ကိုယ်တုံးလုံး အိပ်စက်ခြင်းက ရရှိတဲ့ ကောင်းကျိုး (၉) ချက်

ကိုယ်တုံးလုံးအိပ်တာက လူတွေအတွက် အကျိုးများပါတယ် ၊ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မှာပါလဲ ?
လွယ်ကူသက်သာမှုရှိ
သင့်အနေနဲ့ အဝတ်အစားမဲ့ အိပ်စက်တဲ့အခါမှာ အိပ်ယာထချိန် အဝတ်အစားဝတ်ဖို့ ပိုမိုလွယ်ကူပါတယ် ။ ဒါ့အပြင် ညအိပ်ဝတ်စုံလည်း သီးသန့် ဝယ်နေစရာ မလိုတော့ ငွေကုန်ကြေးကျလည်း သက်သာတာပေါ့ ။ ဒါတင်ပဲလား ၊ မဟုတ်သေးပါဘူး ၊ အဝတ်လျှော်ဖို့ ပေးရတဲ့ အချိန်နဲ့ လျှော်ရတဲ့ အဝတ်လည်း နည်း ၊ ထားဖို့နေရာလည်း မလိုတော့ဘူးပေါ့။ 

2. အလုပ်သွားဖို့ အသင့်ဖြစ်နေ

မနက်ခင်း မိုးလင်းလို့ အလုပ်နောက်ကျ ကျောင်းနောက်ကျနေရင် ညအိပ်ဝတ်စုံ ချွတ်ဦးဟဲ့ လဲဦးဟဲ့ ဆိုတာမျိုး မလုပ်ထိတာမို့ အချိန်ကုန် သက်သာစေပါတယ် ။ တွေ့ရာဝတ်စုံ တစ်စုံ ကောက်စွပ်ပြီး ပြေးရုံပါပဲ။
ယခုကဲ့သို့သော ပို့စ်များကို သင့်ဖုန်းမှနေ၍ အလွယ်တကူ ဖတ်နိုင်ရန် MyanmarPortal ရဲ. Andriod App ကို PCloud ကနေ ရယူပြီး သင့်ဖုန်းထဲမှာ ထည့်ထားလိုက်ပါ။ >>APP DOWNLOAD HERE <<

3. သင့်စိတ်ကို လွတ်လပ်ပျော်ရွှင်စေနိုင်

အိပ်ယာပေါ်မှာ အဝတ်အစား မပါပဲ ကိုယ်တုံးလုံးနဲ့ လှဲလှောင်းနေရတဲ့ အရသာဟာ တော်တော်လေးမိုက်ပါတယ် ။ သင်ဟာ သင့်ရဲ. အောက်ခံဘောင်းဘီမပါ ၊ မိန်းကလေးဆို ဘရာတောင်မပါပဲ လွတ်လပ်စွာ နေခွင့်ရတဲ့ အခိုက်အတန့်ဟာ သင့်စိတ်ကို တကယ်ပဲ ပေါ့ပါးလွတ်လပ် စေနိုင်ပါတယ် ။ 

4. အရေပြားချင်း ထိတွေ့နိုင်

ဒါကတော့ အိမ်ထောင်ရှိသူတွေ အတွက်ပါ ၊ သင်နဲ့ သင့်အဖော်တို့ အဝတ်အစား မပါပဲ အတူကွ အိပ်ယာထက်မှာ ရှိနေတာဟာ သင်တို့ကို ပိုပြီးရင်းနှီးမှုကို ရရှိစေပါတယ်။ သင်တို့ ချစ်တင်းနှောဖြစ်ဖို့ကိုလည်း ပိုပြီးတွန်းအားပေး နိုင်ပါတယ်။

5. အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေ

အဝတ်အစားမပါပဲ အိပ်စက်တဲ့အခါမှာ သင်ဟာ လွတ်လပ်မှုကို ခံစားရပြီး ပိုပြီး အိပ်လို့ကောင်းပါတယ် ၊ ပိုပြီးတော့လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ် ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာဟာ သင့်ကို ပိုမို ကျန်းမာစေပါတယ်။

