ကဝေမနှင့်တစ်ပွဲတစ်လမ်း
#ကဝေမနှင့်တစ်ပွဲတစ်လမ်း#
Writer-ဝေဖြိုး
ဒီအဖြစ်အပျက်က ၁၉၉၅ခုနှစ် အတွင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ (၅) ရပ်ကွက်မှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်... အပင်းသွင်းခံရသူက (၅) ရပ်ကွက်
---------လမ်းမှာ နေထိုင်သူ မခိုင်ခိုင် ဖြစ်ပြီး... ဒီဖြစ်ရပ်မှန် ဇာတ်လမ်းကို မခိုင်ခိုင်ရဲ့ ခင်ပွန်း ဦးအေးဝင်း ကိုယ်တိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။ အပင်းသွင်းသူကတော့ မွေးရာပါ အောက်လမ်းပညာသည် အဆင့်မြင့် ကဝေမတစ်ယောက်လို့ ဦးအေးဝင်းက ပြောပြပါတယ်။ ဒီအဖြစ်အပျက် ဖြစ်ပွားရခြင်း အကြောင်းက ရန်လိုမုန်းထား အငြိုးကြီးမားခြင်းနှင့် သူတစ်ပါး စီးပွားဥစ္စာဖြစ်ထွန်းနေမှု အပေါ် မုဒိတာမပွားနိုင်တဲ့ မနာလိုစိတ် ကနေ စတင်ခဲ့တာပါ။ ကိုအေးဝင်းနဲ့ မခိုင်ခိုင်တို့ လင်မယားဟာ တောင်ဥက္ကလာ ----------ဈေးမှာ ကုန်စုံဆိုင်ကြီး ဖွင့်ထားပါတယ်။ မနက်၆နာရီ ထိုးတာနှင့် အလုပ်သမား တွေက ဆိုင်ဖွင့်ပြီး ရောင်းပါတယ်။ ကိုအေးဝင်းတို့ လင်မယားကတော့ ရှစ်နာရီထိုးမှ ဆိုင်ကို ရောက်လေ့ရှိတယ်။ သူတို့ရောင်းတဲ့ ဈေးထဲမှာပဲ အသုပ်စုံရောင်းတဲ့ မိန်းမကြီးတစ်ယောက် ရှိတယ်။ အသုပ်ဆိုင်အတွက် လိုအပ်တာတွေကို ကိုအေးဝင်းတို့ ဆိုင်မှာပဲ မနက်တိုင်း လာဝယ်တယ်။ ဝယ်တဲ့အချိန်က ဆိုင်ဖွင့်ပြီးစ အချိန်။ အဲ့ဒီအချိန်မှာ ကိုအေးဝင်းတို့ ရောက်မလာသေးဘူး။ မိန်းမကြီး ဝယ်တဲ့ပုံစံက ခေါက်ပြန်ငွေချေစနစ် အဟောင်းပေး အသစ်ယူတဲ့ ပုံစံ။ ဖြစ်နေတာက ကုန်ကို ယူချင်သလောက်ယူပြီး ကြွေးစာရင်းကျ မှတ်ခိုင်းချင်သလောက် မှတ်ခိုင်းနေတာပါပဲ။ ဥပမာ- တစ်ထောင်ဖိုးယူပြီး နှစ်ရာလောက်ပဲ စာရင်းမှတ်ခိုင်းတာမျိုး။ ဆိုင်က အလုပ်သမားတွေကို အောက်လမ်းပညာနဲ့ အဟန့် လုပ်ထားတော့ သူပြောသလိုပဲ မှတ်ကြရတယ်။ မိန်းမကြီးဟာ နေ့စဉ် နေ့တိုင်း ဒီအတိုင်းပဲ လုပ်နေတယ်။ လတွေများလာတော့ ကိုအေးဝင်းတို့ ဆိုင် အရှုံးပြလာတယ်။ ဒါပေမယ့် ဘာဖြစ်လို့ အရှုံးပြနေတာလဲ ဆိုတာ ကိုတော့ သူတို့မသိကြဘူး... တစ်နေ့မှာ အဲ့ဒီမိန်းမကြီး ဈေးဝယ်နေတုန်းမှာ အမျိုးသမီး တစ်ယောက် ဈေးလာဝယ်တယ်။ အဲ့ဒီ အမျိုးသမီးက မခိုင်ခိုင်ရဲ့ မိတ်ဆွေ သူဟာ မိန်းမကြီးလုပ်သမျှ အစအဆုံး တွေ့သွားတယ်။ သူတွေ့သမျှ အားလုံး မခိုင်ခိုင်ကို ပြန်ပြောပြတယ်။ အဲ့ဒီ မိန်းမကြီးနှင့် မခိုင်ခိုင်တို့ နှစ်ယောက် ဈေးထဲမှာ စကားများ ရန်ဖြစ်ကြတယ်။ အဲ့ဒီအချိန်ထိ မိန်းမကြီးဟာ ကဝေမကြီးဆိုတာ ကိုအေးဝင်းတို့ မသိကြသေးဘူး။ ရန်ဖြစ်ပြီးလို့ တစ်လလောက် ကြာတော့ ကိုအေးဝင်းကပဲ ကြားဝင် ဖျန်ဖြေပေးတယ်။ ဆိုင်ချင်းကလည်း မျက်စောင်းထိုး နေ့တိုင်းလဲ မျက်နှာချင်းဆိုင်နေမိတယ်။ ပြီးတော့ ဈေးသူဈေးသားချင်း ဒီလို မခေါ်မပြော နေကြရတာ မကောင်းဘူးဆိုပြီး ကိုအေးဝင်းဟာ အဲ့ဒီမိန်းမကြီး ဆိုင်ကနေ နန်းကြီးသုပ်တစ်ပွဲ မှာလိုက်တယ်။ မခိုင်ခိုင်က ရန်ဖြစ်ထားတဲ့အတွက် လုံးဝ မစားဘူး။ ကိုအေးဝင်း စားကြည့်တော့ အရသာရှိတယ်။ ဒါကြောင့် မခိုင်ခိုင်ကို ချော့ပြီးကျွေးတယ်။ မခိုင်ခိုင် နန်းကြီးသုပ်တစ်ဇွန်း ခပ်စားလိုက်တယ်။ ဟင်းချို သောက်မယ်အလုပ်မှာ ယင်တစ်ကောင်က ဟင်းချိုပူထဲ ကျသေသွားတယ်။ မခိုင်ခိုင် ဆက်မစားဖြစ်တော့ဘူး။ နန်းကြီးသုပ် တစ်ဇွန်းပဲ စားလိုက်ရတယ်။ ဒါပေမယ့် အဲ့ဒီ တစ်ဇွန်းထဲမှာပဲ အပင်းသွင်း ခံလိုက်ရတယ်ဆိုတာ သူတို့မသိလိုက် ကြဘူး။ အဲ့ဒီနေ့ကစပြီး မခိုင်ခိုင် တစ်ယောက် ထမင်းမစားချင် ဟင်းမစားချင် ဖြစ်လာတယ်... အဲ့ဒီကနေ နေမကောင်းသလို အအိပ်ပျက်သလို အစားပျက်သလို တရှောင်ရှောင် ဖြစ်လာတယ်။ ကိုအေးဝင်းဟာ ဇနီးသည်ရဲ့ ရောဂါ ပျောက်ကင်းဖို့အတွက် ပုဂ္ဂလိက စပါယ်ရှယ် ဆေးခန်းတွေကို သွားတယ်။ အထူးကုဆရာဝန် ပါရဂူကြီးတွေနဲ့ တစ်ယောက်ပြီး တစ်ယောက် ပြတယ်။ ဒီလို ဂရုစိုက် နေတဲ့ ကြားကပဲ အစားသောက် ပျက်ရာကနေ အရည်လောက်ပဲ ဝင်တော့တယ်။ နောက်တော့ အရည်ပါ မသောက်တော့ဘူး ဂလူးကို့စ် အသက်ပဲ ရှိတော့တယ်။ အရင်က ဝင်းပစိုပြေ အသားရေနှင့် ကျက်သရေရှိတဲ့ အလှပိုင်ရှင်... တဖြည်းဖြည်းနှင့် အရိုးပေါ် အရေတင် ဖြစ်လာတယ်။ အိပ်ရာထဲမှာပဲ ဗုန်းဗုန်း လဲကျတဲ့ဘဝ ရောက်သွားတယ်။ အထူးကုဆေးခန်းတွေ တစ်ခုပြီး တစ်ခု။ အထူးကုဆရာဝန်တွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေပါလျက်... သက်သာရာ မရပဲ ပိုဆိုးလာတယ်။ ရောဂါကလဲ အမည်တပ်လို့မရတဲ့ ဘာမှန်းမသိတဲ့ ရောဂါ ဖြစ်နေတယ်။
"ခင်ဗျားမိန်းမရဲ့ ရောဂါဝေဒနာက မရိုးဘူး ပယောဂထင်တယ် သူများပြုစားခံရတာ နေမယ် တတ်ကျွမ်းနားလည်တဲ့ ဆရာသမားနှင့် ပြသင့်တယ်" ကိုအေးဝင်းဟာ မိတ်ဆွေတချို့ရဲ့ စကားကို လက်မခံခဲ့ဘူး။ သူက ဘုရားမှတစ်ပါး ဘာကိုမှ ကိုးကွယ်ရာ အားထားရာ မထားတဲ့သူ။ အထက်ဂိုဏ်း အောက်ဂိုဏ်း ဆိုတာ မပြောနဲ့ အလယ်ဂိုဏ်းလည်း မယုံဘူး ဆိုတဲ့ လူစား။
"ဟိုဂိုဏ်းက ဆရာကြီး ဒီဂိုဏ်းက ဆရာကြီးဆိုပြီး ဆေးကုခံကြ နောက်ဆုံးကျ ဆရာ့နောက် သမီး ပါသွားလို့ပါသွား မိန်းမ ပါသွားလို့ပါသွား ဘယ်ဆရာမှ မယုံဘူး" လို့လဲ ခဏခဏ ပြောတတ်သေးတယ်။ ဒီလိုနှင့် လေးငါးခြောက်လ ကြာသွားတယ်... ရောဂါက ပိုဆိုးလာတယ်။ နောက်ဆုံး ဆရာဝန်တွေတောင် လက်လျှော့တဲ့ အဆင့် ဖြစ်သွားတယ်။ ကုန်တဲ့ငွေကလဲ သောက်သောက်လဲ အဲ့ဒီတုန်းက ခေတ်စားနေတဲ့ မာဇဒါလေးဘီးကား သုံးလေးစီး ဝယ်လို့ရတဲ့ ငွေတွေ... အဲ့ဒီအချိန် ရောက်လာမှ ကိုအေးဝင်း စိတ်ထဲမှာ
"သူတို့ပြောသလို ပယောဂ အတိုက်အခိုက်များ ဖြစ်နေတာလားး" ဆိုတဲ့ အတွေးလေးတစ်စ ဝင်လာတယ်။ ဒါနဲ့ပဲ ကြည့်မြင်တိုင် သရက်တောက ရွှေရင်ကျော် ဆရာကြီး ဦးသန်းညွှန့် ဆီကို ရောက်သွားတယ်..အဲ့ဒီတော့မှ. ..
