ငွေကြေးမကုန်ကျပဲ ခေတ်မီကောင်းမွန်သော လူနေမှုအဆင့်မှာ နေထိုင်ခြင်း

ပိုက်ဆံ ဘယ်လောက် ချမ်းသာမှ ဘာလုပ်မယ် ဆိုပြီး အစီအစဉ်ချနေလျှင်တော့ ဘ၀အတွက် တကယ် အရေးကြီးတဲ့  နုပျိုမှု လန်းဆန်းတက်ကြွမှုများ ရှိနေစဉ် ပျော်ရွှင် လွတ်လပ်မှုမရပဲ ပျင်းရိ ငြီးငွေ့ ဖွယ် ဘ၀နှင့် ဖြတ်သန်းနေရမှာပဲ ဖြစ်ပါတယ် ။

ငွေကြေး ပိုက်ဆံရှိမှ ပျော်ရွှင်နိုင်မယ် ၊ ဇိမ်ရှိမယ် ၊  လူနေမှု အဆင့်အတန်းမြင့်မားမယ်လို့ လူတွေဟာ ထင်တတ်ကြပါတယ် ။ ပိုက်ဆံ ဘယ်လောက် ချမ်းသာမှ ဘာလုပ်မယ် ဆိုပြီး အစီအစဉ်ချနေလျှင်တော့ ဘ၀အတွက် တကယ် အရေးကြီးတဲ့  နုပျိုမှု လန်းဆန်းတက်ကြွမှုများ ရှိနေစဉ် ပျော်ရွှင် လွတ်လပ်မှုမရပဲ ပျင်းရိ ငြီးငွေ့ ဖွယ် ဘ၀နှင့် ဖြတ်သန်းနေရမှာပဲ ဖြစ်ပါတယ် ။ မိမိ အားလပ်ရက် အချိန်ဖြုန်းဖို့ အပြင်သွားမယ် ၊ လည်ပတ်မယ် ဆိုတာ နှင့်  ငွေကြေးကို ဘယ်လို ချွေတာနိုင်မယ် အကျိုးရှိမယ့် နေ့ရက်တွေ ဖြစ်လာဖို့တွေဟာ တကယ်ကို အရေးကြီးပါတယ် ။
မိမိ၏ အားလပ်ရက်များသည် ငွေကြေးကုန်ကျ များစေတတ်ပါတယ်။ သင့်ငွေကြေး မကုန်ကျစေပဲ ပျော်ရွှင်စွာ စိတ်လှုပ်ရှားစွာ အနားယူ နေထိုင်နိုင်တဲ့ နည်းလမ်းတွေ အောက်မှာ ဖော်ပြထားပါတယ် ။
(၁) နိုင်ငံခြား ၊တိုင်းခြားမှ မဟုတ်ပါဘူး မိမိဒေသရှိ ကမ်းခြေ ၊ ပန်းခြံ နှင့် ရှုခင်းသာများဆီ လည်ပတ်ပါ ဤနည်းက ငွေကြေးကုန်ကျမှုကို သက်သာစေတဲ့ အပြင် မိမိနေရပ်ဒေသရှိ သဘာဝအလှတရားတွေကို တန်ဖိုးထား ခံစားနိုင်မယ့် အခွင့်ကောင်းပဲ ဖြစ်ပါတယ်

(၂) အခမဲ့ ပညာပေး သင်တန်းများနှင့် ဆက်သွယ် တက်ရောက်ပါ ။ ပညာရပ်တွေ တိုးပွားစေကာ အခွင့်အလမ်းကောင်းတွေ ရရှိနိုင်ရုံမက ပေါင်းသင်းဆက်ဆံရေးတွင်လည်း ၀င်ဆန့်လာနိုင်ပါတယ် ။

