Laptop ပြုပြင်ထိန်းသိမ်းရေး နည်းလမ်းများ

 
ဒီကနေ့ခေတ်မှာ Laptop တွေ... Notebook တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါပြီ...ဘာကြောင့် လဲဆိုတော့ အရင်ခေတ်ကာလနဲ့နှိုင်းယှဉ်ရင် laptop နဲ့ notebook တွေရဲ့ ဈေးနှုန်းဟာ သိသိသာသာ ကျဆင်းလာလို့ပါပဲ... အရင်က တူညီတဲ့ ဈေးနှုန်းတန်ဖိုးတစ်ခုမှာ desktop တစ်လုံးနဲ့ laptop တစ်လုံး ယှဉ်လိုက်ရင် desktop ရဲ့စွမ်းဆောင်ရည်က အများကြီးမြင့်မားနေပါလိမ့်မယ်... အခုနောက်ပိုင်းမှာ တော့ ကိုယ်တတ်နိုင်တဲ့ဈေးနှုန်းအတွင်းမှာ laptop နဲ့ desktop ရဲ့ စွမ်းဆောင်ရည်ချင်း ယှဉ်ကြည့် လိုက် တဲ့အခါ သိပ်မကွာတော့ပါဘူး... ဒါကြောင့် သယ်ယူရွှေ့ပြောင်းရပိုမိုလွယ်ကူတဲ့ Laptop တွေကို ပိုပြီးလူသုံးများလာကြပါတယ်... ဒါ့အပြင် laptop တွေဟာ နေရာသိပ်မယူသလို အားသွင်းထားပြီး အ ချိန် တော်တော်ကြာကြာအသုံးပြုလို့ရပါတယ်... laptop တွေရဲ့ အဓိကပြဿနာကတော့ ပြုပြင်ထိန်း သိမ်းတဲ့နေရာမှာဖြစ်ပါတယ်.. အခုဖော်ပြပေးမှာကတော့ laptop တွေကို ထိရောက်ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေဖြစ်ပါတယ်...

အဓိကအားဖြင့် ပြဿနာတွေ့ရှိရတတ်တဲ့ အပိုင်းလေးတွေရှိပါတယ်... အဲ့ဒီအချက်တွေပေါ်မူတည်ပြီး laptop တစ်လုံးကို ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် အမျိုးအစားနှစ်မျိုးခွဲခြားနိုင်ပါတယ်... အဲ့ဒါတွေက တော့ အပြင်ပိုင်းပြုပြင်ထိန်းသိမ်းမှုနဲ့ အတွင်းပိုင်းပြုပြင်ထိန်းသိမ်းမှုတို့ပဲဖြစ်ပါတယ်...

အပြင်ပိုင်းပြုပြင်ထိန်းသိမ်းမှု
----------------------------------------------------------------
၁) အားသွင်းခြင်း
၂) အပူ
၃) Hardware အသစ်
၎) သန့်ရှင်းရေး
၅) အသုံးပြုပုံ
၆) သောက်စရာများ
၇) Screen Gurad

► အားသွင်းခြင်း

အားသွင်းခြင်းဟာ laptop တစ်လုံးကိုပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ ပထမဆုံးနဲ့ အဓိက လုပ်ဆောင် ရမယ့်အချက်ဖြစ်ပါတယ်... ဘာကြောင့်လဲဆိုတော့ laptop စနစ်တစ်ခုလုံးအား ရရှိတဲ့ လျှပ်စစ်ဓာတ် အားပေါ်မှာ အလုပ်လုပ်ရလို့ပါပဲ... laptop ကို အားသွင်းတဲ့အခါမှာ ဂရုတစိုက်သွင်းဖို့လိုပါတယ်.. laptop ကို သုံးတိုင်း battery level ဘယ်လောက်ရှိလဲဆိုတာကို အရင်ဆုံးကြည့်ပါ... အကယ်လို့ ၁၀% အောက်ရောက်နေပြီဆိုရင် charger ကိုတပ်လိုက်ပါ.... ၁၀% အထက်မှာဆိုရင်တော့ charger တပ်ဖို့မလိုပါဘူး... တစ်ချို့လူတွေက laptop ကို charger နဲ့ အမြဲချိတ်ပြီးသုံးတတ်ကြပါတယ်... ဒါက နည်းလမ်းအမှန် မဟုတ်ပါဘူး... အဲ့ဒီအတိုင်းသင်ဆက်လုပ်သွားမယ်ဆိုရင် တစ်လနှစ်လလောက်အ တွင်း battery ရဲ့စွမ်းဆောင်ရည်ကျဆင်းလာပါလိမ့်မယ်... နောက်ပိုင်းမှာ သင့် laptop ဟာ plug ချိတ်ပြီးမှ သုံးလို့ရမယ့် အနေအထားမျိုးဖြစ်သွားနိုင်ပါတယ်... battery လုံးဝအလုပ်မလုပ်တော့တဲ့ အ ခြေ အနေမျိုးဖြစ်သွားပါလိမ့်မယ်... အကောင်းဆုံးကတော့ သင့် laptop battery ကို သုံးရက်တစ် ခါလောက် အားကုန်တဲ့အထိသုံးပေးတာပါပဲ... နောက်တစ်ချက်ကတော့ အားသွင်းတဲ့အခါမှာ ground ချထားတဲ့ socket မျိုးကို သုံးဖို့ဖြစ်ပါတယ်.. ဒါမှသာ လျှပ်စီးကြောင့် သင့် laptop အစိတ်အပိုင်းတွေ ပျက်စီးခြင်းမဖြစ်အောင်ကာကွယ်နိုင်ပါလိမ့်မယ်...