"အထက်လမ်း အောက်လမ်း ဘယ်လမ်းမှ မယုံဘူး ဟိုဆရာ ဒီဆရာ ဘယ်ဆရာမှ အထင်မကြီးဘူး" ဆိုတဲ့ ကိုအေးဝင်းတစ်ယောက်... မယုံနိုင်လောက်အောင် ထူးခြားဆန်းကြယ်တဲ့ အဖြစ်တွေကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားရတယ်... မှော်ကားတစ်ကား ကြည့်နေရသလို မြင်ခဲ့ရပါတယ်လို့ ပြောလာပါတော့တယ်...
ထူးဆန်းတဲ့ဆရာ
"ကျွန်တော်တို့ ရွှေရင်ကျော် အထက်ဂိုဏ်းက ပယောဂ အတိုက်အခိုက် အမျိုးမျိုးကို နိုင်ပါတယ် အောက်လမ်း အမှောင့်ပယောဂနှင့် ယှဉ်တဲ့ အစာပင်း အဆိပ်ပင်း သွေးပင်း လေပင်း သည်းခြေပင်း စတဲ့ အပင်း မှန်သမျှကို နိုင်ပါတယ် အဆိပ်နှင့်ပက်သက်ရင်လဲ မြွေပွေး မြွေဟောက် အဆိပ်ကအစ အင်ဒရင်း(ပိုးသတ်ဆေး)အဆိပ် အဆုံး အားလုံးကို ကုသနိုင်ပါတယ်။ ပယောဂမှန်ရင် လုံးဝ တာဝန်ယူ ကုသပေးပါ့မယ်။ ပယောဂမတွေ့လို့ သွေးရိုးသားရိုးဖြစ်တဲ့ ရောဂါဆိုရင်တော့ ဆရာဝန်နှင့်ပဲ ကုရမှာ ဖြစ်ပါတယ်.."
ဒါက ကိုအေးဝင်းတို့ ရောက်ရောက်ချင်း ဆရာကြီး ဦးသန်းညွန့် ပြောတဲ့စကားပါ။ ပြောပြီးမှ လူနာကို အအပ်ခံတယ်။ လူနာလက်ခံပြီးမှ ပယောဂ အတိုက်အခိုက် ဟုတ် မဟုတ် စစ်ကြည့်တယ်... ဆရာကြီး ဦးသန်းညွှန့်ရဲ့ ပယောဂ စစ်ပုံစစ်နည်းနဲ့ ပက်သက်ပြီး ကိုအေးဝင်းက သူတွေ့မြင်ရပုံကို ဒီလို တအံ့တသြ ပြောပြပါတယ်..
ပရိသတ်အလယ်မှာ ကျွန်တော့ဇနီး မခိုင်ခိုင်ကို ခြေဆင်းပြီး ထိုင်ခိုင်းထားတယ်။ ပြီးတော့ ဘယ်ခြေ ညာခြေတွေကို တစ်လှည့်စီ မြှောက်ပြခိုင်းတယ်။ခိုင်ခိုင်ကလည်း မြှောက်ပြနိုင်တယ်။ အဲ့ဒီနောက်မှာ ဆရာကြီးဟာ "စေ" တစ်လုံးနှင့် အမိန့်ပေးတော့တာပဲဗျို့..
"ပယောဂမှန်ရင် ဘယ်ခြေထောက် မြှောက်မရစေနှင့်" ဆရာကြီးက အမိန့် ပေးလိုက်တယ်။ ခိုင်ခိုင်ဟာ သူ့ရဲ့ ဘယ်ခြေကို အားအကုန်သုံးပြီး မြှောက်ကြည့်တယ်။ ဘယ်လို မြှောက်မြှောက် မြှောက်လို့မရတော့ဘူးတဲ့ ကျွန်တော်ကလဲ လက်တွေ့သမားဗျ ခိုင်ခိုင်ရဲ့ ဘယ်ခြေထောက်ကို ကျွန်တော့အားနဲ့ သွား မ ကြည့်တာပေါ့။ တကယ်တော့ ခိုင်ခိုင်ဟာ သူ့ခြေထောက်ကို မ မရအောင် ဘယ်လောက် တင်းထား တင်းထား ကျွန်တော့အားကိုတော့ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် သွားမြှောက်ကြည့်တာ ဒါပေမယ့် တကယ်လက်တွေ့ကျ ကျွန်တော် ဘယ်လောက်အားသုံးပြီး မြှောက်ပေမယ့် ခိုင်ခိုင်ရဲ့ ဘယ်ခြေထောက်က မြောက်ပါမလာဘူးဗျ။ အဲ့ဒီနောက်မှာ
"ပယောဂမှန်ရင် ညာခြေထောက် မြောက်လို့ရစေ" လို့ ဆရာကြီးက အမိန့်ပေးပြန်တယ်။ ခိုင်ခိုင်က သူ့ရဲ့ ညာခြေကို မြောက်ပြနိုင်တယ်။ တစ်ခါ...
"ပယောဂမှန်ရင် ဘယ်ခြေထောက် မြောက်လို့ရစေ ပယောဂမှန်ရင် ညာခြေထောက် မြောက်လို့ မရစေ" ဆိုပြီး ပြောင်းပြန် အမိန့်ပေးလိုက်တယ်။ တကယ့်ကို အံ့သြစရာပဲဗျို့...ဆရာကြီးက "စေ" တစ်လုံးနှင့် အမိန့်ပေးတဲ့ အတိုင်း ဖြစ်နေတယ်။
"ပယောဂသေချာသွားပြီ သမီးရဲ့ ရောဂါကို မြူတစ်မှုန်လောက်တောင် ကျွင်းကျန်မနေရအောင် ပျောက်ကင်းဖို့ ဆရာကြီး လုံးဝ တာဝန်ယူလိုက်ပြီ" လို့ ဆရာကြီးက ပြောတယ်။ အဲ့ဒီနောက်မှာ ဘာပယောဂလဲဆိုတာ ထပ်စစ်တယ်။ အတိုက်အခိုက်လား အပင်းလား အဆိပ်လား ဆိုတာပေါ့။ စစ်တဲ့နည်းက ရှေးနည်းအတိုင်း အမိန့်ပေးပြီး ခြေထောက် မြောက်ခိုင်းတဲ့ နည်းပါပဲ။ စစ်လိုက်တော့ အပင်းမှာ သွားမိတယ်။ အပင်းထည့်ခံထားရတာပေါ့။ တစ်ခါ သွေးပင်း လေပင်း အစာပင်း အဆိပ်ပင်း သည်းခြေပင်း ဘာအပင်းလဲ ဆိုတာ ထပ်စစ်တယ်။ စစ်လိုက်တော့ အစာအပင်း ဆိုတာ သွားပေါ်တယ်။ အစာအပင်းထည့်ခံရတယ် ဆိုတာ သိပေမယ့် ဘယ်အစားစာမှာ အစာ အပင်းထည့်ခံရတယ် ဆိုတာ ထပ်စစ်ရပြန်ရော.. ကျွန်တော်တို့ စားသောက်တတ်တဲ့ အစားအစာ အားလုံးကို ပြောပြရတယ်။ ဆရာကြီးက အစားအစာ အမျိုးအမည် တစ်ခုချင်းခေါ် "စေ" တစ်လုံးနှင့် အမိန့်ပေး ခြေထောက်မြောက်တဲ့ နည်းနှင့် ထပ်စစ်ကြည့်တယ်။ နောက်ဆုံး နန်းကြီးသုပ်မှာ အစာအပင်းထည့်ခံရတယ် ဆိုတာ ပေါ်လာတယ်။ ကျွန်တော်တို့လဲ နန်းကြီးသုပ် ဘယ်တုန်းက စားမိလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြရတော့တာပေါ့.. အဲ့ဒီတော့မှ လွန်ခဲ့တဲ့ ခြောက်လလောက်က စားမိတဲ့ နန်းကြီးသုပ်တစ်ဇွန်းကို သွားပြီး သတိရမိကြတယ်။ ကျွန်တော်လဲ တစ်ဇွန်းလောက် စားမိသေးပေမယ့် အောက်လမ်းပညာက ခိုင်ခိုင့်ကို ရည်ရွယ်တာမို့ ကျွန်တော် ဘာမှ မထိခိုက်ဘူး။ ခိုင်ခိုင်ပဲ ထိသွားတယ်။ အဲ့ဒီတော့မှ ဒီမိန်းမကြီးဟာ အပင်းထည့်နိုင်တဲ့ အောက်လမ်း ပညာသည် ကဝေမကြီးဆိုတာ သိလိုက်ရတယ်။ တစ်ခုတော့ရှိတယ် အဲ့ဒီမိန်းမကြီးကို ပယောဂ အစာအပင်း နန်းကြီးသုပ် စတဲ့ စစ်ဆေးပေါ်ပေါက်ချက်တွေကြောင့် အောက်လမ်းပညာသည်မကြီးလို့ စွပ်စွဲတာမဟုတ်ပါဘူး။ ဒီထက် ခိုင်လုံ တိကျတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက် တွေ ထပ်ပြီးကြုံတွေ့ခဲ့တာကြောင့်  စွပ်စွဲရခြင်း ဖြစ်ပါတယ်။ အဲ့ဒီ ထူးဆန်းတဲ့အဖြစ်အပျက် တွေကတော့...
