VGA card ပျက်ပြီဆိုရင် ဘယ်လိုသိနိုင်မလဲ


 
စက်တစ်လုံးမှာ Video graphic array (VGA) card ဘာကြောင့် ပျက်ရသလဲ၊ ပျက်ပြီဆိုရင် ဘယ်လိုသိနိုင်မလဲ၊ VGA ပျက်လို့ရှိရင်ကောဘာတွေဖြစ်နိုင်မလဲဆိုတာဆွေးနွေးကြည့်ရအောင်။ VGA ကဒ်ပျက်ရတဲ့ အကြောင်းရင်းမှာအများအားဖြင့် VGA processor heat တက်ပြီးအလွန်ပူပြင်းလာကာထိုအပူကိုမထိန်းနိုင်တော့ပဲလောင်ကျွမ်းသွားတာ ဖြစ်ပါတယ်။ ဒါဆိုဘာကြောင့် heat တွေ အရမ်းတက်နေရတာလဲ၊ နေ့ရောညပါ အမြဲတမ်း graphic နဲ့ ပတ်သက်တဲ့ ဂိမ်း ၊ application တွေကိုအနားမပေးပဲသုံးနေမယ်ဆိုရင် graphic processor overheat ဖြစ်လာမယ်။
အရမ်းပူလာမယ်
၊ ဒီအပူကိုစွန့်ထုတ်ပေးဖို့  VGA ကဒ်မှာပါတဲ့ processor ပေါ်မှာပန်ကာသို့မဟုတ် heat sink ပါရှိပါတယ်။ အဲဒီပန်ကာ heat sink တွေမကောင်းရင် လည်ပတ်နှုန်းမမှန်တော့ပဲကျဆင်းသွားရင်လည်း VGA processor heat တက်တာပါပဲ။ အများအားဖြင့် heat ကြောင့် ပျက်တာများပါတယ်။ Electronic ပစ္စည်းတွေကအပူနဲ့ မကင်းပါ။
သူတို့တွေကမတည့်အတူနေကြတဲ့သူတွေ ဖြစ်တယ်။ VGA card မှာပါတဲ့ component ၊ capacitor ၊ transistor တွေ ပျက်စီးရင်လည်း VGA card အသုံးပြု၍ မရတော့ပါ။ သို့သော်လည်းထို component တွေက ဖြစ် ခဲပါတယ်။ Quality ညံ့ရင်တော့ ပျက်တတ်တယ်။ Capacitor တွေရဲ့ ထိပ်တွေ ဖောင်းလာစူလာတာမျိုးတွေ ဖြစ်လာမယ်။ အဲလိုစူဖောင်းထွက်နေရင် အခြေအနေမကောင်းတော့ဘူးဆက်သုံးနေရင် ခဏအတွင်းပျက်မှာသေချာတယ်။ VGA built in တွေကပျက်ခဲတယ်။ အကယ်၍ built in မပါတဲ့ motherboard တွေမှာဆိုရင် on board ဖြစ်တဲ့ VGA slot မှာစိုက်ရပါတယ်။ ဒီနေရာမှာ VGA slot က ကောင်းမွန်ဖို့လည်းလိုပါတယ်။ VGA slot မကောင်းရင်လည်း VGA card ကအလုပ်မလုပ်ပါဘူး။ ဒါဆိုရင် built in မပါတဲ့ motherboard မှာ VGA slot ကလည်းမကောင်းဘူးဆိုရင်တော့ motherboard အသစ်ပဲ ၀ယ်ဖို့ ရှိတော့တယ်။ ဘာလို့လဲဆိုတော့ VGA card က motherboard တစ်ခုမှာတစ်ကဒ်ပဲပါလို့ ဖြစ်ပါတယ်။ VGA card ကိုခဏခဏအဖြုတ်အတပ် များလွန်းရင်လည်း card ရဲ့ အောက်ခြေကရွှေရောင်ကြေးသွားလေးတွေ ပွန်းပဲ့ပြီးတော့ တစ်နေနေရာကသာမမိပဲလွတ်နေမယ်ဆိုရင်လည်း VGA ပျက်နိုင်တယ်။
- VGA card မကောင်းဘူးဆိုရင် ဘာတွေပြလာမလဲ
အဲလိုover heat ဖြစ်ပြီး VGA card ကလောင်သွားလို့ပဲ ဖြစ်ဖြစ် card မှာရှိတဲ့ component တွေမကောင်းလို့ပဲ ဖြစ်ဖြစ် VGA card က ချို့ယွင်းပြီဆိုရင်
1. Monitor screen မှာ color တွေ ကွက်တိကွက်ကြား ဖြစ်ပေါ်ခြင်း
