စီဒီ၊ ဒီဗီဒီ ဖွင့်မရခြင်း......

 
၁။ သင့်ဖွင့်ကြည့်လိုသည့် စီဒီ သို့မဟုတ် ဒီဗီဒီတွင် အစင်းရာ၊ အခြစ်ရာများ ရှိမနေကြောင်း သေချာအောင် စစ်ဆေးပါ။
၂။ စီဒီကို စက်သို့ အံကျအောင် သေချာစွာထည့်ပါ။
၃။ စီဒီထည့်သည် drive သည် ပြင်ပ မှ ချိတ်ဆက်အသုံးပြုသည့် အမျိုးအစားဖြစ်လျှင် ဖြုတ်ပြီး သေချာ စွာပြန်တပ်ကြည့်ပါ။
၎။ Start> Computer ကိုဖွင့်ကြည့်ပါက cd drive ထဲတွင် စီဒီရှိနေကြောင်းပြသရမည်။
၅။ Drive ထဲတွင် စီဒီမရှိဟု ပြနေပါက လက်ရှိထည့်ထားသည့် စီဒီကို ထုတ်ပြီး နောက်စီဒီတစ် ချပ်ထပ် ထည့်ကြည့်ပါ။
၆။ Drive တွင်မည်သည့် စီဒီကိုမျှ မဖတ်တော့ပါက cd drive တွင် ပြဿနာရှိနေပါပြီး
၇။ အချို့ စီဒီများသည် ကွန်ပျူတာတစ်လုံးတွင် အလုပ်လုပ်သော်လည်း နောက် ကွန်ပျူတာတစ်လုံးတွင် အ လုပ်မလုပ်ဘဲ ဖြစ်နေတတ်သည်။ ၄င်းမှာ စီဒီ မကောင်းခြင်းကြောင့်ဖြစ်သည်။ စီဒီရေးသားထားသည့် စနစ် ပေါ်မူတည်၍ အချို့စက်များတွင် စီဒီ အလုပ်မလုပ်ခြင်း ဖြစ်သည်။ သင့်ကွန်ပျူတာတွင် ဖွင့်မရသည့် စီဒီတစ် ချပ်ကို အခြား ကွန်ပျူတာတစ်လုံးတွင် စမ်းကြည့်ပြီးမှ ကောင်းမကောင်း ဆုံးဖြတ်သင့်သည်။
၈။ အချို့ laptop များတွင် modular drive ပါရှိသည်။ Modular drive တွင် မကောင်းသည့်တစ်ခုကို ဖယ် ထုတ်ပြီး ကောင်းသည့် drive ကိုထည့်ပေးနိုင်သည်။
၉။ သင့်ကွန်ပျူတာတွင် modular drive မပါပါက ကွန်ပျူတာကို service center သို့ပို့၍ စစ်ဆေးပါ။ ဤ အခြေအနေသည် သင့် drive သို့မဟုတ် မားသားဘုတ်ပြဿနာကြောင့်ဖြစ်နိုင်သည်။

Laptop Computer အသုံးချလက်စွဲစာအုပ်မှ လေ့လာမိသမျှ…

လေးစားစွာဖြင့်.....
IT-Guide…(N...L..H)
Powered by Blogger.