"သောက်ရေအိုးက ရေတစ်ခွက် ခပ်ပေးပါ" ဆရာကြီးက ခိုင်းလို့ ကျွန်တော် ရေတစ်ခွက် ခပ်ပေးလိုက်တယ်။ ဆရာကြီးက ရေခွက်ကိုကိုင်ပြီး သစ္စာဆိုတယ်။ ပြီးတာနဲ့ အဲ့ဒီသောက်ရေတွေ ခိုင်ခိုင့် ကို တိုက်လိုက်တယ်။
"ဘယ်ဆေးခန်းမှ မသွားနှင့် ဘယ်ဆရာဝန်နှင့်မှ မပြနှင့် ဘယ်ဆေးမှလဲ တိုက်စရာ မလိုတော့ဘူး မင်းမိန်းမရဲ့ ရောဂါ ဝေဒနာ ပျောက်သွားပြီ" လို့ ပြောတယ်။
"တစ်ပတ်ပြည့်တဲ့နေ့မှာ ပြန်လာခဲ့ကြ ကဝေမနှင့် တစ်ပွဲတစ်လမ်း အကဲစမ်း ကြတာပေါ့လို့" မှာပြီး ကျွန်တော်တို့ကို ပြန်လွှတ်လိုက်တယ်။ တကယ့်ကို မယုံနိုင်စရာ ထူးခြားဆန်းကြယ်တဲ့ အဖြစ်ပါပဲ။ သူများပြောတဲ့ စကားသာ ဆိုရင် ကျွန်တော်လုံးဝ ယုံမှာ မဟုတ်ဘူး။ အခုဟာက ကျွန်တော့ကိုယ်တွေ့ ကျွန်တော် ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ ကြုံတွေ့ခဲ့ရတာ။ ဆရာကြီး သစ္စာဆိုပြီး တိုက်လိုက်တဲ့ ရိုးရိုးရေတစ်ခွက်က ဒီလောက်ထိ အစွမ်းထက်ရသလား။ အလာတုန်းက ကားပေါ်ကို ပွေ့ချီ ပွေ့တင်ခဲ့ရတဲ့ မိန်းမ ဆာကြီးဆီက အပြန်ကျ ကားပေါ်ကို ကိုယ့်ဘာသာ တက်တယ်။ လူကလည်း လန်းလန်းဆန်းဆန်း ကံ့ကော်ပန်း ဖြစ်လို့။ ပြီးတော့.. လ အတန်ကြာအောင် အရေ အဖတ် ဘာဆိုဘာမှ မစားမသောက်တဲ့သူက အိမ်ပြန်ရောက်ရောက်ချင်း ထမင်း စားမယ်တဲ့။ အဲ့ဒီနေ့ကစပြီး အအိပ်အစား မှန်လာလိုက်တာ လေးငါးရက် ကြာတော့ အရင်လိုပဲ ပြန်ပြီး ကျန်းမာလာတယ်။ အရိုးပေါ် အရေတင် ဘဝကနေ ပြည့်ပြည့်ဖြိုးဖြိုး ပြန်ဖြစ်သွားတယ်။ ၆ရက်မြောက်တဲ့ နေ့မှာ ဆိုင်ပြန်ထိုင်နိုင်ပြီ။ ဈေးရောင်းရင်းကနေ မျက်စောင်းထိုး အသုပ်ဆိုင်ကို မျက်လုံးအကြည့် ရောက်သွားတယ်။ အသုပ်ဆိုင်က မိန်းမကြီးဟာ ကျွန်တော့မိန်းမကို မျက်ထောင့်နီကြီးနဲ့ စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လို့တဲ့ဗျ။
ကဝေမနှင့်တစ်ပွဲတစ်လမ်း
တစ်ပတ်ပြည့်တဲ့နေ့မှာ ကျွန်တော်တို့ လင်မယား ဆရာကြီးဆီ သွားကြတယ်။ ဆရာကြီးက ခိုင်ခိုင့်ကို လက်အုပ်ချီခိုင်းထားပြီး ကဝေမကို ခေါ်တာဗျ။
"ဟဲ့ ငါ့သမီးကို ပြုစားနေတဲ့ အောက်လမ်းပညာသည်မ အခုချက်ချင်း ဝင်ပူးစမ်း..." လို့ အမိန့်ပေးတယ်။ တော်ရုံတန်ရုံ ပညာသည်ဆို နှစ်ခါ အမိန့်မပေးရဘူး။ ချက်ချင်းဝင်ပူးတယ်တဲ့။ အခု အောက်လမ်းပညာသည်က ကဝေဆယ့်နှစ်ကြိုး အဆင့်မြင့်တယ်။ ဒါကြောင့် အာခံနေတယ် ချက်ချင်း ဝင်မပူးဘူး။ သုံးကြိမ် သုံးခါ အမိန့်ပေးမှ အထက်လမ်းကို မလွန်ဆန်နိုင်ပဲ ဝင်ပူးတယ်။ ပူးတော့လည်း မပူးချင် ပူးချင်နဲ့ မခန့်လေးစား လုပ်နေတယ်။
"ပူးစမ်း လူစိတ်ပျောက်အောင် ဝင်ပူးစမ်း" ဆရာကြီးက ခပ်ထန်ထန် အမိန့်ပေးလိုက်မှ နတ်ကြမ်း အပူးခံ
နေရတဲ့ နတ်ဝင်သည်လို တစ်ကိုယ်လုံး တဆတ်ဆတ်တုန် တရကြမ်း ယိမ်းထိုးပြီး ပူးတော့တယ်။
"နင် ငါ့သမီး ခိုင်ခိုင့်ကို ပြုစားထားတဲ့ အောက်လမ်းပညာသည်မ မဟုတ်လား..."
ဆရာကြီးက မေးလိုက်တယ်။
"ဟုတ်တယ်ဟေ့ ဟုတ်တယ် ငါလုပ်တာ ဘာဖြစ်လဲ"
"ဘာလို့ တစ်ဖက်သားကို နစ်နာအောင် ဒီလို လုပ်ရတာလဲ"
"ကောင်မက ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာတယ်ဆိုပြီး မောက်မာလို့ လုပ်တာဟဲ့ သိရဲ့လား..."
စကားတွေကကတော့ ကျွန်တော့မိန်းမ ခိုင်ခိုင်ရဲ့ ပါးစပ်က ထွက်နေတာပဲ။ ဒါပေမယ့် ကျုပ်မိန်းမ အသံမဟုတ်ဘူး။ ဟိုမိန်းမအသံမှန်း အရမ်းသိသာနေတယ်။ ပြီးတော့ မျက်နှာကလဲ ကျုပ်မိန်းမ မျက်နှာနှင့် မတူပဲ ပြောင်းသွားတယ်။ တစ်မျိုးကြီး ကြောက်စရာမျက်နှာကြီး ဖြစ်သွားတယ်ဗျ။ သြော် မေ့သွားလို့ ပြောဖို့ကျန်သွားတယ်။ ကျွန်တော်တို့ ဆရာကြီးဆီ ထွက်မလာခင်မှာ ယုံကြည်ရတဲ့ မိတ်ဆွေထဲက အမျိုးသမီးတစ်ယောက်ကို နေ့တွက် ပေးပြီး အလုပ်တစ်ခု ပေးခဲ့တယ်ဗျ။ ဟိုမိန်းမကြီးကို စောင့်ကြည့်ထားဖို့။ မိန်းမကြီးရဲ့ အပြုအမူကို အချိန် နာရီနှင့်တကွ မှတ်သားထားဖို့ပါ။ ဒီလိုစီစဉ်ခဲ့တဲ့အတွက် ဆရာကြီးအိမ်မှာ ကဝေမနှင့် တစ်ပွဲတစ်လမ်း အကဲစမ်းနေတုန်း... အဲ့ဒီမိန်းမကြီး သူ့အိမ်မှာ ဘယ်လို ဖြစ်နေတယ် ဆိုတာကို ကျွန်တော်တို့ အတိအကျ သိရှိခဲ့ရတယ်။ ဆရာကြီးက ကဝေမကို ဝင်ပူးဖို့ အမိန့် ပေးနေချိန်မှာ ဟိုမိန်းမကြီးဟာ သူ့ဆိုင်မှာ အသုပ် ရောင်းနေတုန်းဗျ။ ဈေးရောင်းနေတုန်း မျက်နှာတစ်ခုလုံး ချွေးသီးချွေးပေါက်တွေ စိုရွှဲလာတယ်။ ချက်ချင်းပဲ တဆတ်ဆတ် တုန်ယင် လာတယ်။ အဲ့ဒီနောက်မှာ နေမကောင်းဘူးဆိုပြီး ဆိုင်ပစ်သွားခဲ့ပြီး ချက်ချင်း အိမ်ကို ပြန်ပြေးသွားတယ်။ ကျွန်တော်တို့ မိတ်ဆွေ အမျိုးသမီးကလဲ မိန်းမကြီးနှင့် ရင်းနှီးနေတာမို့... လူမမာသတင်းမေးသလို တောက်တိုမယ်ရ ကူညီသလို လုပ်ပြီး မိန်းမကြီးရဲ့ အိမ်ထိ လိုက်သွားခဲ့တယ်။
မိန်းမကြီးဟာ အိပ်ခန်းထဲ တန်းဝင်သွားပြီး အဖျားတက်သလို ပုံစံနှင့်...
"တအင်းအင်း" "တအားအား" ညည်းတွားနေတယ်လို့ ဆိုတယ်။
"အရင်ဘဝကလဲ မကောင်းမှု ဒုစရိုက် ကံတွေ ပြုခဲ့လို့ ဒီဘဝမှာ ယုတ်ညံ့တဲ့ အောက်လမ်းပညာသည် ကဝေမ ဖြစ်ရတယ် ဒီလိုသာ ဆက်လုပ်နေရင် အဝီစိငရဲက ဘယ်တော့မှ မလွတ်ပဲ ဂျိုးကပ်သွားလိမ့်မယ် ဒါကြောင့် နင့်ရဲ့ အကျင့်စရိုက်တွေကို ပြင်လိုက် ငါ့သမီး ခိုင်ခိုင်ကို တိုက်ခိုက်ထားတဲ့ နင့်ရဲ့ ပညာစက်ကို တစ်ခုမကျန် ပြန်ယူလိုက်စမ်း" ဆရာကြီးက အမိန့် ပေးလိုက်တယ်။
"ကောင်မကို သေအောင် လုပ်မှာဟဲ့ ဒီကောင်မသေမှ ငါ့ပညာကို ငါပြန်သိမ်းမှာ သိရဲ့လား..."
အာဂကဝေမကြီးဗျို့....
ဆရာကြီးကိုတောင် ဒေါသတကြီး အော်ပြောနေတယ်။ အသံကြီးကလဲ ကြောက်စရာကြီး ဆရာကြီးက အောက်လမ်းပညာ ပြန်နှုတ်ဖို့ မေတ္တာ ရပ်ခံတာကို လုံးဝ လက်မခံဘူး။ ဒေါသတကြီး ငြင်းဆန်နေတယ်။ ဆရာကြီးကလဲ ချော့မော့ပြီး မေတ္တာ ရပ်ခံတာကို မရတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြ လိုက်တယ်နဲ့ တူရဲ့။
"လက်ပြန်ကြိုးတုပ်စေ" လို့ အမိန့်ပေး လိုက်တယ်။ ကဝေမကြီး ပူးကပ်ဝင်ရောက်နေတဲ့ ခိုင်ခိုင် လက်တွေဟာ အလိုလို နောက်ဘက် ရောက်သွားတယ်။ လက်ပြန် ကြိုးတုပ်သလို ဖြစ်သွားတယ်။
"ဟိုတိုင်ထောင့်ကို ခေါင်းနှင့် ပြေးစောင့်စမ်း" ဆရာကြီး အမိန့် ပေးလိုက်တာနှင့် ချက်ချင်းဗျာ လက်ပြန်ကြိုးတုပ်ပုံစံနှင့် ထ ပြေးသွားပြီး အိမ်ထောင့်တိုင်ကို ခေါင်းနှင့် စောင့်တော့တာပဲ။
"ခွပ်" ခနဲ အသံတောင် ထွက်သွားတယ်။ ဆောင့်တဲ့ အရှိန်က ပြင်းတော့ နဖူးကွဲ သွားတာပေါ့။ သွေးတွေ မျက်နှာပေါ် စီးကျလာတာ မြင်မကောင်းဘူး။ ကျွန်တော် လန့်သွားတာပေါ့။ နဖူးကွဲသွားတာ ကျွန်တော့မိန်းမလေ။ ကျွန်တော် ဆရာကြီးကို ကြည့်မိတယ်။ ဆရာကြီး ကတော့ ကျွန်တော့ကို မကြည့်ဘူးဗျ။ လက်ပိုက်ပြီး ရပ်နေတယ်။
"ကဲ နင့်ပညာတွေကို ချက်ချင်း နှုတ်မှာလား မနှုတ်ဘူးလား ပြောစမ်း"
"သေချင်သေသွားပါစေ ငါ့ပညာကို ပြန်မနှုတ်ဘူးဟေ့"
"ဒါဆိုရင် ဟိုထောင့်တိုင်ကို ပြေးပြီး ခေါင်းနှင့် ဆောင့်လိုက်ဦး..."
