ရေအေးနဲ့ မျက်နှာသစ်ခြင်းဖြင့် ရရှိမယ့်  ကောင်းကျိုးများ


မနက်အိပ်ယာထတဲ့အခါ သင့်မျက်နှာ ဘာကြောင့် အနည်းငယ် မို့ဖောင်းနေလဲဆိုတာ သိပါသလား။ အဲဒါက ကျွန်ုပ်တို့ အိပ်တဲ့အချိန် ဆဲလ်တွေ အားအင် ပြန်လည်ပြည့်ဝလာလို့ ချွေးပေါက်တွေ ကျယ်ပြန့်လာပြီး မျက်နှာ အနည်းငယ် ဖို့ရောင်းရောင်းဖြစ်နေတာပါ။ ဒါကို ဖြေရှင်းဖို့ အခက်ဖြစ်နေပါက မစိုးရိမ်ပါနဲ့။ ရေအေးပက်ဖျန်းပေးဖို့သာ လိုအပ်ပါတယ်။ အထူးသဖြင့် မနက် ရေအေးနဲ့ မျက်နှာသစ်ပေးခြင်းရဲ့ ထူးခြားတဲ့ ကောင်းကျိုးတွေ ရှိပါတယ်။
ရေအေးဖြင့် မျက်နှာသစ်ပေးခြင်းက ချွေးပေါက်တွေ ပိတ်ကျဉ်းစေပါတယ်။ မျက်နှာကို ရေနွေးနဲ့ သစ်ပြီးနောက် ရေအေးအနည်းငယ် ပက်ဖျန်းပေးပါ ချွေးပေါက်တွေ ပိတ်သွားပါလိမ့်မယ်။ ဒါတင်မက  မျက်လုံးကိုပါ အေးစေပါတယ်။
ရေအေးက အသားရေ တွန့်တွမှုကာကွယ်ပေးသော ခရင်မ်ကဲ့သို့ အလုပ်လုပ်ပါတယ်။ အသားရေ ပိုမိုစိုပြေနုပျိုစေတယ်။ မျက်နှာသစ်ဖို့ ရေအေးကို ပုံမှန်အသုံးပြုပေးပါ အိုမင်းရင့်ရော်မှုဖြစ်စဉ် နှေးကွေးစေပြီး မျက်နှာအသားရေ တွန့်ရူံ့မှုပိုနည်းစေမှာ ဖြစ်ပါတယ်။
ရေအေးက အရေပြား အန္တရာယ်ဖြစ်စေသော နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ ပွင့်လာတဲ့ ချွေးပေါက် များအား ကျစ်လစ်စေပြီး ကာကွယ်မှုပေးတာကြောင့် အန္တရာယ်ရှိသော နေရောင်ခြည်ရဲ့ အကျိုးဆက်နဲ့ ကင်းဝေးစေပါတယ်။ ချွေးပေါက် တင်းကျပ်နေခြင်းက မိတ်ကပ်ကို ပိုမိုကြာရှည်ခံစေပါတယ်။ 
Ref: Indiatimes 
Powered by Blogger.