(၃) ဈေးဝယ်မထွက်ပဲ အိမ်မှာရှိတဲ့ အမယ်တွေနှင့်ပဲ ဟင်းအမယ် အသစ်တစ်ခုခုကို စမ်းသပ်ချက်ပြုတ်ကြည့်ပါ ။ ငွေမကုန်စေပဲ စိတ်လှုပ်ရှားစရာ အသစ်အဆန်း ဖြစ်စေပါတယ်။

(၄) လူဆိုတာ ပိုက်ဆံလေး နည်းနည်းပိုလျှံလာရင် ကိုယ့်ဝါသနာ အတွက် စိတ်အလို လိုက်တတ်ကြပါတယ် ။ ဥပမာ စာအုပ်ကို အသစ်ထွက်တိုင်း မ၀ယ်ပဲ မိမိပိုင်ဆိုင်ထားတဲ့ စာအုပ် အဟောင်းတွေ ပြန်ပြီး ရှာဖွေ ဖတ်ရှုကြည့်ပါ ။

(၅) အိမ်ထောင်ပရိဘောဂများ ထားသိုမှု ကြာလာလျှင် အသစ်အဆန်း လိုချင်တတ်ကြပါတယ် ။ အသစ်မ၀ယ်ပဲ အနေအထား အထားအသို ပြောင်းကြည့်ပါ ။ စတိုခန်း နှင့် မီးဖိုခန်း ကိုလည်း မိမိ ဘာသာ စီမံပါ ။

(၆) ရေအိမ် ၊ အိပ်ခန်း သန့်ရှင်းရေးလုပ်ကြည့်ပါ ။ သန့်ရှင်း သပ်ရပ်တဲ့ မြင်ကွင်းကြောင့် စိတ်ကို လန်းဆန်းစေမှာ အမှန်ပါ ။

(၇) ယောဂကျင့်ခြင်း ၊ ကိုယ်လက် လေ့ကျင့်ခန်းနှင့် ဘောလုံးကန်ခြင်း စတဲ့  မိမိ ၀ါသနာပါတဲ့  ဘက်စကက်ဘော ။ ဘောလီဘော တင်းနစ် အားကစား စတာတွေ ပြုလုပ်ခြင်းဖြင့် အချိန်ဖြုန်းပါ ။

(၈) ရေကူးခြင်း ၊ရုပ်ရှင်အကြောင်းဆွေးနွေးခြင်း စတာတွေကို ရင်းနှီးတဲ့  မိတ်ဆွေ သူငယ်ချင်းများ နှင့် ပြုလုပ်ပါ ။

(၉) အိမ်မှာနေရင်း မိတ်ကပ်လိမ်းခြင်း လက်သည်းဆိုးခြင်း ဆံပင်ပုံစံ အမျိုးမျိုး ပြောင်းခြင်း စတာတွေ လုပ်ကြည့်ပါ ။

(၁၀) မိမိ အနှစ်သက်ဆုံး ဇာတ်လမ်းခွေများ ပြန်ထိုးကြည့်ခြင်း ၊ တီဗွီဇာတ်လမ်းတွဲ စောင့်ကြည့်ခြင်း ပြုလုပ်ပါ ။

(၁၁) သစ်ပင် ပန်းပင်များ စိုက်ပျိုးပါ ။

(၁၂) ကာရာအိုခေ ခန်းမများသို့ မသွားပဲ မိမိနေအိမ်၌သာ သီချင်းဆိုကြည့်ပါ ။ လွတ်လပ် ပေါ့ပါးမှုများ ရရှိနိုင်ပါတယ် ။

(၁၃) စက်ဘီးစီးပါ ။

(၁၄) ရှုခင်းကြည့်ရင်း လမ်းလျှောက်ပါ ။

(၁၅) ဓာတ်ပုံရိုက်ခြင်း ၊ ပန်ချီရေးဆွဲခြင်း ၊ သီချင်းရေးခြင်း ၊ တူရိယာ တီးခတ်ခြင်း ၊ အိုးဖုတ်ခြင်း ၊ ကဗျာ /စာ ရေးသားခြင်း ၊ ဆည်းဆာချိန်ကို စောင့်ကြည့်ခြင်း စတဲ့  မိမိစိတ်ကို အပန်းပြေစေမယ့် နည်းလမ်းတွေကို ရွေးချယ်ပါ ။

