သင့် Hardisk ပေါ်က ဖျက်နိုင်သည့်ဖိုင်းများ



၁။ Temp (temporary) ဖိုင်များကို ဖျက်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိဒါမှမဟုတ်
ဒီနေ့ လုပ်နေတဲ့ temp ဖိုင်းများကို မဖျက်ပါနဲ့။ Start/Run…မှာ %temp% လို့ ထည့်လိုက်ပါ။ ပေါ်လာတဲ့ ဖိုင် Name ကို details နဲ့ကြည့်ပြီး၊ ဒါမှမဟုတ် Date modified လုပ်ပြီး ယခင် temp ဖိုင်ဟောင်းများကို ဖျက်နိုင်ပါတယ်။

၂။ ၀င်းဒိုးစနစ်မှာ ထည့်ပေးထားတဲ့ Disk Cleanup ကို မကြာခဏသုံးပါ။
Start/All Program/ Accessories/ Add or Remove Programs မှာရှာပြီး မလိုရင်ဖျက်လိုက်ပါ။

၃။ အရေးတကြီး မလိုအပ်ဘဲနဲ့ ဆော့ဖ်အသစ်များကို မတင်ပါနဲ့။ တင်ထားရင်
လည်း Start/ Control Panel/ add or Remove Programs မှာ ရှာပြီး မလိုရင်ဖျက်လိုက်ပါ။

၎။ အင်တာနက်သုံးတဲ့ ကွန်ပျူတာများအတွက် မလိုအပ်တဲ့ ဖိုင်တွေ ပိုများပါလိမ့်မယ်။ Internet Explorer မှာ Tools ကို ကလစ်လုပ်ပြီး၊ Ineternet Options အားဖွင့်ပါ။
၎င်း General (Tab) မှာ Delete Cookies, Delete Files, Clear History တို့ကို ကလစ်တစ်ချက်နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Mozilla Firefox မှာ Tools/ Options..ကိုဖွင့်ပြီး Privacy (tab) ကိုပြောင်းပါ။ အဲဒီ Clear Now ကိုဖွင့်ပြီး History, Cache, Cookies တို့ကို ရှင်းထုတ်နိုင်ပါတယ်။

သတိပြုစရာတစ်ချက်က Cache နဲ့ History တို့ကို ရှင်းထုတ်လိုက်ရင် နောက်တစ်
ခါ အဲဒီ ၀က်ဆိုက်များကို ဖွင့်တဲ့အခါ ကြာကောင်းကြာပါလိမ့်မယ်။

၅။ မလိုအပ်တဲ့ ဖိုင်များကို ရှာဖွေဖျက်ပေးနိုင်တဲ့ သီးခြားဆော့ဖ်ဝဲ တစ်ခုခုကို သုံးပါ။ ဥပမာ Symantec's CleanSweep ကို သုံးကြည့်ပါ။ Clean Sweep ရဲ့ Fast &
Safe Cleanup (feature) ဟာ အတော်ကောင်းတယ်လို့ ညွှန်းကြပါတယ်။
အခြားဆော့ဖ်ဝဲများလည်း ရှိကြပါတယ်။

၆။ လိုလိုမယ်မယ် ဖျက်နိုင်တဲ့ Extension များကို ဖော်ပြပေးလိုက်ပါမယ်။ *.*,---; *.1st, ~$*. Doc, *.bak, *.cab, *.chk, *.dos, *.fts, *.gid, *.log, *.old,
*.prv, *.shs, *.tmp, *.shs, *.tmp, *.wbk ၄င်းတို့ကို မိမိအတွေ့ အကြုံပေါ်မှုတည်ပြီး Search လုပ် ဖျက်နိုင်ပါတယ်။

၇။ အချို့ဖိုင်းများဟာ Hidden လုပ်ထားလို့ မမြင်နိုင်ပါ။ အဲဒီအတွက် View/
Options ဒါမှမဟုတ် View/Folder Options ဒါမှမဟုတ် Tools/ Folder
Option ကိုဖွင့်ပါ။ Folder Options (Box) ပေါ်ရင် View tab သို့ ပြောင်းပြီး
Show Hidden files and folders ကို အမှတ်ခြစ်ရွေးချယ်ပါ။ Hidden လုပ်ထား
တဲ့ ဖိုင်းများကို မြင်ရပါမယ်။

၈။ Thumbs.db ဖိုင်များဟာလည်း တကယ့်တော့ မလိုအပ်ပါ။ Search နဲ့ရှာပြီး၊ ဖျက်နိုင်ပါတယ်။ ဒါပေမယ့် ပုံတွေကို ကြည့်တိုင်းပြန်တိုးလာမှာပါ။ ၄င်း ဖိုင်များ မပေါ်ချင်ရင် Tools/Folder Options သို့ဝင်ပြီး View (tab) ကို ပြောင်းပါ။
Do not ache thumbnails ကို အမှတ်ခြစ် ရွေးချယ်ထားလိုက်ပါ။

၉။ Start/Run…မှာ Prefetch လို့ရိုက်ပြီး ပေါ်လာတဲ့ ဖိုင်များကို ဖျက်နိုင်ပါတယ်။ အချို့က မဖျက်သင့်ဘူးလို့ ဆိုပါတယ်။ ဒီလိုပဲ Recent လို့ရိုက်ထည့်ပြီး ပေါ်လာ
တဲ့ ဖိုင်းများကို ဖျက်နိုင်ပါတယ်။

၁၀။ တကယ်လို့မလိုအပ်ဘူးထင်တဲ့ ဖိုင်များကိုဖျက်ပြီးမှ စိတ်က သံသယရှိနေ
ရင် အဲဒီဖိုင်များကို ဖိုလ်ဒါတစ်ခုထဲသို့ထည့်ထားပြီး၊ ZIP လုပ်ပါ။ ကွန်ပျူတာမှာ တစ်လလောက်သုံးနေပြီး၊ အမှားမပြရင် ဒါမှမဟုတ် ဖျက်ထားတဲ့ ဖိုင်ကို မတောင်း
ရင် အပြီးဖျက်နိုင်ပါတယ်။

Computer Questions & Answers Book မှ ရေးသားတင်ပြလိုက်သည်။

လေးစားစွာဖြင့်
NayLinHtet (IT-Guide)
Powered by Blogger.