ဆရာကြီး အမိန့်ပေးတိုင်း ကဝေမကြီးက ခေါင်းနှင့် တိုင်ကို ပြေးပြေးဆောင့်နေရတယ်။ သုံးလေးခါ မကတော့ဘူး။ အခြေအနေက တော်တော် ဆိုးနေပြီ။ ပင်ကိုယ်စိတ် ပျောက်နေတဲ့ ကျုပ်မိန်းမ ခေါင်းကွဲနေပြီ။ နဖူး အလယ်မှာဆို တစ်လက်မလောက် ရှည်တဲ့ ဟက်တက် ဒဏ်ရာကြီး။ သွေးတွေ ဆိုတာလဲ မျက်နှာပေါ် စီးကျနေတယ်။ မမြင်ရက် မရှုရက် စရာပဲ။ ဆံပင်တွေကလဲ ဖရိုဖရဲနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ။ ကဝေမ ကတော့ သူ့ပညာကို ပြန်မနှုတ်ဘူး လို့ ဒေါသတကြီးနဲ့ အော်ပြောနေတုန်းပဲ။ ဆရာကြီးကလဲ အမိန့်သုံးပြီး တစ်မျိုးပြီးတစ်မျိုး အပြစ်ဒဏ် ပေးတယ်။
"ကိုယ့်ပါးကိုယ် ပြန်ရိုက်စမ်း"
"ဘယ်ဘက်ပါး ရိုက်စမ်း"
"ညာဘက်ပါး ရိုက်စမ်း" ကြာတော့ ကျွန်တော့မိန်းမ မျက်နှာ တစ်ခုလုံး အညိုအမဲတွေ စွဲလာတယ်။ အဲဒီကနေ ဖူးရောင် မဲပုပ်လာတယ်။ နောက်ဆုံးမှာ မျက်နှာက ရွှေဖယုံသီး ကြီးလို ဖောင်းကား ယောင်အမ်း လာတယ်။ ဒါပေမယ့် ကဝေမကြီး ကတော့ မာန်မချဘူး။
"အသက်သာ အသေခံမယ် ငါ့ပညာကို တော့ ပြန်မနှုတ်ဘူးဟဲ့ " ဒေါသတကြီး အော်ဟစ်ပြောနေတုန်းပဲ။ နောက်ဆုံးမှာ ဆရာကြီးက ကဝေမကို ဂိုဏ်းတော်လက် အပ်လိုက်ရတယ်။
"အောက်လမ်းကဝေမရဲ့ ပညာတွေ ပြန်ရုပ်သိမ်းအောင် ဂိုဏ်းတော်က ဆုံးမပေးပါ" လို့ တောင်းပန်လိုက်တယ်။ အဲ့ဒီတော့မှပဲ တင်းမာနေတဲ့ ကဝေမကြီး ဒုက္ခလှလှ တွေ့တော့တာပဲဗျို့။ ငရဲပြည် ရောက်ပြီး ငရဲထိန်းတွေ နှိပ်စက်တာ ခံနေရတဲ့ ငရဲကျခံရသူလို ဖြစ်သွားတယ်။ တစ်ချက်ကလေးတောင် ဒေါသနှင့် ပြန်မအော်နိုင်တော့ဘူး။ ဆရာကြီးရဲ့ ဓါတ်ခန်းထဲမှာ လူးလှိမ့်နေရတယ်။ ဆရာကြီးက ဂိုဏ်းတော်ကို အပ်လိုက်တဲ့ အတွက် ဂိုဏ်းတော်ကို စောင့်ရှောက်နေတဲ့ လောကပါလ နတ်မင်းကြီးလေးပါးရဲ့ အခြွေအရံ တွေက ဆုံးမနေကြတာဗျ။
"အမလေး ကြိမ်လုံးကြီးနှင့် ရိုက်နေပါပြီ"
"မလုပ်ကြပါနှင့် သေရပါတော့မယ်"
"နာလှပါပြီ လှံကြီးနှင့် မထိုးကြပါနှင့်တော့"
"ဆင်ကြီး...ဆင်ကြီး..နင်းတော့မယ် နင်းတော့မယ်"
"အမလေး သေပါပြီ" သူပဲမြင်နေ သူပဲ ခံစားနေရတာဗျ။ ကျွန်တော်တို့ ကတော့ မှော်ကား သရဲကား ကြည့်နေရသလိုပဲ။ ဘာမှမတွေ့ မမြင် ရဘဲ လန့်နေတယ်။ အသံနက်ကြီးနှင့် ကြောက်လန့်တကြား အော်နေတာကလဲ ငယ်သံကိုပါလို့ပဲ..
နောက်ဆုံးကျမှ ကဝေမကြီး အညံ့ခံ အရှုံးပေးတော့တယ်ဗျို့။
"ကယ်ပါ ကျွန်မ ပညာတွေ ပြန်နှုတ်ယူပေးပါ့မယ် အသက်ကို ချမ်းသာပေးကြပါ လုပ်ထားတဲ့ အပြစ် မှန်သမျှကို ကျွန်မ ပြန်ခံပါ့မယ်"
ဆရာကြီးက ကဝေမကြီးကို သစ္စာရေ တိုက်တယ်။
"ဘုရားတပည့်တော်မသည် မကောင်းသောအတတ် အောက်လမ်းနည်းပညာရပ်များကို ခုနစ်ရက်သားသမီးအပေါင်းကို ပြုစားခြင်း နှောင့်ယှက် ဟန့်တားခြင်း မပြုလုပ်ပါ ပြုလုပ်ခဲ့သည် ရှိသော် သွေးပွက်ပွက်အန်၍ သေပြီးနောက် မဟာ အဝီစိငရဲ၌ မကျွတ်တန်း ခံရပါစေ သစ္စာတည်သော် ကာယကံရှင်မှာ မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်ပြီး ချမ်းသာပကတိ ရှိပါစေ" သစ္စာရေတိုက်ပြီးတဲ့နောက် ဆရာကြီး က ကဝေမကြီးကို ပူးဝင်နေရာက ထွက်ခွာဖို့ ခွင့်ပြုတယ်။ မထွက်ခွာမီ
"ကာယကံရှင် မခိုင်ခိုင်ရဲ့ ကိုယ်ခန္ဓာမှာ စွဲထင်နေတဲ့ ဒဏ်ရာ အနာတရတွေ မြူတစ်မှုန်မျှ မကျန်အောင် မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်မှ ထွက်လို့ရစေ ကြွင်းကျန်နေလျှင် ထွက်လို့မရစေ" လို့လည်း အမိန့်ပေးလိုက်တယ်။ ဆရာကြီးရဲ့ အမိန့်ကိုလဲ ကြားရော ကဝေမကြီးက ဖူးရောင် ညိုပုပ်နေတဲ့ ရွှေဖရုံသီးမျက်နှာကြီးကို အကြိမ်ကြိမ် လက်နှင့် သပ်ချတယ်။ ဦးခေါင်းနှင့် နဖူးက ကွဲပေါက် သွေးထွက်နေတဲ့ ဒဏ်ရာတွေကိုလဲ လက်နှင့် သပ်ချတယ်။ စေ့သွားတယ်။ တကယ့် မှော်ရုပ်ရှင် ကြည့်နေရသလိုပဲ။ နောက်ဆုံးမှာ ဖူးရောင်ညိုမဲတာတွေ အားလုံးပျောက်သွားတယ်။ နဂိုမူလ မျက်နှာလေး ပြန်ဖြစ်သွားတယ်။ ဒါပေမယ့် ကဝေမကြီးက တော်တော် အာဃာတကြီးမားတယ်ဗျို့။
ကျွန်တော့်မိန်းမရဲ့ မျက်နှာပေါ်က ဒဏ်ရာတွေ မကုန်မီ သုံးကြိမ်လောက် ထွက်ပြေးဖို့ကြိုးစားသေးတယ် ဗျ။ ဆရာကြီး အမိန့်ပေးထားတာကြောင့် ထွက်လို့မရဘူး။ ခဏခဏ ပြန်လဲကျ နေတယ်။ ခိုင်ခိုင် ရရှိထားတဲ့ ဒဏ်ရာ အနာတရအားလုံး ကုန်စင်မှ ထွက်လို့ ရတယ်။ ကဝေမကြီး ကျွန်တော့်မိန်းမ ကို ပူးဝင်နေရာက ထွက်သွားတယ်။ ခိုင်ခိုင်ဟာ ဘာတွေဖြစ်ခဲ့မှန်း မသိရပဲ ပုဆစ်တုတ်ထိုင်လျက် ငူငူလေး ကျန်ရစ်တယ်။ ကျွန်တော် ခိုင်ခိုင့်ဆီ ပြေးသွားတယ်။ ခေါင်းနှင့်နဖူးက ကွဲသွားတဲ့ဒဏ်ရာတွေ ဘယ်လို ဖြစ်နေလဲ သိချင်လို့ ရှာကြည့်တယ်။ ဟက်တက်ကွဲသွားတဲ့ နဖူးက ဒဏ်ရာရော သွေးတွေ မြင်မကောင်းအောင် စီးကျနေတဲ့ ခေါင်းကွဲဒဏ်ရာရော ဘာတခုမှ မရှိတော့ဘူး။ ကျွန်တော် ဘာမှမပြောနိုင်တော့ဘူး။ ပါးစပ် အဟောင်းသားနှင့် တအံ့တသြ ဖြစ်နေတယ်။ ဆရာကြီးကတော့ ကျွန်တော် ဖြစ်နေပုံကြည့်ပြီး သဘောကျနေပုံ ရတယ်။ မတ်တပ်ရပ် လက်ပိုက်ထားပြီး ကျွန်တော့်ကို ပြုံးပြီး ကြည့်နေလေရဲ့။
ကဝေမပြုတဲ့ကံ ကဝေမဆီပြန်
ဆရာကြီးကို ကန်တော့ပြီး ကျွန်တော်တို့ ပြန်လာကြတယ်။ (၅) ရပ်ကွက် ----------လမ်းထဲကို ကားဝင်မယ် အလုပ်မှာ လမ်းထဲက ဆိုက်ကားတစ်စီး ထွက်လာတယ်။ ဆိုက်ကားထွက်သာအောင် ကျွန်တော်က ကားကို ဘေးကပ်ပြီး ရပ်စောင့်ပေးတယ်။ ဆိုက်ကား စီးလာသူကို ကြည့်လိုက်တော့ ဟိုမိန်းမကြီးရယ် သူ့ယောက်ျားရယ်ဗျ။ သူ့ယောက်ျားက ဆိုက်ကား ကယ်ရီယာမှာ ထိုင်လိုက်လာတယ်။
"ဦးလေး ဘယ်သွားမလို့လဲ"
ကျွန်တော်က နှုတ်ဆက်လိုက်တယ်။
"မင့်အဒေါ်ကွာ ဘာဖြစ်မှန်းမသိဘူး မျက်နှာကြီးရောင်ကိုင်းလာတယ် အဲ့ဒါ ဆေးခန်းသွားပြမလို့"
ကျွန်တော် ဟိုမိန်းမကြီးကို ရုတ်တရက် ကြည့်မိလိုက်တယ်။
"အလိုလေး" ကျွန်တော် လန့်အော် မိတော့မလို့။ ကျွန်တော် ဘယ်လိုဖြစ်သွားတယ်ဆိုတာ ပြောပြဖို့ မလွယ်ဘူး။ ဟိုမိန်းမကြီးရဲ့ မျက်နှာဟာ ဆရာကြီးရဲ့ ဓာတ်ခန်းမှာ ကဝေမကြီး ဝင်ပူးနေတုန်းက ခိုင်ခိုင့်ရဲ့ မျက်နှာကြီးအတိုင်းပဲ ဖူးရောင် ညိုမဲပြီး ရွှေဖရုံသီးကြီးလို ဖြစ်လို့ဗျ။ အဲ့ဒီ အချိန်မှာ ကျွန်တော် သတိရလိုက်တာက
