ကျွန်ပျူတာ Hardware ပြဿနာလေးကို အသံလေးတွေနားထောင်ပြီး ဖြေရှင်းကြည့်ကြ ရအောင်ဗျာ…

 
ကွန်ပျူတာစဖွင့်လိုက်တာနဲ့ POST (power-On self test) လို့ခေါ်တဲ့ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို ပုံမှန်အနေအထားမှာ ရှိ၊ မရှိနဲ့ အခြား ချို့ယွင်းချက်ရှိ၊ မရှိတို့ကို စစ်ဆေးပေး ပါတယ်။ System ပုံးနံရံမှာ ကပ်ထားတဲ့ စပီးကာ သေးသေးလေး သို့မဟုတ် စပီကာဘူးကလေးက အသံ ထွက်လာတာပါ။

အဲဒီမှာပြဿနာတစ်စုံတစ်ရာရှိနေပြီးဆိုရင် “ဘိ” သံလေးတွေထုတ်လွှင့်ပြီး အချက်ပေး တတ်ပါတယ်။ ကျွန်တော်ကတော့ အသံတို “တိ” နဲ့ အသံရှည်ရင် ‘တီ’ လို့ကြားရပါတယ်။ ‘တိ’ လို့ တစ်ချက် အသံပေးပြီးရင် ကွန်ပျူတာစပွင့်လာပါတယ်။ ဘာသံမှမကြားရရင် သို့မဟုတ် “ဘိ” သံ လုံးမထွက်ရင် ဟာ့ဒ် တစ်ခုခု လွတ်နေပြီပေါ့။

ဒါမှမဟုတ် ပါဝါ ဆပ်ပလိုင်းပြဿနာလို့ ယူဆီနိုင်ပါတယ်။ ရှေ့ကို ဆက်မရတော့ပါ ဆိုတဲ့ သဘောမျိုးပါ။ နောက် ‘ဘိ’ သံရှည်ရှည်နဲ့ တစ်ချက်ချင်း အဆက်မပြတ်ထွက်ရင် ဂရပ် ဖက်ကတ် သို့မ ဟုတ် မှတ်ဥာဏ်ကတ် ပြဿနာ၊ ‘ဘိ’ သံ တစ်ဆက်တည်းထွက်နေရင်မား သားဘုတ်ပြဿနာ စသည် ခွဲခြားနိုင်ပါတယ်။ ဒါပေမယ့် BIOS အမျိုးအစားပေါ် မူတည် ပြီး သတ်မှတ်ချက်များ အနည်းငယ် ကွဲပြားကြ ပါတယ်။ ၄င်း ကုတ်တွေအကြောင်းကို အသေးစိတ်သိလိုရင် အင်တာနက် Search မှာ BIOS Beep Code လို့ ရိုက်ထည့်ပါ။ ပေါ်လာတဲ့ ၀က်ဘ်ဆိုက်များကို ရွေးချယ်ဖွင့်ပြီး ဖတ်နိုင်ပါတယ်။

ဘိသံ အဓိပ္ပါယ် နှင့် ဖြစ်နိုင်ခြေ တို့ကို တင်ပြလိုက်ပါတယ်။

ဘိသံ..............သံရှည်-၁၊ သံတို-၂
အဓိပ္ပါယ်..........VGA ပြဿနာ
ဖြစ်နိုင်ခြေ........VGA မကောင်း

ဘိသံ..............ဆက်တိုက်သံထွက်
အဓိပ္ပါယ်..........Memory error
ဖြစ်နိုင်ခြေ........Memory မကောင်း (သို့မဟုတ်)လွတ်

ဘိသံ..............သံရှည်-၁၊ သံတို-၃
အဓိပ္ပါယ်.......... VGA ပြဿနာ
ဖြစ်နိုင်ခြေ.........VGA သို့မဟုတ် Memory မကောင်း

ဘိသံ...............ကျယ်လောင်စွာထွက်
အဓိပ္ပါယ်..........CPU အလွန်ပူ
ဖြစ်နိုင်ခြေ........CPU ပန်ကာပျက်

ဘိသံ...............တိုးလိုက်၊ ကျယ်လိုက်
အဓိပ္ပါယ်...........CPU ပြဿနာ
ဖြစ်နိုင်ခြေ.........CPU မကောင်း

Computer Questions & Answers မှ ဖတ်မိသမျှ

လေးစားစွာဖြင့်…
IT-Guide…(N..L..H)
Powered by Blogger.