Memory တိုးတယ်ဆိုတိုင်း ကောင်းပါသလား?

 
ကျွန်တော့် ကွန်ပျူတာမှာ ၀ယ်တုန်းက memory 512MB ဖြစ်ပါတယ်။ အခု သူငယ်
ချင်းတစ်ယောက်ဆီကနေ 256MB RAM တစ်ချောင်းရလာပါတယ်။ အမျိုးအစား
လည်းတူ၊ အရွယ်လည်းတူပြီး ထည့်တာကိုလည်း ကွန်ပျူတာကလက်ခံပါတယ်။
ဒါပေမယ့် ကျွန်တော်နာမလည်းလို့လား မသိဘူး။ ကွန်ပျူတာက သိပ်ထူးခြားပြီး
ပြန်မလာပါ။ ဘာလိုလဲဆိုတာကို ရေးပြပေးပါခင်ဗျာ…

တစ်ခုခုတော့ လိုအပ်နေတာအမှန်ပါ။ ကွန်ပျူတာသမားမျာအနေနဲ့ RAM ကို စက်
က လက်ခံရင် ပြီးပြည့်စုံတယ်လို့ ထင်တယ်ကြပါတယ်။ တကယ်တမ်းတိုးလိုက်
တာ မှန်ပေမဲ့ စနစ်မကျလို့ တိုးလိုက်တဲ့ Memory ကို ကွန်ပျူတာက အပြည့်အ၀မ
သုံးနိုင် ဖြစ်နေတာပါ။ ဒါကြောင့် အောက်ပါအချက်အလက်ကို သတိပြုစစ်ကြည့်
စေချင်ပါတယ်။

၁။ ပထမဆုံး ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Motherboard ဟာ RAM ဘယ်
လောက်ထိ တိုးမြှင့်တာကို လက်ခံမယ်ဆိုတာ စစ်ဆေးပါ။ Motherboard ရဲ့
Manual ကို ဖတ်ကြည့်ပါ။
၂။ Motherboard ကိုစစ်ရခက်ရင် L2 Cache ဟာ Memory ဘယ်လောက်ဆို
တာကြည့်ပါ။ ဥပမာ L2 ဟာ 512 ဖြစ်နေရင် ၄င် ကွန်ပျူတာမှာ ထည့်ရမယ် RAM
ဟာ 512 MB ဖြစ်ရပါမယ်။ လိုအပ်လို့ ထပ်တိုးချင်ရင် နှစ်ဆအထိ တိုးမြှင့် နိုင်ပါ
တယ်။

၃။ တကယ်လို့ Motherboard မှာ Socket လေးခုရှိရင် Socket နှစ်ခု (တစ်စုံ)
ဟာ Channel B မှာ တပ်ရပါမယ်။ အဲဒီမှာ 256MB နှစ်ချောင်း တပ်မယ်ဆိုရင် Channel A မှာ တပ်ရပါမယ်။ နောက် 512 နှစ်ချောင်းတပ်မယ်ဆိုရင် Channel B
မှာ တပ်ရပါမယ်။ ဆိုလိုတာက 256MB နဲ့ 512MB တစ်စုံကို တွဲပြီး မတပ်သင့်ပါ။
၎။ အဲဒီလိုပဲ Socket လေးခုမှာ နှစ်ချောင်းကို တပ်ရင် ပထမဆုံး Socket ကစပြီး
အစဉ်လိုက်တပ်ရပါမယ်။

၅။ Socket လေးခု ရှိပေမဲ့ RAM ကတစ်ချောင်းတည် တပ်ဖို့ဖြစ်နေရင် ပထမဆုံး Socket မှာပဲ တပ်သင့်ပါတယ်။ CPU သည် Socket အားလုံး Data ဖတ်ရာမှာ ပထမဆုံး Socket ကစပြီးဖတ်ပါတယ်။

၆။ Socket 2 ခုမှာ 256MB နဲ့ 512MB ကို တွဲပြီး မတပ်သင့်ပါ။ တူတဲ့ RAM ချင်း
တပ်ရပါမယ်။ ဥပမာ 256MB နဲ့ 512MB ကိုတွဲပြီး မတပ်သင့်ပါ။ တူတဲ့ RAM ချင်း
တပ်ရပါမယ်။

Computer Questions & Answers Book မှ ရေးသားတင်ပြလိုက်သည်။

လေးစားစွာဖြင့်
NayLinHtet (IT-Guide)
Powered by Blogger.