6. သင့်အသားအရေ အတွက် အထောက်အကူပြု

သင်ဟာ အဝတ်အစားမဲ့ အိပ်စက်ခြင်းဖြင့် သင့်ခန္တာကိုယ်ကို အနားပေးထားရာ ရောက်ပါတယ် ၊ ဘယ်လိုများလဲ ? သင်က တစ်နေ့ကုန် သင့် ခန္တာကိုယ် ၊ လက် ခြေထောက် စသဖြင့်ကို အမျိုးမျိုး ဖုံးကွယ်ထားရတာပါ ။ ဒီလို ညဖက် အဝတ်အစားမဲ့ အိပ်စက်ခြင်းကနေ သင့်ရဲ. တစ်နေကုန် ဖုံးအုပ်ထားတဲ့ အစိတ်အပိုင်းတွေဟာ လေကို အပြည့်အဝရပြီး အနားရပါတယ်။ ဒါဟာ သင့်အသားအရေ ကျန်းမာဖို့ကို အထောက်အကူ ပြုပါတယ် ။ 

7. Cortisol ဟော်မုန်းကို ပုံမှန်ဖြစ်စေ

Cortisol  ဆိုတာဟာ ခန္တာကိုယ်က အလွန်ထူးခြားတဲ့ ဓါတ်တစ်မျိုးဖြစ်ပြီး သင့်ကို ထိခိုက်စေပါတယ် ။ သင်ဟာ ကိုယ်တုံးလုံး အိပ်စက်ခြင်းဖြင့် သင့်ခန္တာကိုယ် အပူချိန်ကို အကောင်းဆုံး ထိန်းထားနိုင်ပြီး ၊ ဒါကပဲ Cortisol ဟော်မုန်းကို ပြုလုပ်ပေးဖို့ အထောက်အကူ ဖြစ်စေပါတယ် ။ တကယ်လိုများ သူဟာ အလွန်အကျံ အိပ်စက်မိခဲ့ရင် Cortisol ထုပ်လုပ်မှု ပမာဏ များပြားပြီး သင်နိုးလာတဲ့အခါ စိုးရိမ်ပူပန်မှု များစေပြီး ခန္တာကိုယ် အလေးချိန်လည်း တိုးလာနိုင်ပါတယ် ။ ဒါပေမယ့် ကိုယ်တုံးလုံးအိပ်တဲ့အခါမှာတော့ သင်ဟာ anxiety ဟော်မုန်း ထုတ်လုပ်မှုပမာဏ များမှာကို မစိုးရိမ်ရတော့ပါဘူး ။ 

8. သင့်လိင်အဂါင်္ကို ပိုပြီး ပျော်ရွှင်စေနိုင်

အမျိုးသားတွေ အတွက် အေးချမ်းတဲ့ အနေအထားနဲ့ အိပ်စက်ရခြင်းဟာ သုတ်တွေကို သန်စွမ်းစေပြီး မျိုးပွားခြင်း စနစ်ကိုလည်း ပုံမှန်ဖြစ်စေပါတယ် ။ အမျိုးသမီးတွေအတွက်ကတော့ အေးချမ်းတဲ့ အနေအထားနဲ့ အိပ်စက်ရခြင်းဟာ အမျိုးသမီး အဂါင်္ရောဂါပိုး ဝင်ခြင်းကနေ ကာကွယ်ပေးနိုင်ပါသတဲ့။

9. နွေရာသီမှာ သက်သောင့်သက်သာ ဖြစ်စေ

ဒါကတော့ အထွေအထူး ပြောစရာမလိုပါဘူး ၊ ပူအိုက်တဲ့ ရာသီဥတုမှာ အဝတ်အစားနဲ့ အိပ်ရတာဟာ စိတ်တိုဒေါသထွက်စရာပါပဲ။
Powered by Blogger.