေရာမှာ အမှန်ခြစ်ပေးထားရင် မိမိတို့ အကောင့် ကို ဝင်ရောက်တိုင်း မိမိရဲ့ အီးမေး ကို message ပို့ ပေးမှာဖြစ်ပါတယ်။နောက်တစ်ခုက
login apporvals ပါ။
login apporvals လုပ်တယ်ဆိုတာကတော့  unknow browser တွေနဲ့ မိမိတို့ အကောင့် ကိုဝင်ရောက်မယ်ဆိုရင် မိမိ ခွင့် ပြု ချက်ရမှာသာ ဝင်ရောက်လို့ ရပါတယ်။ဒီနေရာမှာ မိမိက ကိုယ့် ရဲ့  password ကိုပြောပြပြီး တစ်ခြားသူငယ်ချင်းတစ်ယောက်ကို ဝင်ခိုင်းသည်ထားအုံး မိမိရဲ့ ခွင့် ပြုချက်မရရှိပါက ။မိမိအကောင့် ကို ဘယ်လိုမှဝင်ရောက်လို့ မရနိုင်ပါ။။အမှန်ခြစ်လေးပေးလိုက်ပါ။ get started ကိုနိပ်လိုက်ရင် မိမိတို့  account ကို login ဝင်တိုင်း ဖုန်းကနေ security code ရယူပြီးလုံခြုံရေးကိုနှစ်ထပ် ထပ်မံတိုးမြှင့် လို့ ရပါတယ်။

https://web.facebook.com/profile.php?id=100007654832895 မှ မျှဝေတင်
ပြလိုက်သည်။

လေးစားစွာဖြင့်...
IT-Guide..N..L..H
Powered by Blogger.