သရဲဇာတ်လမ်း

ကျနော်တို့က နယ်မြို့တမြို့မှာနေတာပါ
နယ်မြို့ဆိုပေမဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ စီးပွားရေးမြို့တမြို့ပါ
အနီးအနားက မြို့ရွာတွေကိုကားတွေကလဲ ရန်ကုန် သွားချင်ရင် ကျနော်တို့မြို့ကပဲလာစီးရတယ
ကားတွေကခေတ်ပေါ်အဝေးပြေးကားတွေမဟုတ်ပဲ အရင်ကုန်းလမ်းပို့ဆောင်ရေးလိုမျိုး ရန်ကုန်ကဘက်စ်ကားတွေလိုမျိုးကားတွေပါ
ရန်ကုန်ကို ၅နာရီလောက်ပဲမောင်းရတာလေ...
မြို့မှာ အဝေးပြေးကားလိုင်းတော်တော်များများလဲရှိတယ်
ကျနော့်အိမ်ရှေ့မှာလဲ အဝေးပြေးကားပိုင်ရှင်တယောက်နေပါတယ်
သူက ကားလေးငါးစီးပိုင်တော့ သူ့ကားတွေက ညအိပ်ရင်သူ့အိမ်ရှေ့လာထိုးအိပ်ကြတာပါ
သူ့အိမ်ရှေ့ဆိုတော့ ကျနော့်အိမ်ရှေ့ပဲဆိုကြပါတော့..
ကျနော့်အိမ်ဘေးမှာလမ်းကြားတခုလဲရှိတယ်
အတော်ကျယ်တဲ့လမ်းကြားဆိုတော့ ကားတစီးလောက်လဲလာညအိပ်တတ်တယ
ညဆယ်နာရီနောက်ပိုင်းဆို ကားတွေစုံကြပြီ..
မြို့ထဲမယ်အိမ်ရှိတဲ့ ယဉ်မောင်းတွေ စပယ်ယာတွေက ကိုယ့်အိမ်ကိုပြန်အိပ်ကြသလို တခြားကလာအလုပ်လုပ်တဲ့သူတွေနဲ့ မြို့ထဲနေပေမဲ့ အိမ်ထောင်မရှိတဲ့ လူပျိုလူလွတ်တွေကတော့ ကားပေါ်မှာပဲဖြစ်သလိုအိပ်ကြတယ်
ယောက်ျားတွေဆိုတော့ လူစုံပြီဆို ဆူညံဆူညံလေးတွေရှိကြတာပေါ့
အရင်သောက်တဲ့သူ ဖဲရိုက်တဲ့သူ ဂစ်တာတဒေါင်ဒေါင်တီးသီချင်းဆိုတဲ့သူ ...အမျိုးမျိုးပဲ...
အဲ...ဒါပေမဲ့ ညနက်သွားပြီဆိုရင်တော့ တခြားအမျိုးအစားတခုပါ ပါလာတတ်ပြီ...
အဲဒါကတော့ မိန်းမလိုင်းပါ...
မကောင်းတဲ့မိန်းမတွေက ညနက်ပီဆိုရင် ရောက်ရောက်လာတတ်တယ်
ကျနော်က အဲဒီလမ်းကြားဘက်အခြမ်းကအခန်းမှာနေတဲ့သူဆိုတော့ မမြင်ချင်ပေမဲ့မြင်နေရတာပေါ့...
ကျနော့အိပ်ခန်းပြတင်းပေါက်ကကြည့်ရင် မြင်မြင်နေရတယ်...
လမ်းကြားကမီးရောင်လဲမရှိဆိုတော့ ဆိတ်ကွယ်ရာသဘောဖြစ်နေတယ်
လမ်းကြားရဲ့ဟိုဘက်ခြမ်းကအိမ်ကလဲ လူမနေတဲ့အိမ်အလွတ်ဖြစ်တဲ့အပြင် ကျနော့အိမ်မှာကလဲ မိဘတွေနဲ့ကျနော်ပဲရှိကြတာဆိုတော့ လူရိပ်လူရောင်လဲနဲတယ်မဟုတ်လား...