"လုပ်ထားတဲ့ အပြစ်မှန်သမျှကို ကျွန်မ ပြန်ခံပါ့မယ်" ဆိုတဲ့ ကဝေမကြီး ပြောသွားတဲ့ စကားတစ်ခွန်းကိုပါပဲ။
ပြီး
Writer-ဝေဖြိုး
Writer-ဝေဖြိုး
ဒီအဖြစ်အပျက်က ၁၉၉၅ခုနှစ် အတွင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ (၅) ရပ်ကွက်မှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်... အပင်းသွင်းခံရသူက (၅) ရပ်ကွက်
---------လမ်းမှာ နေထိုင်သူ မခိုင်ခိုင် ဖြစ်ပြီး... ဒီဖြစ်ရပ်မှန် ဇာတ်လမ်းကို မခိုင်ခိုင်ရဲ့ ခင်ပွန်း ဦးအေးဝင်း ကိုယ်တိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။ အပင်းသွင်းသူကတော့ မွေးရာပါ အောက်လမ်းပညာသည် အဆင့်မြင့် ကဝေမတစ်ယောက်လို့ ဦးအေးဝင်းက ပြောပြပါတယ်။ ဒီအဖြစ်အပျက် ဖြစ်ပွားရခြင်း အကြောင်းက ရန်လိုမုန်းထား အငြိုးကြီးမားခြင်းနှင့် သူတစ်ပါး စီးပွားဥစ္စာဖြစ်ထွန်းနေမှု အပေါ် မုဒိတာမပွားနိုင်တဲ့ မနာလိုစိတ် ကနေ စတင်ခဲ့တာပါ။ ကိုအေးဝင်းနဲ့ မခိုင်ခိုင်တို့ လင်မယားဟာ တောင်ဥက္ကလာ ----------ဈေးမှာ ကုန်စုံဆိုင်ကြီး ဖွင့်ထားပါတယ်။ မနက်၆နာရီ ထိုးတာနှင့် အလုပ်သမား တွေက ဆိုင်ဖွင့်ပြီး ရောင်းပါတယ်။ ကိုအေးဝင်းတို့ လင်မယားကတော့ ရှစ်နာရီထိုးမှ ဆိုင်ကို ရောက်လေ့ရှိတယ်။ သူတို့ရောင်းတဲ့ ဈေးထဲမှာပဲ အသုပ်စုံရောင်းတဲ့ မိန်းမကြီးတစ်ယောက် ရှိတယ်။ အသုပ်ဆိုင်အတွက် လိုအပ်တာတွေကို ကိုအေးဝင်းတို့ ဆိုင်မှာပဲ မနက်တိုင်း လာဝယ်တယ်။ ဝယ်တဲ့အချိန်က ဆိုင်ဖွင့်ပြီးစ အချိန်။ အဲ့ဒီအချိန်မှာ ကိုအေးဝင်းတို့ ရောက်မလာသေးဘူး။ မိန်းမကြီး ဝယ်တဲ့ပုံစံက ခေါက်ပြန်ငွေချေစနစ် အဟောင်းပေး အသစ်ယူတဲ့ ပုံစံ။ ဖြစ်နေတာက ကုန်ကို ယူချင်သလောက်ယူပြီး ကြွေးစာရင်းကျ မှတ်ခိုင်းချင်သလောက် မှတ်ခိုင်းနေတာပါပဲ။ ဥပမာ- တစ်ထောင်ဖိုးယူပြီး နှစ်ရာလောက်ပဲ စာရင်းမှတ်ခိုင်းတာမျိုး။ ဆိုင်က အလုပ်သမားတွေကို အောက်လမ်းပညာနဲ့ အဟန့် လုပ်ထားတော့ သူပြောသလိုပဲ မှတ်ကြရတယ်။ မိန်းမကြီးဟာ နေ့စဉ် နေ့တိုင်း ဒီအတိုင်းပဲ လုပ်နေတယ်။ လတွေများလာတော့ ကိုအေးဝင်းတို့ ဆိုင် အရှုံးပြလာတယ်။ ဒါပေမယ့် ဘာဖြစ်လို့ အရှုံးပြနေတာလဲ ဆိုတာ ကိုတော့ သူတို့မသိကြဘူး... တစ်နေ့မှာ အဲ့ဒီမိန်းမကြီး ဈေးဝယ်နေတုန်းမှာ အမျိုးသမီး တစ်ယောက် ဈေးလာဝယ်တယ်။ အဲ့ဒီ အမျိုးသမီးက မခိုင်ခိုင်ရဲ့ မိတ်ဆွေ သူဟာ မိန်းမကြီးလုပ်သမျှ အစအဆုံး တွေ့သွားတယ်။ သူတွေ့သမျှ အားလုံး မခိုင်ခိုင်ကို ပြန်ပြောပြတယ်။ အဲ့ဒီ မိန်းမကြီးနှင့် မခိုင်ခိုင်တို့ နှစ်ယောက် ဈေးထဲမှာ စကားများ ရန်ဖြစ်ကြတယ်။ အဲ့ဒီအချိန်ထိ မိန်းမကြီးဟာ ကဝေမကြီးဆိုတာ ကိုအေးဝင်းတို့ မသိကြသေးဘူး။ ရန်ဖြစ်ပြီးလို့ တစ်လလောက် ကြာတော့ ကိုအေးဝင်းကပဲ ကြားဝင် ဖျန်ဖြေပေးတယ်။ ဆိုင်ချင်းကလည်း မျက်စောင်းထိုး နေ့တိုင်းလဲ မျက်နှာချင်းဆိုင်နေမိတယ်။ ပြီးတော့ ဈေးသူဈေးသားချင်း ဒီလို မခေါ်မပြော နေကြရတာ မကောင်းဘူးဆိုပြီး ကိုအေးဝင်းဟာ အဲ့ဒီမိန်းမကြီး ဆိုင်ကနေ နန်းကြီးသုပ်တစ်ပွဲ မှာလိုက်တယ်။ မခိုင်ခိုင်က ရန်ဖြစ်ထားတဲ့အတွက် လုံးဝ မစားဘူး။ ကိုအေးဝင်း စားကြည့်တော့ အရသာရှိတယ်။ ဒါကြောင့် မခိုင်ခိုင်ကို ချော့ပြီးကျွေးတယ်။ မခိုင်ခိုင် နန်းကြီးသုပ်တစ်ဇွန်း ခပ်စားလိုက်တယ်။ ဟင်းချို သောက်မယ်အလုပ်မှာ ယင်တစ်ကောင်က ဟင်းချိုပူထဲ ကျသေသွားတယ်။ မခိုင်ခိုင် ဆက်မစားဖြစ်တော့ဘူး။ နန်းကြီးသုပ် တစ်ဇွန်းပဲ စားလိုက်ရတယ်။ ဒါပေမယ့် အဲ့ဒီ တစ်ဇွန်းထဲမှာပဲ အပင်းသွင်း ခံလိုက်ရတယ်ဆိုတာ သူတို့မသိလိုက် ကြဘူး။ အဲ့ဒီနေ့ကစပြီး မခိုင်ခိုင် တစ်ယောက် ထမင်းမစားချင် ဟင်းမစားချင် ဖြစ်လာတယ်... အဲ့ဒီကနေ နေမကောင်းသလို အအိပ်ပျက်သလို အစားပျက်သလို တရှောင်ရှောင် ဖြစ်လာတယ်။ ကိုအေးဝင်းဟာ ဇနီးသည်ရဲ့ ရောဂါ ပျောက်ကင်းဖို့အတွက် ပုဂ္ဂလိက စပါယ်ရှယ် ဆေးခန်းတွေကို သွားတယ်။ အထူးကုဆရာဝန် ပါရဂူကြီးတွေနဲ့ တစ်ယောက်ပြီး တစ်ယောက် ပြတယ်။ ဒီလို ဂရုစိုက် နေတဲ့ ကြားကပဲ အစားသောက် ပျက်ရာကနေ အရည်လောက်ပဲ ဝင်တော့တယ်။ နောက်တော့ အရည်ပါ မသောက်တော့ဘူး ဂလူးကို့စ် အသက်ပဲ ရှိတော့တယ်။ အရင်က ဝင်းပစိုပြေ အသားရေနှင့် ကျက်သရေရှိတဲ့ အလှပိုင်ရှင်... တဖြည်းဖြည်းနှင့် အရိုးပေါ် အရေတင် ဖြစ်လာတယ်။ အိပ်ရာထဲမှာပဲ ဗုန်းဗုန်း လဲကျတဲ့ဘဝ ရောက်သွားတယ်။ အထူးကုဆေးခန်းတွေ တစ်ခုပြီး တစ်ခု။ အထူးကုဆရာဝန်တွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေပါလျက်... သက်သာရာ မရပဲ ပိုဆိုးလာတယ်။ ရောဂါကလဲ အမည်တပ်လို့မရတဲ့ ဘာမှန်းမသိတဲ့ ရောဂါ ဖြစ်နေတယ်။
"ခင်ဗျားမိန်းမရဲ့ ရောဂါဝေဒနာက မရိုးဘူး ပယောဂထင်တယ် သူများပြုစားခံရတာ နေမယ် တတ်ကျွမ်းနားလည်တဲ့ ဆရာသမားနှင့် ပြသင့်တယ်" ကိုအေးဝင်းဟာ မိတ်ဆွေတချို့ရဲ့ စကားကို လက်မခံခဲ့ဘူး။ သူက ဘုရားမှတစ်ပါး ဘာကိုမှ ကိုးကွယ်ရာ အားထားရာ မထားတဲ့သူ။ အထက်ဂိုဏ်း အောက်ဂိုဏ်း ဆိုတာ မပြောနဲ့ အလယ်ဂိုဏ်းလည်း မယုံဘူး ဆိုတဲ့ လူစား။
"ဟိုဂိုဏ်းက ဆရာကြီး ဒီဂိုဏ်းက ဆရာကြီးဆိုပြီး ဆေးကုခံကြ နောက်ဆုံးကျ ဆရာ့နောက် သမီး ပါသွားလို့ပါသွား မိန်းမ ပါသွားလို့ပါသွား ဘယ်ဆရာမှ မယုံဘူး" လို့လဲ ခဏခဏ ပြောတတ်သေးတယ်။ ဒီလိုနှင့် လေးငါးခြောက်လ ကြာသွားတယ်... ရောဂါက ပိုဆိုးလာတယ်။ နောက်ဆုံး ဆရာဝန်တွေတောင် လက်လျှော့တဲ့ အဆင့် ဖြစ်သွားတယ်။ ကုန်တဲ့ငွေကလဲ သောက်သောက်လဲ အဲ့ဒီတုန်းက ခေတ်စားနေတဲ့ မာဇဒါလေးဘီးကား သုံးလေးစီး ဝယ်လို့ရတဲ့ ငွေတွေ... အဲ့ဒီအချိန် ရောက်လာမှ ကိုအေးဝင်း စိတ်ထဲမှာ
"သူတို့ပြောသလို ပယောဂ အတိုက်အခိုက်များ ဖြစ်နေတာလားး" ဆိုတဲ့ အတွေးလေးတစ်စ ဝင်လာတယ်။ ဒါနဲ့ပဲ ကြည့်မြင်တိုင် သရက်တောက ရွှေရင်ကျော် ဆရာကြီး ဦးသန်းညွှန့် ဆီကို ရောက်သွားတယ်..အဲ့ဒီတော့မှ.
