သဘာဝအတိုင်း သွားများကို ဖြူဖွေးစေမည့် နည်းလမ်းများ


သွားဖြူဖွေးခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး အမြောက်အမြား ရှိပါတယ်။ မိမိ ကိုယ့်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင် တစ်ခုလုံးကို တိုးတက်စေတယ်။ သူများတကာရဲ့ အားကျအထင်ကြီးမှုကို ရရှိစေနိုင်တယ်။ ခန့်မှန်းတွက်ချက်မှုတွေအရ လူအားလုံးရဲ့ ၁၈%လောက်က သူတို့ရဲ့ ၀ါနေတဲ့ သွားတွေကို ဖုံးကွယ်ဖို့ကြိုးစားတတ်ကြပါတယ်တဲ့။ သွားဖြူဖွေးစေမယ့် အလှကုန်ပစ္စည်း အများအပြားရှိသလို့် သဘာဝအတိုင်း အိမ်မှာပဲ လွယ်လွယ်ကူကူ လုပ်နိုင်မယ့် နည်းလမ်းများလည်း ရှိပါတယ်။
၁)စတော်ဘယ်ရီ
ဒီနည်းကတော့ နာမည်ကျော် မင်းသမီး ကတ်သရင်းဇီတာဂျုန်းပြုလုပ်တဲ့ နည်းဖြစ်ပါတယ်။ စတော်ဘယ်ရီသီး ၄ ၊၅ လုံးကို ချေပြီး သွားတွေကို ပွတ်တိုက်ပြီးနောက်မှာ ရေဆေးချတာဖြစ်ပါတယ်။ စတော်ဘယ်ရီမှာပါတဲ့ အက်ဆစ်ဓာတ်က အစားအသောက်တွေကြောင့် ဖြစ်တဲ့ အစွန်းအထင်းတွေကို ကျေပျက်စေပါတယ်။
၂)ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်က ကော်ဖီနဲ့ဆေးလိပ်ချိုးတွေကို ပျောက်စေနိုင်ပါတယ်။ ပန်းသီးရှာလကာရည်နဲ့ ၁လလောက် ပုံမှန် သွားတိုက်ပေးရင် ဖြူဖွေးတဲ့ သွားများရရှိနိုင်ပါတယ်။ သတိထားရမှာကတော့ ပန်းသီးရှာလကာရည်နဲ့ တိုက်ပြီးနောက်မှာ ကိုယ်တိုက်နေကျ ပုံမှန်သွားတိုက်ဆေးတစ်မျိုးနဲ့ ပြန်တိုက်ပေးဖို့ လိုပါတယ်။အဲဒီလို မတိုက်မိရင် သွားရဲ့ အက်ဆစ်အကြွင်းအကျန်တွေကြောင့် သွားရဲ့ အပေါ်ယံ ကြွေလွှာများကို ပျက်စီးစေနိုင်ပါတယ်။
၃)ဒိန်ခဲစားခြင်း
ဒိန်ခဲမှာ နို့က ရတဲ့ ပရိုတင်းဓာတ် ပါဝင်တဲ့အတွက် အပေါ်ယံကြွေလွှာကို ပိုမိုခိုင်မာစေပါတယ်။
၎)အသီးအရွက်နဲ့ အသီးအနှံများစားခြင်း
တရုတ်နံနံ၊ မုန်လာဥနီ၊ ပန်းသီး နဲ့ သစ်တော်သီးတွေက သွားကို ကော်ပတ်လိုပွတ်တိုက်ပေးနိုင်တဲ့အတွက် သွားရဲ့ မျက်နှာပြင်ပေါ်က အစွန်းအထင်းတွေကိုပျောက်ကင်းစေပါတယ်။ပြီးတော့ အစွန်းအထင်းတွေ ကို လျော့နည်းစေတဲ့ တံထွေး ထွက်ရှိဖို့ကိုလည်း ကူညီပေးပါတယ်။
၅)မီးသွေး
မီးသွေးက ခန္ဓာကိုယ်က ချေဖျက်လိုက်တဲ့ အစာတွေမှာ ပါဝင်တဲ့ အဆိပ်အတောက်တွေကို စုပ်ယူပေးနိုင်သလို ပါးစပ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပြီး အစွန်းအထင်းတွေ ပျောက်စေပါတယ်။
Ref:healthypanda 
Powered by Blogger.