မိဘတွေက ကျနော့အခန်းနဲ့မျက်နှာချင်းဆိုင်ရက်အခန်းမှာနေကြတော့ ညဆိုအဲလမ်းကြားကိုမြင်နိုင်တဲ့သူက ကျနော်ပဲရှိတယ်လေ...
ဒါကိုသိတဲ့သူတို့အဖို့ အိုကေပြီဆိုပါတော့...
ညဘက်စာကျက်ပီးလဲ စောစောမအိပ်ရတာ ကျနေ့်အဖို့အဆိုးဆုံးပဲ...
သူတို့အသံတွေနဲ့ဘယ်လိုမှအိပ်မရဘူးလေဗျာ...
သူတို့အသံတွေတိတ်တော့မှ အိပ်ပျော်ရတယ်...
ဒါတောင် အကုန်တိတ်တာမဟုတ်ဘူးနော်...တချို့တီးတိုးစကားသံတွေပြောနေကြသေးတာ..
ဒီလိုမျိုးနေသွားလိုက်ကြတာ ဒါတွေကိုကျနော့လိုမြင်ဟန်ရှိတဲ့ လူတယောက်က မြင်မကောင်းဘူးဆိုပီးတိုင်ပါလေရော...
ဒါနဲ့ ကားပိုင်ရှင်က ကားပေါ်မှာလူမအိပ်ရဆိုပီး စည်းကမ်းသတ်မှတ်လိုက်တယ်
သူတို့နေဖို့ သူ့အိမ်နောက်မှာဆောက်ပေးလိုက်တော့ လူမရှိကြတော့ဘူး
ဒါတင်မကဘူး လမ်းကြားထဲမှာလဲမီးလုံးတပ်ပေးလိုက်တော့ ကားပေါ်မှာဟိုတုန်းကလိုမှောင်မနေတော့ပဲ အလင်းရောင်ရနေတယ်
လင်းထိန်နေတာမျိုးမဟုတ်ပဲ ကားပေါ်မှာလူရှိမရှိသိရရုံပါ...
လူသံတွေလဲအရင်လို ဆူညံမနေတော့ ကျနော့်အတွက်တော့ကောင်းသွားတာပေါ့...
ညခပ်စောစောအိပ်ရလို့ ပိုအဆင်ပြေရတယ်...
ကားကိုလဲ လမ်းကြားရဲ့ကျနော့်အိမ်ဘက်ခြမ်းမှာမရပ်တော့ပဲ လူမနေတဲ့ဟိုဘက်ခြမ်ကအိမ်နဲ့ကပ်ရပ်ခိုင်းတယ် ဒါမှတပ်ထားတဲ့မီးလုံးအရောင်က ကားထဲမြင်နေရမှာလေ...
မီးလုံးကကျနော့်အိမ်နံရံမှာတပ်ထားတာပါ...
ဒီပုံစံနဲ့အဆင်ပြေသွားတုန်း...တနေ့...
အဲဒီနေ့က...
ကျနော့်သူငယ်ချင်းအိမ်မှာအလှူရှိတာနဲ့ ဝိုင်းကူလုပ်ပေးရင်အိမ်အပြန်နောက်ကျပါရော...
ကိုယ့်မြို့ဆိုတော့ ဘာစိုးရိမ်စရာရှိမှာလဲ...တယောက်ထဲပဲ အိမ်ပြန်လာတာပေါ့..
အိမ်ရောက်တော့ ပါလာတဲ့အိမ်သော့နဲ့အိမ်ရှေ့ခြံသော့ဖွင့်နေတုန်း...
ဟင့်....အဟင့်....
မိန်းမတယောက် ငိုသံကြားလိုက်ရတယ်...
နာရီကြည့်မိတော့ ညဆယ့်တစ်နာရီကျော်ပီ...
လမ်းပေါ်မှာလဲလူတယောက်မှတွေ့ရဘူး...
ဘယ်ကထွက်လာတဲ့အသံလဲ...စဉ်းစားနေတုန်းရှိသေး...
ဟင့်...အဟင့်....
ဟော...ထပ်ကြားရပြန်ပီ...
အသံလာရာတွေးကြည့်တော့ လမ်းကြားထဲက...