"အထက်လမ်း အောက်လမ်း ဘယ်လမ်းမှ မယုံဘူး ဟိုဆရာ ဒီဆရာ ဘယ်ဆရာမှ အထင်မကြီးဘူး" ဆိုတဲ့ ကိုအေးဝင်းတစ်ယောက်... မယုံနိုင်လောက်အောင် ထူးခြားဆန်းကြယ်တဲ့ အဖြစ်တွေကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားရတယ်... မှော်ကားတစ်ကား ကြည့်နေရသလို မြင်ခဲ့ရပါတယ်လို့ ပြောလာပါတော့တယ်...
ထူးဆန်းတဲ့ဆရာ
"ကျွန်တော်တို့ ရွှေရင်ကျော် အထက်ဂိုဏ်းက ပယောဂ အတိုက်အခိုက် အမျိုးမျိုးကို နိုင်ပါတယ် အောက်လမ်း အမှောင့်ပယောဂနှင့် ယှဉ်တဲ့ အစာပင်း အဆိပ်ပင်း သွေးပင်း လေပင်း သည်းခြေပင်း စတဲ့ အပင်း မှန်သမျှကို နိုင်ပါတယ် အဆိပ်နှင့်ပက်သက်ရင်လဲ မြွေပွေး မြွေဟောက် အဆိပ်ကအစ အင်ဒရင်း(ပိုးသတ်ဆေး)အဆိပ် အဆုံး အားလုံးကို ကုသနိုင်ပါတယ်။ ပယောဂမှန်ရင် လုံးဝ တာဝန်ယူ ကုသပေးပါ့မယ်။ ပယောဂမတွေ့လို့ သွေးရိုးသားရိုးဖြစ်တဲ့ ရောဂါဆိုရင်တော့ ဆရာဝန်နှင့်ပဲ ကုရမှာ ဖြစ်ပါတယ်.."
ဒါက ကိုအေးဝင်းတို့ ရောက်ရောက်ချင်း ဆရာကြီး ဦးသန်းညွန့် ပြောတဲ့စကားပါ။ ပြောပြီးမှ လူနာကို အအပ်ခံတယ်။ လူနာလက်ခံပြီးမှ ပယောဂ အတိုက်အခိုက် ဟုတ် မဟုတ် စစ်ကြည့်တယ်... ဆရာကြီး ဦးသန်းညွှန့်ရဲ့ ပယောဂ စစ်ပုံစစ်နည်းနဲ့ ပက်သက်ပြီး ကိုအေးဝင်းက သူတွေ့မြင်ရပုံကို ဒီလို တအံ့တသြ ပြောပြပါတယ်..
ပရိသတ်အလယ်မှာ ကျွန်တော့ဇနီး မခိုင်ခိုင်ကို ခြေဆင်းပြီး ထိုင်ခိုင်းထားတယ်။ ပြီးတော့ ဘယ်ခြေ ညာခြေတွေကို တစ်လှည့်စီ မြှောက်ပြခိုင်းတယ်။ခိုင်ခိ
"ပယောဂမှန်ရင် ဘယ်ခြေထောက် မြှောက်မရစေနှင့်" ဆရာကြီးက အမိန့် ပေးလိုက်တယ်။ ခိုင်ခိုင်ဟာ သူ့ရဲ့ ဘယ်ခြေကို အားအကုန်သုံးပြီး မြှောက်ကြည့်တယ်။ ဘယ်လို မြှောက်မြှောက် မြှောက်လို့မရတော့ဘူးတဲ့ ကျွန်တော်ကလဲ လက်တွေ့သမားဗျ ခိုင်ခိုင်ရဲ့ ဘယ်ခြေထောက်ကို ကျွန်တော့အားနဲ့ သွား မ ကြည့်တာပေါ့။ တကယ်တော့ ခိုင်ခိုင်ဟာ သူ့ခြေထောက်ကို မ မရအောင် ဘယ်လောက် တင်းထား တင်းထား ကျွန်တော့အားကိုတော့ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် သွားမြှောက်ကြည့်တာ ဒါပေမယ့် တကယ်လက်တွေ့ကျ ကျွန်တော် ဘယ်လောက်အားသုံးပြီး မြှောက်ပေမယ့် ခိုင်ခိုင်ရဲ့ ဘယ်ခြေထောက်က မြောက်ပါမလာဘူးဗျ။ အဲ့ဒီနောက်မှာ
"ပယောဂမှန်ရင် ညာခြေထောက် မြောက်လို့ရစေ" လို့ ဆရာကြီးက အမိန့်ပေးပြန်တယ်။ ခိုင်ခိုင်က သူ့ရဲ့ ညာခြေကို မြောက်ပြနိုင်တယ်။ တစ်ခါ...
"ပယောဂမှန်ရင် ဘယ်ခြေထောက် မြောက်လို့ရစေ ပယောဂမှန်ရင် ညာခြေထောက် မြောက်လို့ မရစေ" ဆိုပြီး ပြောင်းပြန် အမိန့်ပေးလိုက်တယ်။ တကယ့်ကို အံ့သြစရာပဲဗျို့...ဆရာကြီးက
"ပယောဂသေချာသွားပြီ သမီးရဲ့ ရောဂါကို မြူတစ်မှုန်လောက်တောင် ကျွင်းကျန်မနေရအောင် ပျောက်ကင်းဖို့ ဆရာကြီး လုံးဝ တာဝန်ယူလိုက်ပြီ" လို့ ဆရာကြီးက ပြောတယ်။ အဲ့ဒီနောက်မှာ ဘာပယောဂလဲဆိုတာ ထပ်စစ်တယ်။ အတိုက်အခိုက်လား အပင်းလား အဆိပ်လား ဆိုတာပေါ့။ စစ်တဲ့နည်းက ရှေးနည်းအတိုင်း အမိန့်ပေးပြီး ခြေထောက် မြောက်ခိုင်းတဲ့ နည်းပါပဲ။ စစ်လိုက်တော့ အပင်းမှာ သွားမိတယ်။ အပင်းထည့်ခံထားရတာပေါ့။ တစ်ခါ သွေးပင်း လေပင်း အစာပင်း အဆိပ်ပင်း သည်းခြေပင်း ဘာအပင်းလဲ ဆိုတာ ထပ်စစ်တယ်။ စစ်လိုက်တော့ အစာအပင်း ဆိုတာ သွားပေါ်တယ်။ အစာအပင်းထည့်ခံရတယ် ဆိုတာ သိပေမယ့် ဘယ်အစားစာမှာ အစာ အပင်းထည့်ခံရတယ် ဆိုတာ ထပ်စစ်ရပြန်ရော.. ကျွန်တော်တို့ စားသောက်တတ်တဲ့ အစားအစာ အားလုံးကို ပြောပြရတယ်။ ဆရာကြီးက အစားအစာ အမျိုးအမည် တစ်ခုချင်းခေါ် "စေ" တစ်လုံးနှင့် အမိန့်ပေး ခြေထောက်မြောက်တဲ့ နည်းနှင့် ထပ်စစ်ကြည့်တယ်။ နောက်ဆုံး နန်းကြီးသုပ်မှာ အစာအပင်းထည့်ခံရတယ် ဆိုတာ ပေါ်လာတယ်။ ကျွန်တော်တို့လဲ နန်းကြီးသုပ် ဘယ်တုန်းက စားမိလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြရတော့တာပေါ့.. အဲ့ဒီတော့မှ လွန်ခဲ့တဲ့ ခြောက်လလောက်က စားမိတဲ့ နန်းကြီးသုပ်တစ်ဇွန်းကို သွားပြီး သတိရမိကြတယ်။ ကျွန်တော်လဲ တစ်ဇွန်းလောက် စားမိသေးပေမယ့် အောက်လမ်းပညာက ခိုင်ခိုင့်ကို ရည်ရွယ်တာမို့ ကျွန်တော် ဘာမှ မထိခိုက်ဘူး။ ခိုင်ခိုင်ပဲ ထိသွားတယ်။ အဲ့ဒီတော့မှ ဒီမိန်းမကြီးဟာ အပင်းထည့်နိုင်တဲ့ အောက်လမ်း ပညာသည် ကဝေမကြီးဆိုတာ သိလိုက်ရတယ်။ တစ်ခုတော့ရှိတယ် အဲ့ဒီမိန်းမကြီးကို ပယောဂ အစာအပင်း နန်းကြီးသုပ် စတဲ့ စစ်ဆေးပေါ်ပေါက်ချက်တွေကြောင
"သောက်ရေအိုးက ရေတစ်ခွက် ခပ်ပေးပါ" ဆရာကြီးက ခိုင်းလို့ ကျွန်တော် ရေတစ်ခွက် ခပ်ပေးလိုက်တယ်။ ဆရာကြီးက ရေခွက်ကိုကိုင်ပြီး သစ္စာဆိုတယ်။ ပြီးတာနဲ့ အဲ့ဒီသောက်ရေတွေ ခိုင်ခိုင့် ကို တိုက်လိုက်တယ်။
"ဘယ်ဆေးခန်းမှ မသွားနှင့် ဘယ်ဆရာဝန်နှင့်မှ မပြနှင့် ဘယ်ဆေးမှလဲ တိုက်စရာ မလိုတော့ဘူး မင်းမိန်းမရဲ့ ရောဂါ ဝေဒနာ ပျောက်သွားပြီ" လို့ ပြောတယ်။