► အပူ

အပူဟာ laptop တွေအတွက် အန္တရာယ်ပေးနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်... အပူကြောင့် စနစ် အစိတ်အပိုင်းတွေပျက်စီးစေပါတယ်.. အပူလွန်ကဲတဲ့အခါ တစ်ချို့ circuit တွေလောင်ကျွမ်း ပျက်စီး တာမျိုးအထိ ဖြစ်နိုင်ပါတယ်... ဒါကြောင့် အပူလွန်ကဲမှုမရှိအောင် laptop တွေ အမြဲအေးမြနေအောင် သတိပြုလုပ်ဆောင်သင့်ပါတယ်... ဒီအတွက် သင်လိုမှာက cooler pad လိုမျိုး အအေးပေးစနစ် တစ် မျိုးမျိုးဖြစ်ပါတယ်... နောက်တစ်ချက်ကတော့ တစ်ချိန်ထဲမှာ application အများအပြားကို တစ်ပြိုင် နက်မသုံးဖို့ပါပဲ... ဒီအချက်ကလည်း laptop ကို အပူလွန်ကဲစေပါတယ်... ဈေးသက်သာပြီး ပုံတူ ကူး လုပ်ထားတဲ့ cooling pad တွေကိုလည်း သိပ်အားမကိုးပါနဲ့.. ဒါတွေကိုသုံးလို့ သင့် laptop ပျက်သွား ရင် ကုန်ကျစရိတ်ပိုများသွားပါလိမ့်မယ်... ဒါကြောင့် အရည်အသွေးမြင့်ပြီး အာမခံချက်ရှိတဲ့ cooler pad တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်...

► Hardware အသစ်

keyboard တွေ၊ scanner တွေ၊ mouse တွေနဲ့ printer တွေလိုမျိုး hardware အသစ်တွေကို အသုံး ပြုတဲ့အခါ တစ်ချို့ hardware တွေဟာ laptop တွေကနေ support မလုပ်တာတွေ... တွဲသုံးလို့ အ ဆင်မပြေတာတွေ စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရစေနိုင်ပါတယ်... ပထမဆုံးအကြိမ်တပ်သုံးလိုက် တုန်း ကတော့ အလုပ်ပုံမှန်လုပ်နေတယ်... ဒါပေမဲ့ နောက်ပိုင်းကျတော့ အလုပ်ကောင်းကောင်း မလုပ် တာ တွေ blue screen တက်လာတာတွေမျိုး ကြုံရတတ်ပါတယ်... ဒီလိုဖြစ်တာမျိုးဟာ သင့် laptop အတွက် အန္တရာယ်များပါတယ်... external device တွေကို မသုံးခင် အဲ့ဒီ device ရဲ့ specification တွေကို အရင်ဆုံးသေချာဖတ်ပါ... သင့် laptop ရဲ့ model နဲ့ laptop မှာတင်ထားတဲ့ OS တို့မှာ အလုပ်လုပ်နိုင်မလုပ်နိုင်ဆိုတာကို စစ်ပါ... ဒီအချက်အလက်အားလုံးကို hardware manual စာအုပ် မှာ ဖော်ပြထားပါလိမ့်မယ်... ဒါကြောင့် hardware အသစ်တွေကို တွဲဆက်ပေါင်းစပ်ပြီးမသုံးခင် သေ ချာစွာစစ်ဆေးလေ့လာပြီးမှ သုံးသင့်ပါတယ်....