ဒါနဲ့လမ်းကြားထဲမသိမသာ ခေါင်းပြူကြည့်မိတော့ လမ်းကြားထဲမှာလဲဘယ်သူမှမရှိပြန်ဘူး...
ထပ်ပီး ဟိုဟိုသည်သည်ကြည့်မိလိုက်တော့ ...
အောင်မလေးဗျ.. .လန့်လိုက်တာ.. .
ကားပေါ်မှာ မိန်းမတယောက် ထိုင်နေတာတွေ့လိုက်ရတယ်..
ဒရိုင်ဘာရဲ့အနောက်ကခုံမှာ ထိုင်နေတယ်...နောက်ပီး ပခုံးကတလှုပ်လှုပ်ဖြစ်နေတာဆိုတော့ သူငိုနေပုံထင်ရတာပဲ...
ဟုတ်ပါ့...ငိုသံကသူ့ဆီကထွက်လာတာပဲ
ဆံပင်ရှည်ရှည်တွေဖြန့်ထားပီး ခေါင်းငုံ့ငိုနေတာ...
အရင်ဟိုလူတွေရှိတုန်းကဆို ဒီမြင်ကွင်းကမထူးဆန်းလောက်ပေမဲ့ အခုကတယောက်ထဲတွေ့နေရတာဆိုတော့ ကျနော့်စိတ်ထဲဆန်းသလိုဖြစ်နေတယ်
ဒီလောက်ညဘက်ကြီး ဒီလိုနေရာမှာ ဘယ်နှယ့်ကြောင့် သူတယောက်ထဲလာငိုနေရပါလိမ့်...
အကူအညီ ပေးချင်ပေမဲ့အရင်က ဟိုလိုသည်လိုတွေရှိခဲ့ဖူးတာကြောင့် မမေးရဲဘူး...
သူ့ဘေးမှာလဲ ဘယ်ကားသမားမှမတွေ့ရတာထူးဆန်းနေသလိုပဲ...
သူလဲ အိမ်တံခါးဖွင့်ပီးသာဝင်ခဲ့တာ အဲမိန်းမက ကျနော့်ကို မော့တောင်မကြည့်ဘူး...
အိပ်ခန်းထဲပြန်ရောက်တော့ မီးမဖွင့်သေးပဲ ကားပေါ်ကြည့်လိုက်တော့ ဒီမိန်းမ ထိုင်နေတုန်း.. .
ဒါနဲ့သူလဲ စပ်စုချင်တာနဲ့ အိပ်ခန်းမီိးဖွင့်ပဲ တိတ်တိတ်လေး ဆက်ကြည့်နေမိတယ်...
ဘယ်သူနဲ့ပက်သက်လို့လဲ ...ဘယ်လိုပက်သက်လို့ငိုသလဲပေါ့ ..
အရင် ကားသမားတွေရှိတုန်းက မိန်းမတွေအများကြီးလာနေတတ်ပေမဲ့ အခုလိုငိုယိုနေတာမျိုးတော့ သူမတွေ့ဖူးတော့ စပ်စုချင်တယ်ဆိုပါတော့...
သူဆက်သာကြည့်နေတာ အဲမိန်းမကတော့ပုံမပျက်ထိုင်ငိုနေတာပဲ
ကြာလာတော့ သူလဲကြည့်ရတာပျင်းလာတာနဲ့အိပ်လိုက်ပါတယ်...
ဘယ်လောက်ကြာကြာ အိပ်ပျော်လဲမသိဘူး မိန်းမတယောက်ရဲ့ငယ်သံပါအောင်အော်သံကြောင့်သူနိုးသွားတယ်..
သူတင်မက တအိမ်လုံး တလမ်းလုံး နိုးလာကြပါတယ်...
အော်တဲ့သူက ငါးစမ်းသည်မရီဆိုသူပါ...
မနက်သုံးနာရီလောက်ထပီး ငါးဒိုင်မှာငါးသွားယူပီး မနက်ဈေးမှာပြန်ရောင်းသူပေါ့...
တလမ်းလုံး မရီနားရောက်တော့ သူကမေ့လဲနေတာ..