"တစ်ပတ်ပြည့်တဲ့နေ့မှာ ပြန်လာခဲ့ကြ ကဝေမနှင့် တစ်ပွဲတစ်လမ်း အကဲစမ်း ကြတာပေါ့လို့" မှာပြီး ကျွန်တော်တို့ကို ပြန်လွှတ်လိုက်တယ်။ တကယ့်ကို မယုံနိုင်စရာ ထူးခြားဆန်းကြယ်တဲ့ အဖြစ်ပါပဲ။ သူများပြောတဲ့ စကားသာ ဆိုရင် ကျွန်တော်လုံးဝ ယုံမှာ မဟုတ်ဘူး။ အခုဟာက ကျွန်တော့ကိုယ်တွေ့ ကျွန်တော် ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ ကြုံတွေ့ခဲ့ရတာ။ ဆရာကြီး သစ္စာဆိုပြီး တိုက်လိုက်တဲ့ ရိုးရိုးရေတစ်ခွက်က ဒီလောက်ထိ အစွမ်းထက်ရသလား။ အလာတုန်းက ကားပေါ်ကို ပွေ့ချီ ပွေ့တင်ခဲ့ရတဲ့ မိန်းမ ဆာကြီးဆီက အပြန်ကျ ကားပေါ်ကို ကိုယ့်ဘာသာ တက်တယ်။ လူကလည်း လန်းလန်းဆန်းဆန်း ကံ့ကော်ပန်း ဖြစ်လို့။ ပြီးတော့.. လ အတန်ကြာအောင် အရေ အဖတ် ဘာဆိုဘာမှ မစားမသောက်တဲ့သူက အိမ်ပြန်ရောက်ရောက်ချင်း ထမင်း စားမယ်တဲ့။ အဲ့ဒီနေ့ကစပြီး အအိပ်အစား မှန်လာလိုက်တာ လေးငါးရက် ကြာတော့ အရင်လိုပဲ ပြန်ပြီး ကျန်းမာလာတယ်။ အရိုးပေါ် အရေတင် ဘဝကနေ ပြည့်ပြည့်ဖြိုးဖြိုး ပြန်ဖြစ်သွားတယ်။ ၆ရက်မြောက်တဲ့ နေ့မှာ ဆိုင်ပြန်ထိုင်နိုင်ပြီ။ ဈေးရောင်းရင်းကနေ မျက်စောင်းထိုး အသုပ်ဆိုင်ကို မျက်လုံးအကြည့် ရောက်သွားတယ်။ အသုပ်ဆိုင်က မိန်းမကြီးဟာ ကျွန်တော့မိန်းမကို မျက်ထောင့်နီကြီးနဲ့ စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လို့တဲ့ဗျ။
ကဝေမနှင့်တစ်ပွဲတစ်လမ်း
တစ်ပတ်ပြည့်တဲ့နေ့မှာ ကျွန်တော်တို့ လင်မယား ဆရာကြီးဆီ သွားကြတယ်။ ဆရာကြီးက ခိုင်ခိုင့်ကို လက်အုပ်ချီခိုင်းထားပြီး ကဝေမကို ခေါ်တာဗျ။
"ဟဲ့ ငါ့သမီးကို ပြုစားနေတဲ့ အောက်လမ်းပညာသည်မ အခုချက်ချင်း ဝင်ပူးစမ်း..." လို့ အမိန့်ပေးတယ်။ တော်ရုံတန်ရုံ ပညာသည်ဆို နှစ်ခါ အမိန့်မပေးရဘူး။ ချက်ချင်းဝင်ပူးတယ်တဲ့။ အခု အောက်လမ်းပညာသည်က ကဝေဆယ့်နှစ်ကြိုး အဆင့်မြင့်တယ်။ ဒါကြောင့် အာခံနေတယ် ချက်ချင်း ဝင်မပူးဘူး။ သုံးကြိမ် သုံးခါ အမိန့်ပေးမှ အထက်လမ်းကို မလွန်ဆန်နိုင်ပဲ ဝင်ပူးတယ်။ ပူးတော့လည်း မပူးချင် ပူးချင်နဲ့ မခန့်လေးစား လုပ်နေတယ်။
"ပူးစမ်း လူစိတ်ပျောက်အောင် ဝင်ပူးစမ်း" ဆရာကြီးက ခပ်ထန်ထန် အမိန့်ပေးလိုက်မှ နတ်ကြမ်း အပူးခံ
နေရတဲ့ နတ်ဝင်သည်လို တစ်ကိုယ်လုံး တဆတ်ဆတ်တုန် တရကြမ်း ယိမ်းထိုးပြီး ပူးတော့တယ်။
"နင် ငါ့သမီး ခိုင်ခိုင့်ကို ပြုစားထားတဲ့ အောက်လမ်းပညာသည်မ မဟုတ်လား..."
ဆရာကြီးက မေးလိုက်တယ်။
"ဟုတ်တယ်ဟေ့ ဟုတ်တယ် ငါလုပ်တာ ဘာဖြစ်လဲ"
"ဘာလို့ တစ်ဖက်သားကို နစ်နာအောင် ဒီလို လုပ်ရတာလဲ"
"ကောင်မက ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာတယ်ဆိုပြီး မောက်မာလို့ လုပ်တာဟဲ့ သိရဲ့လား..."
စကားတွေကကတော့ ကျွန်တော့မိန်းမ ခိုင်ခိုင်ရဲ့ ပါးစပ်က ထွက်နေတာပဲ။ ဒါပေမယ့် ကျုပ်မိန်းမ အသံမဟုတ်ဘူး။ ဟိုမိန်းမအသံမှန်း အရမ်းသိသာနေတယ်။ ပြီးတော့ မျက်နှာကလဲ ကျုပ်မိန်းမ မျက်နှာနှင့် မတူပဲ ပြောင်းသွားတယ်။ တစ်မျိုးကြီး ကြောက်စရာမျက်နှာကြီး ဖြစ်သွားတယ်ဗျ။ သြော် မေ့သွားလို့ ပြောဖို့ကျန်သွားတယ်။ ကျွန်တော်တို့ ဆရာကြီးဆီ ထွက်မလာခင်မှာ ယုံကြည်ရတဲ့ မိတ်ဆွေထဲက အမျိုးသမီးတစ်ယောက်ကို နေ့တွက် ပေးပြီး အလုပ်တစ်ခု ပေးခဲ့တယ်ဗျ။ ဟိုမိန်းမကြီးကို စောင့်ကြည့်ထားဖို့။ မိန်းမကြီးရဲ့ အပြုအမူကို အချိန် နာရီနှင့်တကွ မှတ်သားထားဖို့ပါ။ ဒီလိုစီစဉ်ခဲ့တဲ့အတွက် ဆရာကြီးအိမ်မှာ ကဝေမနှင့် တစ်ပွဲတစ်လမ်း အကဲစမ်းနေတုန်း... အဲ့ဒီမိန်းမကြီး သူ့အိမ်မှာ ဘယ်လို ဖြစ်နေတယ် ဆိုတာကို ကျွန်တော်တို့ အတိအကျ သိရှိခဲ့ရတယ်။ ဆရာကြီးက ကဝေမကို ဝင်ပူးဖို့ အမိန့် ပေးနေချိန်မှာ ဟိုမိန်းမကြီးဟာ သူ့ဆိုင်မှာ အသုပ် ရောင်းနေတုန်းဗျ။ ဈေးရောင်းနေတုန်း မျက်နှာတစ်ခုလုံး ချွေးသီးချွေးပေါက်တွေ စိုရွှဲလာတယ်။ ချက်ချင်းပဲ တဆတ်ဆတ် တုန်ယင် လာတယ်။ အဲ့ဒီနောက်မှာ နေမကောင်းဘူးဆိုပြီး ဆိုင်ပစ်သွားခဲ့ပြီး ချက်ချင်း အိမ်ကို ပြန်ပြေးသွားတယ်။ ကျွန်တော်တို့ မိတ်ဆွေ အမျိုးသမီးကလဲ မိန်းမကြီးနှင့် ရင်းနှီးနေတာမို့... လူမမာသတင်းမေးသလို တောက်တိုမယ်ရ ကူညီသလို လုပ်ပြီး မိန်းမကြီးရဲ့ အိမ်ထိ လိုက်သွားခဲ့တယ်။
မိန်းမကြီးဟာ အိပ်ခန်းထဲ တန်းဝင်သွားပြီး အဖျားတက်သလို ပုံစံနှင့်...
"တအင်းအင်း" "တအားအား" ညည်းတွားနေတယ်လို့ ဆိုတယ်။
"အရင်ဘဝကလဲ မကောင်းမှု ဒုစရိုက် ကံတွေ ပြုခဲ့လို့ ဒီဘဝမှာ ယုတ်ညံ့တဲ့ အောက်လမ်းပညာသည် ကဝေမ ဖြစ်ရတယ် ဒီလိုသာ ဆက်လုပ်နေရင် အဝီစိငရဲက ဘယ်တော့မှ မလွတ်ပဲ ဂျိုးကပ်သွားလိမ့်မယ် ဒါကြောင့် နင့်ရဲ့ အကျင့်စရိုက်တွေကို ပြင်လိုက် ငါ့သမီး ခိုင်ခိုင်ကို တိုက်ခိုက်ထားတဲ့ နင့်ရဲ့ ပညာစက်ကို တစ်ခုမကျန် ပြန်ယူလိုက်စမ်း" ဆရာကြီးက အမိန့် ပေးလိုက်တယ်။
"ကောင်မကို သေအောင် လုပ်မှာဟဲ့ ဒီကောင်မသေမှ ငါ့ပညာကို ငါပြန်သိမ်းမှာ သိရဲ့လား..."