► သန့်ရှင်းရေး

သင့်အနေနဲ့ သင့် laptop ကို အမြဲသန့်ရှင်းတောက်ပြောင်နေအောင်လည်း ဂရုစိုက်သင့်ပါတယ်... ပ ထမဆုံးအနေနဲ့ပြောရရင် ဖုန်တွေဟာ သင့် laptop ရဲ့ အဓိကရန်သူဖြစ်ပါတယ်... ဖုန်အများဆုံး တက် တာကတော့ keyboard နေရာမှာဖြစ်ပြီး ခလုတ်တွေရဲ့ကြားထဲကနေ အထဲကိုဝင်လာပါ လိမ့် မယ်... ရက်တွေကြာလာတာနဲ့အမျှ ခလုတ်တွေရဲ့အောက်မှာ ဖုန်တွေစုလာပြီး ခလုတ်တွေကြောင် လာတတ် ပါတယ်... ဒီလိုမဖြစ်အောင် ဖုန်သုတ် brush တွေ.. အဝတ်စတွေနဲ့ သန့်ရှင်းရေးလုပ်တဲ့ ဆေးရည် တွေကို သုံးနိုင်ပါတယ်... keyborad ကို သန့်ရှင်းရေးလုပ်ဖို့ brush ကိုသုံးပါ... ဖုန်တွေကို လက်နဲ့ သုတ်ချဖို့မကြိုးစားပါနဲ့ ခလုတ်တွေပျက်နိုင်ပါတယ်.... ဒါကြောင့် cleaning kit လေးတွေကို ဝယ်ယူ အသုံးပြုသင့်ပါတယ်... screen ကို သန့်ရှင်းရေးလုပ်ဖို့အတွက်တော့ ဆေးရည်နဲ့ အဝတ်စတွေ ကိုသုံးပါ...

► အသုံးပြုပုံ

laptop ကို မှန်ကန်တဲ့အနေအထားမှာ ထားသုံးဖို့လည်း လိုပါတယ်... မညီညာတဲ့ မျက်နှာပြင်မှာ တင် မသုံးပါနဲ့... မညီညာတဲ့မျက်နှာပြင်မှာတင်သုံးရင်လည်း ချက်ချင်းကျိုးပဲ့ ထိခိုက်သွားတာမျိုးတော့ ကြုံရမှာမဟုတ်ပါဘူး... ဒါပေမဲ့ အစိတ်အပိုင်းတွေ တဖြည်းဖြည်းနဲ့ ထိခိုက်ပျက်စီးလာတာကို ကြုံရပါ လိမ့်မယ်... အကောင်းဆုံးမျက်နှာပြင်တွေကတော့ စားပွဲတွေ... cooler pad တွေလိုမျိုး ပြင်ညီ မျက် နှာပြင်တွေဖြစ်ပါတယ်... cooler pad တွေကို အပူကိုစုပ်ယူစွန့်ထုတ်နိုင်စေရုံသာမက ပြင်ညီ မျက်နှာ ပြင်မျိုးဖြစ်အောင် ဒီဇိုင်းထုတ်ထားတာကို သတိပြုမိပါလိမ့်မယ်...

► သောက်စရာများ

အအေးတွေ... လက်ဘက်ရည်... ကော်ဖီ... ရေ စတဲ့ သောက်စရာတွေကို laptop သုံးရင်း သောက် တာလည်း သိပ်ကောင်းတဲ့အချက်မဟုတ်ပါဘူး... ဘာကြောင့်လဲဆိုတော့ အဲ့ဒီအရည်တွေဖိတ်စင် သွားခဲ့ရင် keyboard ကနေတစ်ဆင့် laptop အတွင်းပိုင်းကို စိမ့်ဝင်သွားနိုင်ပါတယ်... ဒီလိုဖြစ်ခဲ့ရင် တစ်ချို့အစိတ်အပိုင်းတွေ ပုံမှန်အလုပ်မလုပ်တော့တာမျိုး ကြုံရနိုင်ပါတယ်.. ဒါကြောင့် laptop သုံးရင်း တစ်ခုခုသောက်တာမျိုး ကိုရှောင်သင့်ပါတယ်...

► Screen Guard

Screen ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ခြစ်မိတာမျိုးမကြုံရအောင် screen guard တွေကို သုံး သင့်ပါတယ်... screen guard တွေဟာ screen ထိခိုက်မှုကို အပြည့်အဝတော့ မကာကွယ်ပေးနိုင် ပေ မဲ့ ခြစ်ရာတွေထင်မှာနဲ့ screen ပေါ်ကို ဖုန်တက်မှာတွေကိုတော့ ကာကွယ်ပေးနိုင်ပါတယ်...