အနားမှာလဲ ငါးတောင်းမှောက်ပီးငါးတွေပြန့်ကျဲနေတာပဲ...
အမျိုးသမီးကြီးတွေက သတိရလာအောင်အမျိုးမျိုးလုပ်ပေးတယ်...
မကြာပါဘူး ပြန်သတိရလာတော့ အောင်မလေး.. .သူရဲသူရဲလို့အော်ပိး ထပြေးတာနဲ့.လိုက်ဖမ်းကြရသေးတယ်...
လူတွေ အများကြီးလဲတွေ့နေတော့မှ မရီပြန်တည်ငြိမ်လာတယ်...
ပီးတော့ သူကရှင်းပြပါတယ်...
မနက်ဒိုင်ကငါးယူပီး သူပြန်လာတော့ တယောက်ထဲပါ
ဈေးအတူရောင်းနေကြအသိကမလာတာနဲ့ သူတယောက်ထဲ ငါးတောင်းရွက်ပြန်လာတုန်း ဒီနားကကားတွေရပ်ထားတဲ့နေရာရောက်တော့...
ငါးသည်...ခနနေပါဉ်ီး...ဆိုတဲ့ခေါ်သံကြားလို့လှည့်ကြည့်တော့ ကားတစိးရပ်ထားတဲ့လမ်းကြားထဲကမိန်းမတယောက်ကကားပေါ်က လှမ်းခေါ်တာမြင်လိုက်ရတယ်..
သူလဲဈေးဝယ်ထင်ပီး ကားနားကိုသွားတော့ ငါးတပိဿာချိန်ပေးပါဆိုတာနဲ့ချိန်ပေးတယ်...
ဒီလိုချိန်ကြီးတယောက်ထဲငါးဝယ်နေတာ သူ့စိတ်ထဲဆန်းတယ်တော့ထင်မိသား...
ဒါပေမဲ့ ဈေးသည်ဆိုတော့ ရောင်းချင်တာနဲ့
ချိန်ပီးအထုပ်ထဲထည့်ပေးတော့ ဒီမိန်းမက သူ့ကိုကားပေါ်တက်ပေးပါလို့ဆိုလာတယ်...
ငါးတောင်းထားပီးမတက်ချင်တာနဲ့ ညီမပဲဆင်းလာပါလားဆိုတော့ ဆင်းလို့မရဘူးတဲ့...
မရီလဲစိတ်ထဲအောင့်သက်သက်ဖြစ်သွားပီး အမငါးတောင်းထားပီးတက်လာရင်ခွေးစားသွားလိမ့်မယ်..ညီမဆင်းမယူလဲနေပါစေ မရောင်းတော့ဘူးဆိုတော့မှ သူဆင်းလာမယ်တဲ့...
မရီက ကားပြတင်းပေါက်ကကြည့်နေတော့ သူထိုင်ခုံပေါ်ကဆင်းတာမြင်ရတယ်...
ခုံပေါ်ကဆင်းတာနဲ့ အရပ်ပုပုလေးလိုဖြစ်သွားတယ်...ပြတင်းပေါက်ကလှမ်းကြည့်တာ မမြင်ရတော့ဘူး
သူလဲ သက်ကြီးပုများလားထင်မိတယ်...
သူဆင်းလာမဲ့ ကားတံခါးဝကစောင့်နေတုန်း...
အောင်မလေး.. .
သရဲ...သရဲပါတော့...
ထိုမိန်းမက ကားကြမ်းပြင်ကနေ တရွတ်ဆွဲပီးလာနေတာမြင်လိုက်ရပါရောလား..
လက်နှစ်ဖက်နဲ့ ထောက်ပီးတရွတ်ဆွဲလာနေတယ်...
သူ့ရဲ့ခါးအောက်ပိုင်းက အသားမျှင်တွေဖွာလန်ကျဲပီး သွေးအလိမ်းလိမ်းနဲ့ပါ...
ခါးအောက်ပိုင်း ကစပီး ကိုယ်ခန္ဓာ ပြတ်တောက်နေတယ်ါ...
