ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်စေနိုင်တဲ့ အလွန်အကျွံ တစ်ကိုယ်ရည်အာသာဖြေခြင်း၏ လက္ခဏာများ

သင်ဟာ အလွန်အကျွံ အာသာဖြေ တက်သူတစ်ယောက် ဖြစ်နေပြီလားဆိုတာကို တိုက်ဆိုင် စစ်ဆေးပြီး ဆင်ခြင်နိုင်ဖို့

တစ်ကိုယ်ရေ အာသာဖြေခြင်းဟာ အန္တရယ်ရှိတဲ့ အပြုအမူမဟုတ်ပေမယ့် အလွန်အကျွံ အာသာဖြေခြင်းကတော့ သင့်ခန္တာကိုယ်ကိုရော ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဘဝကိုပါ ထိခိုက်စေပါတယ် ။ သင်ဟာ အလွန်အကျွံ အာသာဖြေ တက်သူတစ်ယောက် ဖြစ်နေပြီလားဆိုတာကို တိုက်ဆိုင် စစ်ဆေးပြီး ဆင်ခြင်နိုင်ဖို့ အလွန်အကျွံအာသာဖြေခြင်းရဲ. အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ် ။

အလွန်အကျွံတစ်ကိုယ်ရည် အာသာဖြေခြင်း၏ လက္ခဏာများ

၁. တစ်ကိုယ်ရည်အာသာဖြေခြင်းကို တစ်နေ့လျှင် နှစ်ကြိမ်ခန့် ၂ နှစ်ဆက်တိုက် ပြုလုပ်မိခြင်း
၂.တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ အလေ့အကျင့်တစ်ခုလို ဖြစ်လာခြင်း ၊ လိင်စိတ်ဆန္ဒမရှိပါပဲလည်း ပြုလုပ်နေမိခြင်း
၃.တစ်ကိုယ်ရည်အာသာဖြေခြင်းကို အပျင်းပြေလုပ်ဆောင်နေမိခြင်း
၎.သင့်အပေါင်းအသင်းတွေနဲ့ ကင်းကွာလာပါတယ်
၅.တစ်ကိုယ်ရည်အာသာဖြေခြင်းကို မပြုလုပ်ရင် အိပ်မပျော်တက်တာမျိုး ဖြစ်လာခြင်း
၆.လူအများနဲ့ ပြောဆိုဆက်ဆံဖို့ စိတ်မဝင်စားတော့ပဲ တစ်ကိုယ်ရည်အာသာဖြေခြင်းမှာ ပျော်နေမိခြင်း
၇.တစ်ကိုယ်ရည်အာသာဖြေခြင်းကို သာမန်မဟုတ်တဲ့နည်းတွေ စမ်းသပ်ပြုလုပ်ခြင်း
၈.တစ်ကိုယ်ရည်အာသာဖြေခြင်းကို ရပ်တန့်ဖို့ စိတ်ကူးပေမယ့် ၊ မရပ်တန့်နိုင်တောပဲ စွဲလန်းလွန်းနေခြင်း

အလွန်အကျွံအာသာဖြေခြင်း မဟုတ်သေးသော လက္ခဏာများ

၁. သင့်မှာ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ ဆန္ဒရှိနေသေးပြီး ၊ လူမှုအသိုင်းအဝိုင်းထဲမှာ ကောင်းမွန်စွာနေထိုင်နိုင်ခြင်း
၂.တစ်နေ့တစ်ကြိမ်ထက်မပိုသော တစ်ကိုယ်ရည်အာသာဖြေခြင်း ပြုလုပ်ခြင်း (စိတ်ဆန္ဒမပါပဲ မပြုလုပ်ရန်)
၃.တစ်ကိုယ်ရေအာသာဖြေခြင်းကို ရံဖန်ရံခါမှသာပြုလုပ်ခြင်း (ဥပမာ – တစ်ပတ် နှစ်ကြိမ် )
Powered by Blogger.