အတွင်းပိုင်းပြုပြင်ထိန်းသိမ်းမှု
----------------------------------------------------------------
၁) Antivirus
၂) System restore points
၃) backup
► Antivirus

သင့်စက်က antivirus ကို အမြဲတမ်း update လုပ်ထားဖို့လည်းအရေးကြီးပါတယ်... ဒီနေ့ခေတ်မှာ update မဖြစ်တဲ့ antivirus ကိုသုံးတာ အလုပ်မဖြစ်တော့ပါဘူး... အထူးသဖြင့် အင်တာနက်နဲ့ ချိတ် ဆက်သုံးစွဲတဲ့အခါ virus အမျိုးမျိုးဝင်လာနိုင်ပါတယ်... ပြီးတော့ memory stick တွေနဲ့ တခြား နေ ရာတွေအများကြီးကနေလည်း ဝင်လာနိုင်ပါတယ်... Virus အားလုံးလိုလို သင့်စနစ်ရဲ့ စွမ်းဆောင်ရည် ကို ကျဆင်းအောင်လုပ်ဆောင်နိုင်ပါတယ်... တစ်ချို့virus တွေကတော့ သင့်ကိုယ်ရေး အချက်အ လက်တွေကို ခိုးယူပါလိမ့်မယ်... ဒါကြောင့် ကောင်းမွန်တဲ့ antivirus ကိုသုံးဖို့လိုသလို နေ့စဉ် ဒါမှမ ဟုတ် ၃ ရက်တစ်ခါလောက်တော့ update လုပ်ပေးသင့်ပါတယ်... လိုင်စင်မရှိတဲ့ software တွေကို လည်း မသုံးပါနဲ့... အဲ့ဒါကလည်း virus တွေ တိုက်ခိုက်ဖို့ ပစ်မှတ်တွေဖြစ်နေတတ်ပါတယ်... တရား ဝင်မဟုတ်တဲ့ antivirus software တွေကိုလည်း အလွန်အကျွံအားမကိုးပါနဲ့.... စိတ်ချယုံကြည်ရတဲ့ တရားဝင် site တွေကပဲ ရယူအသုံးပြုပါ...

► System Restore Points

အကယ်လို့ antivirus တွေ အလုပ်ကောင်းကောင်းမလုပ်တာတို့ window မတက်တာတို့ကြုံလာရင် သင့်အနေနဲ့ ဘာလုပ်လို့ရမလဲ... ဖြေရှင်းနည်းကတော့ restore points တွေ ပြုလုပ်ထားခြင်းပဲ ဖြစ်ပါ တယ်... Restore Points တွေဟာ တကယ်အသုံးဝင်ပါတယ်... system က crash ဖြစ်ပြီး OS ကို load မလုပ်နိုင်တော့ဘူးဆိုရင် restore point ကို ပြန်သွားပြီး သုံးလိုက်ရုံပါပဲ... System ကောင်း ကောင်းလုပ်နေတုန်းမှာ restore point တစ်ခုလောက်ကို အရင်ဆုံးဖန်တီးထားရပါမယ်... သင်လိုအပ် ရင်လိုအပ်သလို restore point တွေ တစ်ခုထက်မက ထပ်ဖန်တီးလို့ရပါတယ်...

► Backup

သင့် laptop မှာ အရေးကြီးအချက်အလက်တွေရှိနေမယ်ဆိုရင် CD-ROM ဒါမှမဟုတ် တခြားတစ်ခုခု ထဲကို backup လုပ်ထားတာက ပိုကောင်းပါတယ်... ဘာကြောင့်လဲဆိုတော့ bad sectors တွေ ကြောင့် သင့်ရဲ့ hard disk ဟာ ဘယ်အချိန်မှာ damage ဖြစ်သွားမယ်ဆိုတာကို မသိနိုင်လို့ပါပဲ... bad sector တွေကို ရှင်းလင်းဖို့အတွက်ကတော့ သင့် hard disk ကို defrag လုပ်ရပါမယ်... ဒါပေမဲ့ ဘယ် လောက်ပဲ defrag လုပ်လုပ် backup လုပ်ထားတာလောက်တော့ စိတ်ချလို့မရပါဘူး... သင့်စက်ထဲက အချက်အလက်တွေ အချိန်မရွေးပျက်စီးသွားနိုင်တယ်ဆိုတာကို သတိပြုသုံးစွဲရပါမယ်...

Ref: All Tech Manuals
https://web.facebook.com/hnaingyintnway

လေးစားစွာဖြင့်...
IT-Guide..(N..L..H)
Powered by Blogger.