အလှပြင်ခရင်မ်တွေ အလွန်အကျွံသုံးစွဲခြင်းက ဝက်ခြံနဲ့ အသားရေပျက်စီးမှု ဖြစ်စေ


အသားဖြူခရင်မ်နဲ့ အလှပြင်ခရင်မ်များ အလွန်အကျွံသုံးစွဲခြင်းက ဝက်ခြံဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပြီး အရေပြား ပါးလွှာအားနည်းမှု ဖြစ်စေနိုင်ကြောင်း နာမည်ကြီး အရေပြားရောဂါ အထူးကုဆရာဝန်တစ်ဦးက ပြောဆိုခဲ့ပါတယ်။
မျက်နှာပေါ် အလှပြင်ခရင်မ် အသုံးပြုခြင်းရဲ့ ထင်ရှားတဲ့ ဘေးဥပါဒ်က အရေပြားချည့်နဲ့စေခြင်း ဖြစ်ပါတယ်။ ၄င်းခရင်မ်တွေ နေ့စဉ်အသုံးပြုခြင်းက ဝက်ခြံဖြစ်ပွားမှုအပြင် အသားရေတင်းရင်းမှု လျော့နည်းခြင်းနဲ့ အရေပြား ချည့်နဲ့လာခြင်းတွေ ဖြစ်စေတယ်လို့ အရေပြားဆရာဝန်တစ်ဦးဖြစ်တဲ့ Rohit Batra ဆိုသူက ပြောဆိုခဲ့ပါတယ်။
အသက် ၁၅ နှစ်မှ ၄၄ နှစ်အရွယ်ကြား ဝက်ခြံအကြီးအကျယ်ပေါက်သူတွေ ရာခိုင်နှုန်း ပိုများလာတယ်။ ဝက်ခြံပေါက်သူတိုင်းလည်း သူတို့မျက်နှာတွေမှာ အမာရွတ်တွေ မရှိလိုတဲ့အတွက်ကြောင့် အားလုံးက ကုသမှု ခံယူချင်ကြတယ်လို့ Batra က ပြောဆိုခဲ့ပါတယ်။
ယင်း ဒုက္ခခံစားရသူတွေ မိမိကိုယ်ကိုယုံကြည်မှု ပြန်လည်ရရှိစေဖို့အတွက် အရေပြားရောဂါအထူးကု ဆရာဝန်များအနေနဲ့ အကောင်းဆုံး၊ အဆင့်မြင့် နည်းပညာ အသုံးပြုနေကြောင်း သူက ထပ်မံပြောဆိုခဲ့ပါတယ်။
ကျွန်ုပ်တို့ ယုံကြည်လက်ခံထားတဲ့အရာနဲ့ ဆန့်ကျင်နေတာက ဝက်ခြံက ပျိုဖော်ဝင်ချိန်နဲ့ သက်ဆိုင်တာမဟုတ်ပါဘူး။ lasers၊ chemical peels၊ thermal နဲ့ non-thermal light source စတဲ့ နောက်ဆုံးပေါ် နည်းစနစ်များကြောင့် ဝက်ခြံနဲ့ အမာရွတ်တွေ အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။ 
Ref: Indiatimes 
Powered by Blogger.