2. Color တွေ ထပ်နေခြင်း ၊ color တွေမမှန်တော့ခြင်း
3. Screen ရဲ့ထောင့်မှာcusorမှိတ်တုတ်မှိတ်တုတ်သာ ပြခြင်း (သို့) လုံးဝ ဘာမှတက်မလာပဲ
- ငြိမ်သက်နေခြင်း
4. Video card failure message ပြခြင်း
5. Motherboard မှ beep sound (တီတီတီ )ဆိုပြီး beep အသံထုတ်ပေးခြင်းစတာတွေကို ပြပါတယ်
- VGA card ကိုဘယ်လိုစစ်မလဲ
ပထမဆုံးမော်နီတာ ပါဝါကြိုးတပ်ထားသလား ကြည့်ရမယ်၊ power ကြိုးလဲတပ်ထားတယ်၊ on လည်း on ထားတယ် (မော်နီတာမှာ LED မီးသီး အ၀ါရောင်လေး လင်းနေရဲ့လား ကြည့်ပါ) ဟုတ်ပြီမော်နီတာ power on ထားသော်လည်း လုံးဝ တက်မလာ၊ မော်နီတာ data cable ကြိုးတွေကိုတပ်ဆင်ထားသလားစစ်ရမယ်။ ဒီနေရာမှာမော်နီတာရဲ့ cable connector လေးတွေမှာပါတဲ့ pin လေးတွေဟာကြိုးနေကွေးနေလို့ မရပါဘူး။ အဲဒီ pin တွေ ကြိုးနေကွေးနေရင်လည်းမော်နီတာမှာအထက်ကပြတဲ့ error တွေပြတတ်ပါတယ်။ ကြိုးကိုစစ်တဲ့အခါ VGA မှာ ကြိုးနှစ်မျိုးနဲ့ လာလေ့ရှိတယ်။ 15 pin 3 rows (အပြာရောင် female connector) နဲ့ DVI connector တို့ဖြစ်တယ်။ ဟိုးအရင် ကဒ်အဟောင်းတွေမှာတော့ 15 pin 3 rows တွေပဲပါတတ်ပါတယ်။ Card မှာမော်နီတာကလာတဲ့ကြိုးကိုထိထိမိမိတပ်ဆင်ထားရဲ့လားသေချာစစ်ပါ။ ခုလိုစစ်တဲ့အခါမှာ ကျွန်တော်တို့ကမော်နီတာ data cable ကြိုးကို ဖြုတ်လိုက် တပ်လိုက် လုပ်နေတော့ ကြာပါတယ်ကွာ။ အသာလေးတေ့ ထားလိုက်မယ်။ မိမိက VGA ကိုခဏစမ်းတာပဲဆိုပြီး VGA connector ကို motherboard မှာတပ်ထားတာမျိုးရှောင်ပါ။ မိမိရဲ့ စိတ်ထဲမှာ connector ကိုသေသေချာချာတပ်ထားပြီးပြီလို့ confidence ရှိအောင်လို့ပါ။ ဒါမှတခြား ဖြစ်နိုင်စရာကိုစိတ်ချလက်ချ စဉ်းစာနိုင်မှာ ဖြစ်ပါတယ်။ နို့မိုဆို နှစ်ခါ ပင်ပန်းပါလိမ့်မယ်။
- အစားထိုးစမ်းသပ်ခြင်း
မိမိစက်မှာ power on လိုက် ကြိုးတွေ သေချာစစ်လိုက် card တွေ သေချာအံကျအောင် စိုက်ထားသလား ကြည့်လိုက်နဲ့ အမျိုးမျိုးစမ်းသပ်သော်လည်းမော်နီတာမှာအထက်ကဆွေးနွေးတဲ့ ၅ ချက်ထဲကလို ဖြစ်နေတုန်းပဲဆိုရင် အခြားစက်မှာစမ်းသပ်ဖို့ လိုလာပါပြီ။ VGA card ကတော့ ဘယ် motherboard မဆိုတပ်ဆင်လို့ ရပါတယ်။ ဒါမှလည်းစီးပွားရေးလုပ်တဲ့ company တွေ အဆင်ပြေမှာပေါ့။ သူ့ တို့ရဲ့ card ကို motherboard မှာ Compactible ဖြစ်အောင်လုပ်ထားတယ်။ ဒါဆိုမိမိ VGA card ကိုတခြားစက်မှာစိုက်ကြည့်မယ်။ မိမိသွားစမ်းသပ်မဲ့ စက်ကအားလုံးကောင်းနေဖို့ လိုပါတယ်။ ပုံမှန် အကောင်းပကတိသုံးနေတဲ့ ကွန်ပျူတာတစ်လုံးပေါ့ဗျာ။ VGA card ကိုစိုက်ဖို့အတွက် စက်ဖုံးဖွင့်ရမှ ဖြစ်ပါတယ်။ ကြိုပြောပါရစေကွန်ပျူတာ casing အဖုံးဖွင့်ပြီးအထဲက device တွေကို ဖြုတ်တပ်လုပ်တော့မယ်ဆိုရင် ကွန်ပျူတာကိုပိတ်ပါ (shut down ချပါ) power supply နောက်မှာရှိတဲ့ on/off ခလုတ်ကိုလည်းပိတ်ပါ။ နံရံကလာတဲ့ power supply အ၀င်ကြိုးကို ဖြုတ်ထားပါ။ ဒီလို power ကြိုးတွေ ဖြုတ်ထားတာတောင်မှ အထဲမှာ 5V ၀င်နေသေးတယ်တဲ့။ ဘယ်ကနေ၀င်နေတာတုန်း power supply ကလာတဲ့ power distributer ဖြစ်တဲ့ 20/24 pin ATX connector ရဲ့ pin no 9 မှာ ၀င်နေတယ်။ သူက expansion slot တွေကို power ပေးတယ်။ ဒါဆိုရင် expansion slot မှာလာစိုက်ထားတဲ့ card တွေကိုထိမိကိုင်မိရင် ဓါတ်လိုက်တာကိုခံစားမိမှာ ဖြစ်တယ် (အနည်းငယ်တော့ ကျဉ်ခနဲ ဖြစ်မှာပေါ့)။ ဒီတော့ ဒီ ATX power connector ကိုပါ motherboard ကနေ ဖြုတ်ထားလိုက်တော့ အန္တရယ်ကင်းကင်းနဲ့ လုပ်နိုင်တာပေါ့။
အထဲကပစ္စည်းတွေကိုကိုင်တော့မှာ ဖြစ်တဲ့အတွက် စက်အဖုံးသံပြားလေးမှာလေး၊ ငါးစက္ကန့်လောက် လက်ကိုပွတ်ပေးလိုက်ပါဦး။ Electro static ကို discharge လုပ်လိုက်တာ ဖြစ်တယ်။ ATX power connector ကိုဖြုတ်ပြီးပြီဆိုရင် မိမိရဲ့ card ကိုတပ်လို့ ရပါပြီ။ သေချာစိုက်ပါ၊ ထိမိအောင်စိုက်ပါ။ ပြီးတာနဲ့ monitor cable ကြိုးတပ်ပါ၊ power supply ကြိုးတွေ တပ်ပါ၊ တပ်ပြီးရင် power supply on/off ခလုတ်ကို on ပါ။ တစ်ချို့ power supply တွေကတော့ on/off ခလုတ် မပါ ဘူး။ ပြီးမှ ကွန်ပျူတာ power ကိုဖွင့်လိုက်ပါ၊ မော်နီတာကိုစောင့်ကြည့်လိုက် ပုံမှန်အတိုင်းတက်သွားပြီးအလုပ်လုပ်နေတယ်။ ကောင်းတယ်ဆိုရင်တော့ မိမိ VGA card မှာ ပြဿနာမရှိဘူး။ ဒါဆိုရင် မိမိရဲ့ စက်မှာ power နဲ့ cable တွေကို ပြန်စစ်ပါ။ အဲသလိုမဟုတ်ပဲနဲ့ မိမိ card တပ်ဆင်ပြီးလည်းယခင်ကစက်မှာတပ်ဆင်ထားသကဲ့သို့ အထက်က ၅ ချက်ထဲကအတိုင်း ဖြစ်နေမယ်ဆိုရင် VGA card ပျက်ပြီလို့ သတ်မှတ်နိုင်ပါတယ်။ VGA card ပျက်ပြီဆိုရင် card ရဲ့ processor fan ကိုဖြုတ်ပြီး fan နဲ့ processor ကြားထဲမှာ thermal compound (ကော်စေး) လေးပြန်သုတ်ပေးပြီးစမ်းကြည့်လိုက်ပါ။ အဆင်ပြေသွားတတ်ပါတယ်။ ကော်စေးထည့်သော်လည်းနဂိုအတိုင်း ဖြစ်နေဦးမယ်ဆိုရင်တော့ VGA card အသစ်လဲဖို့ လိုအပ်ပြီ ဖြစ်ပါတယ်။

Credit: Original Aurthor
Source: Internet (Knowledge Box)
လေးစားစွာဖြင့်..
IT-Guide...N..L..H
Powered by Blogger.