တခုခုကကြိတ်ထားပုံနဲ့ တိတိရိရိမပြတ်ပဲ အသားမျှင်တွေ ဖွာလန်ကြဲနေတာတွေ့တော
သူအရမ်းလန့်အော်မိတာလို့မရီကရှင်းပြတယ်..
သတ္တိကောင်းတဲ့သူတွေက ကားပေါ်တက်ကြည့်ပေမဲ့ဘာတခုမှမရှိဘူး...
မရီပြောသလိုသွေးအလိမ်းလိမ်းလဲမရှိဘူး..
မရီကတော့အသေအချာပြောတာ...ဆံပင်ရှည်ရှည်နဲ့ပါတဲ့
အားလုံးက မရီမျက်စိမှာ်းထင်ကြပေမဲ့ သူကတော့ယုံတယ်
ညက သူ့မျက်မြင်တွေ့ခဲ့ရတယ်မဟုတ်လား...
မရီမျက်စိမှားတယ်ပဲ ဝိုင်းပြောကြတော့သက်သေမပြနိုင်တဲ့သူ့အတွက့် အလကားဖြစ်ရတယ်
အဲလိုမရီတွေ့ပီးနောက်ပိုင်း အဲကားလာထိုးတဲ့နေ့တိုင်း ခွေးအူသံတွေအရမ်းကြားရတယ်
ခွေးတွေကအဲကားစိမ်းနားမှာပဲ ဝိုင်းအူနေတတ်တာသူသတိထားလာတယ်
သူတင်မကတလမ်းလုံးပါသတိထားမိတာပေါ့..
အရင်ကားသမားတွေနေတုန်းက ဆူသာဆူတာခွေးအူသံတော့မကြားခဲ့ရဘူးလေ..
တချို့သူတွေဆို အဲလမ်းကြားဖြတ်သွားရင် မိန်းမတယောက်ထွက်လာပိး ဆွဲတတ်တယ်လို့ပြောကြတယ်..
ကအစိမ်းရောင်ပေါ်က တရွတ်ဆွဲပီးဆင်းလာတယ်လို့အကုန် တညီထဲပြောကြတာ
တနေ့တနေ့ ခွေးအူသံတွေနဲ့အိပ်မရကြတဲ့အဆုံး ရပ်ကွက်ကပိုင်ရှင်ကိုခွင့်တောင်းပီး ဘုန်းကြီးပင့်ပီးလမ်းထဲပရိတ့ရွတ်ရတယ်
သူကတော့ မရီမြင်တဲ့နေကစပီး အခန်းပြတင်းပေါက်ပိတ်ထားတာ ဘုန်းကြီးပရိတ်ရွတ်ပိးမှ ပြန်ဖွင့်ဖြစ်တယ်...
ပိုင်ရှင်နဲ့ကားဆရာကတော့ သူတို့ကားသန့်တယ်ပြောတာပဲ
ဒါပေမဲ.. .
ဘယ်ကမိန်းမဘယ်လိုရောက်လာမှန်းမသိဘူး..
ကားကလဲလူမတိုက်မိပါဘူးတဲ့...
ပရိတ်ရွတ်ပီးတာနဲ့ တလမ်းလုံးဘာသံမှမကြားရတော့တာတော့အမှန်ပါပဲ
ထွက်ဆွဲသံလဲမကြားရဘူး
ကျနော့ စိတ်ထင်တော့ ကားကသန့်တယ်မထင်ပါဘူး.
ပရိတ်ရွတ်ပီးတာနဲ့
လူတွေကို ထွက်ဆွဲသံလဲမကြားကတော့ဘူး
ပိုင်ရှင်က ဘယ်လောက်ပဲငြင်းငြင်....
တစုံတခုရှိလို့ ခြောက်တယ်ထင်ရတာပဲလေ.
အခုတော့ အဲခြောက်တဲ့မိန်းမလဲကောင်းရာမွန်ရောက်ပီလို့ထင်တာပါပဲဗျာ..
သူဘာကြောင့်သေခဲ့သလဲရယ် ဒီကားကိုဘာကြောင့်စွဲနေတာလဲရယ်တော့သူပဲသိပါလိမ့်မယ်
Credit-ပေတအသံဖြစ်ရပ်မှန်များ
Powered by Blogger.