(၁၆) မှတ်တမ်း ဒိုင်ယာရီ ရေးပါ ။

(၁၇) မိမိကား ၊ စက်ဘီး ၊ ဆိုင်ကယ်များကို မိမိနေအိမ်မှာပဲ ရေဆေးပါ ။

(၁၈) ရပ်ကွက် ၊ ရပ်ရွာ အသင်းအဖွဲ့များတွင် လုပ်အားပေးပါ ။

(၁၉) မိဘနေအိမ် ၊ သူငယ်ချင်းအိမ် ၊ အိမ်နီးချင်း များသို့ လည်ပတ်ပါ ။ စကားစမြည်ပြောပါ ။

(၂၀ ) အ၀တ်အထည်များကို ပင်မင်းဆိုင် မပို့ပဲ မိမိကိုယ်တိုင် စီမံကြည့်ပါ ။

(၂၁) အ၀တ်များ ဖာထေးခြင်း ၊ ချည်ထိုးခြင်း ၊ အ၀တ်စုတ်များကို အိပ်ယာခင်း ဂွမ်းစောင် စသည်ခြင့် ဆန်းသစ် ချုပ်လုပ်ကြည့်ပါ ။

(၂၂) အီးမေးလ်များ စစ်ခြင်း ၊ ရှင်းလင်းခြင်း ပြန်စရာစာများ ပြန်ကြားခြင်းများ ပြုလုပ်ပါ ။

(၂၃) ဓာတ်ပုံဟောင်းများ ပြန်ကြည့်ခြင်း ၊ ပြုပြင်ခြင်း နှင့် ဘောင်သွင်းခြင်း ပြန်လည် ထားသိုခြင်းကို ပြုလုပ်ပါ ။

(၂၄) ညဏ်စမ်းများပါသောဂိမ်းကစားခြင်း ၊ ဖဲချပ်များ ကစားပါ ။

(၂၅) အစီအစဉ်များချမှတ်ပါ

(၂၆) အ၀တ် အထည်ဟောင်းများကို ဖြတ်ညှပ် ကပ် ဒီဇိုင်းထွင်ကြည့် ခြင်း ၊ ကြယ်သီးဟောင်း ကြိုးဟောင်း ဟန်းချိန်းအဟောင်းလေးများဖြင့် ဖန်စီ ပစ္စည်းများ ဖန်တီးခြင်း ပြုလုပ်ကြည့်ပါ ။ပန်းအိုရှိ ပန်းများကို ပုံစံပြောင်း နေရာပြောင်းခြင်း စသဖြင့် ပြုလုပ်ပါ ။ စိတ်လှုပ်ရှား ကျေနပ်ဖွယ် တွေ့ ရလိမ့်မည် ။

(၂၇) free ရသော appps များ ဒေါင်းခြင်း ၊ သီချင်းသစ်များ ရှာဖွေ နားထောင်ခြင်း ပြုလုပ်ပါ ။

(၂၈) အိပ်ချိန် ပိုယူပါ ။

(၂၉) မိမိခြံမှ ဟင်းရွက် သစ်သီးများ ပန်းများ ခူးကာ ချက်ပြုတ်ခြင်း အလှဆင်ခြင်း ပြုလုပ်ပါ ။

(၃၀) စွန်လွှတ်ပါ ။

(၃၁) ဘာသာစကား အသစ် လေ့လာ သင်ကြားပါ ။

(၃၂) ရေဒီယို ၊ သတင်း နားထောင်ပါ ။

(၃၃) ၀တ်ပြုခြင်း ၊ တရားထိုင်ခြင်း ပြုလုပ်ပါ ။
Powered by Blogger.