တစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့် သင့်ခန္တာကိုယ်ကို ထိခိုက်နိုင်စေသော အချက်များ

အလွန်အကျွံ တစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့် သင့်ခန္တာကိုယ် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ် ။
ဆရာဝန်တွေအနေနဲ့ သင်ဟာ တစ်ကိုယ်ရည်အာသာဖြေခြင်း ဘယ်နှစ်ကြိမ်လုပ်ရင် ဘယ်ကဲ့သို့သော အန္တရာယ်ရှိတယ်ဆိုတာကို တိတိကျကျဆွေးနွေးပေးနိုင်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့်လည်း သေချာတာကတော့ တစ်ကိုယ်ရည် အသာဖြေခြင်းကို အလွန်အကျွံပြုမူရင်တော့ စိတ်ပိုင်းဆိုင်ရာ အရရော ရုပ်ပိုင်းဆိုင်ရာ အရရော ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ် ။ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေကတော့ သင်နဲ့ လူ့အဖွဲ့အစည်းကြားက ပြဿနာတွေ ဖြစ်ပါတယ် ။ အသေးစိတ်ကို (
တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ ကောင်းတဲ့အပြုအမူလား
) ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ် ။ အလွန်အကျွံ တစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့် သင့်ခန္တာကိုယ် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ် ။

လိင်အဂါင်္အရင်းပိုင်း သေးငယ်လာခြင်း

လိင်အဂါင်္အရင်းပိုင်း သေးငယ်လာခြင်း
ပထမဆုံးအကြိမ် အတွေ့အကြုံမှာ လိင်အဂါင်္အရင်းပိုင်းဟာ တွန့်လိမ်သွားတာကို ခံစားမိချင်မှ ခံစားမိပါလိမ့်မယ် ။ နေ့စဉ်အမျှပြုလုပ်ခြင်းဖြင့် တကယ်ဟုတ်မဟုတ်ကို သိလာပါလိမ့်မယ် ။
ယခုကဲ့သို့သော ပို့စ်များကို သင့်ဖုန်းမှနေ၍ အလွယ်တကူ ဖတ်နိုင်ရန် MyanmarPortal ရဲ. Andriod App ကို PCloud ကနေ ရယူပြီး သင့်ဖုန်းထဲမှာ ထည့်ထားလိုက်ပါ။ >>APP DOWNLOAD HERE <<

သုတ် အနေအထားမမှန်တော့ခြင်း

သင့်အနေနဲ့ အမျိုးသမီးအကြောင်း စဉ်းစားလိုက်မိတာနဲ့ သင့်ရဲ. အဂါင်္ထိပ်ဖျားဟာ စိုစွတ်တာမျိုး ဖြစ်လာနိုင်ပါတယ် ။

သုတ်ထွက်မြန်ခြင်း

ဒါဟာ အလွန်အကျွံ တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် ဖြစ်ရတာပါ ။ သင်ဟာ သင့်ဆန္ဒအလွန်တက်ကြွခြင်း မဖြစ်ခင်မှာပဲ သုတ်လွှတ်တာမျိုး ဖြစ်တက်ပါတယ် ။ ဒါဟာ သင့်ခန္တာကိုယ်ဟာ အနည်းငယ်သော လိင်စိတ်ဖြစ်ရုံမျှနဲ့ သုတ်လွှတ်ပြီး ပြီးဆုံးခြင်းပန်းတိုင်ကို ရောက်ရှိသွားတာမျိုးပါ ။ ဒီအခြေအနေဟာ သင်အိမ်ထောင်ကျပြီးတဲ့အခါမှာ သင့်အဖော်နဲ့သင့်ကြားမှာ ပြသာနာတစ်ခု ဖြစ်လာနိုင်ပါတယ် ။

ခြေထောက်များ နာကျင်ခြင်း

သိပ္ပံနည်းကျအားဖြင့် ဘယ်လိုပြောရမယ် မသိပေမယ့် သင့်ရဲ. ခြေဖမိုးတွေ နာကျင်တာ ၊ ခြေသလုံးတွေ ညောင်းညာကိုက်ခဲတာမျိုး ဖြစ်တက်ပါတယ် ။ သင့်အနေနဲ့ ပင်ပန်းတဲ့ အလုပ် ၊ လေ့ကျင့်ခန်း စတာတွေကို မလုပ်ထားပဲနဲ့တောင် ဖြစ်နေတာကို တွေ့ရမှာပါ ။ တစ်ကိုယ်ရည်အာသာဖြေခြင်းကို ရပ်နားလိုက်တဲ့အခါမှာ အဲ့နာကျင်မှုတွေလည်း ပျောက်သွားမှာပါ ။

ကျောရိုးအောက်ပိုင်းတွင် နာကျင်ခြင်း

ဒါဟာ သိသာတဲ့နာကျင်မှုမျိုးတော့ မဟုတ်ပါဘူး ။ သင် တင်းနစ်ရိုက်တာမျိုး ပြုလုပ်တဲ့အခါမှာ ခံစားရတဲ့ နာကျင်မှုပုံစုံမျိုးပါပဲ ။

ပေါင်ရင်းတွင် နာကျင်ခြင်း

ဒီနာကျင်မှုဟာ အရှိန်ကာလရှည်ကြာစွာ တစ်ကိုယ်ရည်အာသာဖြေခြင်း ပြုလုပ်တဲ့အခါမှာ ဖြစ်တက်ပါတယ် ။ သင်ဟာ အာသာဖြေခြင်းကိုသာယာပြီး ခရီးဆုံးပန်းတိုင် မရောက်မှီ ခေတ္တနားလိုက် နောက်တစ်ကြိမ်ထပ်မံပြုလိုက်နဲ့ ပြုမူတဲ့အခါမျိုးတွေမှာ ပေါင်ရင်းမှာ နာကျင်တာမျိုး ဖြစ်နိုင်ပါတယ် ။

မှတ်ဥာဏ်အားနည်းလာခြင်း

တကယ်တော့ တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ သင့်မှတ်ဥာဏ်ကို မထိခိုက်စေတဲ့အပြင် သင့်မှတ်ဥာဏ်ကိုတောင် ပိုမိုကောင်းမွန်စေမှာပါ ။ ဒါပေမယ့် သင်ဟာ ဒီအပေါ်မှာ သာယာပြီး အလွန်အကျွံပြုမူမိတဲ့အခါ တစ်ချိန်လုံး လိင်ကိစ္စနဲ့ ပတ်သတ်တာတွေပဲ တွေးနေမိပြီး မှတ်ဥာဏ်ကို ထိန်းချုပ်နိုင်မှု အားနည်းလာတာမျိုး ဖြစ်တက်ပါတယ် ။
Powered by Blogger.