အာဂကဝေမကြီးဗျို့....
ဆရာကြီးကိုတောင် ဒေါသတကြီး အော်ပြောနေတယ်။ အသံကြီးကလဲ ကြောက်စရာကြီး ဆရာကြီးက အောက်လမ်းပညာ ပြန်နှုတ်ဖို့ မေတ္တာ ရပ်ခံတာကို လုံးဝ လက်မခံဘူး။ ဒေါသတကြီး ငြင်းဆန်နေတယ်။ ဆရာကြီးကလဲ ချော့မော့ပြီး မေတ္တာ ရပ်ခံတာကို မရတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြ လိုက်တယ်နဲ့ တူရဲ့။
"လက်ပြန်ကြိုးတုပ်စေ" လို့ အမိန့်ပေး လိုက်တယ်။ ကဝေမကြီး ပူးကပ်ဝင်ရောက်နေတဲ့ ခိုင်ခိုင် လက်တွေဟာ အလိုလို နောက်ဘက် ရောက်သွားတယ်။ လက်ပြန် ကြိုးတုပ်သလို ဖြစ်သွားတယ်။
"ဟိုတိုင်ထောင့်ကို ခေါင်းနှင့် ပြေးစောင့်စမ်း" ဆရာကြီး အမိန့် ပေးလိုက်တာနှင့် ချက်ချင်းဗျာ လက်ပြန်ကြိုးတုပ်ပုံစံနှင့်
"ခွပ်" ခနဲ အသံတောင် ထွက်သွားတယ်။ ဆောင့်တဲ့ အရှိန်က ပြင်းတော့ နဖူးကွဲ သွားတာပေါ့။ သွေးတွေ မျက်နှာပေါ် စီးကျလာတာ မြင်မကောင်းဘူး။ ကျွန်တော် လန့်သွားတာပေါ့။ နဖူးကွဲသွားတာ ကျွန်တော့မိန်းမလေ။ ကျွန်တော် ဆရာကြီးကို ကြည့်မိတယ်။ ဆရာကြီး ကတော့ ကျွန်တော့ကို မကြည့်ဘူးဗျ။ လက်ပိုက်ပြီး ရပ်နေတယ်။
"ကဲ နင့်ပညာတွေကို ချက်ချင်း နှုတ်မှာလား မနှုတ်ဘူးလား ပြောစမ်း"
"သေချင်သေသွားပါစေ ငါ့ပညာကို ပြန်မနှုတ်ဘူးဟေ့"
"ဒါဆိုရင် ဟိုထောင့်တိုင်ကို ပြေးပြီး ခေါင်းနှင့် ဆောင့်လိုက်ဦး..."
ဆရာကြီး အမိန့်ပေးတိုင်း ကဝေမကြီးက ခေါင်းနှင့် တိုင်ကို ပြေးပြေးဆောင့်နေရတယ်။ သုံးလေးခါ မကတော့ဘူး။ အခြေအနေက တော်တော် ဆိုးနေပြီ။ ပင်ကိုယ်စိတ် ပျောက်နေတဲ့ ကျုပ်မိန်းမ ခေါင်းကွဲနေပြီ။ နဖူး အလယ်မှာဆို တစ်လက်မလောက် ရှည်တဲ့ ဟက်တက် ဒဏ်ရာကြီး။ သွေးတွေ ဆိုတာလဲ မျက်နှာပေါ် စီးကျနေတယ်။ မမြင်ရက် မရှုရက် စရာပဲ။ ဆံပင်တွေကလဲ ဖရိုဖရဲနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ။ ကဝေမ ကတော့ သူ့ပညာကို ပြန်မနှုတ်ဘူး လို့ ဒေါသတကြီးနဲ့ အော်ပြောနေတုန်းပဲ။ ဆရာကြီးကလဲ အမိန့်သုံးပြီး တစ်မျိုးပြီးတစ်မျိုး အပြစ်ဒဏ် ပေးတယ်။
"ကိုယ့်ပါးကိုယ် ပြန်ရိုက်စမ်း"
"ဘယ်ဘက်ပါး ရိုက်စမ်း"
"ညာဘက်ပါး ရိုက်စမ်း" ကြာတော့ ကျွန်တော့မိန်းမ မျက်နှာ တစ်ခုလုံး အညိုအမဲတွေ စွဲလာတယ်။ အဲဒီကနေ ဖူးရောင် မဲပုပ်လာတယ်။ နောက်ဆုံးမှာ မျက်နှာက ရွှေဖယုံသီး ကြီးလို ဖောင်းကား ယောင်အမ်း လာတယ်။ ဒါပေမယ့် ကဝေမကြီး ကတော့ မာန်မချဘူး။
"အသက်သာ အသေခံမယ် ငါ့ပညာကို တော့ ပြန်မနှုတ်ဘူးဟဲ့ " ဒေါသတကြီး အော်ဟစ်ပြောနေတုန်းပဲ။ နောက်ဆုံးမှာ ဆရာကြီးက ကဝေမကို ဂိုဏ်းတော်လက် အပ်လိုက်ရတယ်။
"အောက်လမ်းကဝေမရဲ့ ပညာတွေ ပြန်ရုပ်သိမ်းအောင် ဂိုဏ်းတော်က ဆုံးမပေးပါ" လို့ တောင်းပန်လိုက်တယ်။ အဲ့ဒီတော့မှပဲ တင်းမာနေတဲ့ ကဝေမကြီး ဒုက္ခလှလှ တွေ့တော့တာပဲဗျို့။ ငရဲပြည် ရောက်ပြီး ငရဲထိန်းတွေ နှိပ်စက်တာ ခံနေရတဲ့ ငရဲကျခံရသူလို ဖြစ်သွားတယ်။ တစ်ချက်ကလေးတောင် ဒေါသနှင့် ပြန်မအော်နိုင်တော့ဘူး။ ဆရာကြီးရဲ့ ဓါတ်ခန်းထဲမှာ လူးလှိမ့်နေရတယ်။ ဆရာကြီးက ဂိုဏ်းတော်ကို အပ်လိုက်တဲ့ အတွက် ဂိုဏ်းတော်ကို စောင့်ရှောက်နေတဲ့ လောကပါလ နတ်မင်းကြီးလေးပါးရဲ့ အခြွေအရံ တွေက ဆုံးမနေကြတာဗျ။
"အမလေး ကြိမ်လုံးကြီးနှင့် ရိုက်နေပါပြီ"
"မလုပ်ကြပါနှင့် သေရပါတော့မယ်"
"နာလှပါပြီ လှံကြီးနှင့် မထိုးကြပါနှင့်တော့"
"ဆင်ကြီး...ဆင်ကြီး..နင်းတေ
"အမလေး သေပါပြီ" သူပဲမြင်နေ သူပဲ ခံစားနေရတာဗျ။ ကျွန်တော်တို့ ကတော့ မှော်ကား သရဲကား ကြည့်နေရသလိုပဲ။ ဘာမှမတွေ့ မမြင် ရဘဲ လန့်နေတယ်။ အသံနက်ကြီးနှင့် ကြောက်လန့်တကြား အော်နေတာကလဲ ငယ်သံကိုပါလို့ပဲ..
နောက်ဆုံးကျမှ ကဝေမကြီး အညံ့ခံ အရှုံးပေးတော့တယ်ဗျို့။
"ကယ်ပါ ကျွန်မ ပညာတွေ ပြန်နှုတ်ယူပေးပါ့မယ် အသက်ကို ချမ်းသာပေးကြပါ လုပ်ထားတဲ့ အပြစ် မှန်သမျှကို ကျွန်မ ပြန်ခံပါ့မယ်"
ဆရာကြီးက ကဝေမကြီးကို သစ္စာရေ တိုက်တယ်။
"ဘုရားတပည့်တော်မသည် မကောင်းသောအတတ် အောက်လမ်းနည်းပညာရပ်များကို
"ကာယကံရှင် မခိုင်ခိုင်ရဲ့ ကိုယ်ခန္ဓာမှာ စွဲထင်နေတဲ့ ဒဏ်ရာ အနာတရတွေ မြူတစ်မှုန်မျှ မကျန်အောင် မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်မှ ထွက်လို့ရစေ ကြွင်းကျန်နေလျှင် ထွက်လို့မရစေ" လို့လည်း အမိန့်ပေးလိုက်တယ်။ ဆရာကြီးရဲ့ အမိန့်ကိုလဲ ကြားရော ကဝေမကြီးက ဖူးရောင် ညိုပုပ်နေတဲ့ ရွှေဖရုံသီးမျက်နှာကြီးကို အကြိမ်ကြိမ် လက်နှင့် သပ်ချတယ်။ ဦးခေါင်းနှင့် နဖူးက ကွဲပေါက် သွေးထွက်နေတဲ့ ဒဏ်ရာတွေကိုလဲ လက်နှင့် သပ်ချတယ်။ စေ့သွားတယ်။ တကယ့် မှော်ရုပ်ရှင် ကြည့်နေရသလိုပဲ။ နောက်ဆုံးမှာ ဖူးရောင်ညိုမဲတာတွေ အားလုံးပျောက်သွားတယ်။ နဂိုမူလ မျက်နှာလေး ပြန်ဖြစ်သွားတယ်။ ဒါပေမယ့် ကဝေမကြီးက တော်တော် အာဃာတကြီးမားတယ်ဗျို့။
ကျွန်တော့်မိန်းမရဲ့ မျက်နှာပေါ်က ဒဏ်ရာတွေ မကုန်မီ သုံးကြိမ်လောက် ထွက်ပြေးဖို့ကြိုးစားသေးတယ်
ကဝေမပြုတဲ့ကံ ကဝေမဆီပြန်
ဆရာကြီးကို ကန်တော့ပြီး ကျွန်တော်တို့ ပြန်လာကြတယ်။ (၅) ရပ်ကွက် ----------လမ်းထဲကို ကားဝင်မယ် အလုပ်မှာ လမ်းထဲက ဆိုက်ကားတစ်စီး ထွက်လာတယ်။ ဆိုက်ကားထွက်သာအောင် ကျွန်တော်က ကားကို ဘေးကပ်ပြီး ရပ်စောင့်ပေးတယ်။ ဆိုက်ကား စီးလာသူကို ကြည့်လိုက်တော့ ဟိုမိန်းမကြီးရယ် သူ့ယောက်ျားရယ်ဗျ။ သူ့ယောက်ျားက ဆိုက်ကား ကယ်ရီယာမှာ ထိုင်လိုက်လာတယ်။
"ဦးလေး ဘယ်သွားမလို့လဲ"
ကျွန်တော်က နှုတ်ဆက်လိုက်တယ်။
"မင့်အဒေါ်ကွာ ဘာဖြစ်မှန်းမသိဘူး မျက်နှာကြီးရောင်ကိုင်းလာတယ