သင် အရပ်ဘယ်လောက်ထိ ရှည်မှာလဲ နှင့် အရပ်ရှည်အောင် လုပ်နည်း


အရပ်ရှည်ဖို့ အခြားအကြောင်းအချက်တွေ များစွာ ရှိနေပြီး သင်ဟာလည်း သင့်အရပ်ရှည်ဖို့ နည်းလမ်းတစ်ချို.ကို လိုက်နာကျင့်သုံးပြီး ကြိုးစားကြည့်နိုင်ပါတယ် ။

သင့်အရပ်ရှည်ရန်မှု ဖြစ်စဉ်မှာ သင့်မိသားစု၏ မျိုးရိုးနှင့် သက်ဆိုင်ကြောင်း နားလည်ထားရမည်

တကယ်တော့ လူတစ်ယောက်ရဲ. အရပ်အတိုင်းအတာဟာ မျိုးရိုးစဉ်ဆက်နဲ့ အများကြီးသက်ဆိုင်နေပါတယ် ။ သင့်ရဲ. မိဘနှစ်ပါးဟာ အရပ်ပုသူတွေဆိုရင် သင်ဟာလည်း အရပ်ပုဖို့ ရာနှုန်းများပြီး သင့်မိဘတွေဟာ အရပ်ရှည်သူတွေဆိုရင်တော့ သင်ဟာလည်း အရပ်ရှည်ဖို့ ရာခိုင်နှုန်းများပါတယ်။ သင့်မိဘ နဲ့ ဆွေမျိုးအသိုင်းအဝိုင်းက အများစုဟာ အရပ်ပုသူတွေဆိုရင်တော့ သင်ဟာ အရပ်ပုတဲ့လူဖြစ်ဖို့ သေချာသလောက်ပါပဲ ။ ဒါပေမယ့် သင် မစိုးရိမ်ပါနဲ့ ၊ သင်အရွယ်ရောက်တဲ့အချိန်ထိ အရပ်ဘယ်လောက်ရှည်မယ်ဆိုတာ မသိနိုင်ပါဘူး ၊ သင်ဟာ သင်ခန္တာကိုယ်အပြည့်အဝ အရွယ်မရောက်ခင်ထိ အရပ်ရှည်အောင် ကြိုးပမ်းနိုင်ပါသေးတယ်။
  • သင့်မိဘနှစ်ပါးရဲ. အရပ် ပေါ်မူတည်ပြီး သင်ဖြစ်လာနိုင်ခြေရှိတဲ့ အရပ်ကို ခန့်မှန်းတွက်ချက်ကြည့်နိုင်ပါတယ် ။
  •  သင့် ဖခင်နှင့်မိခင်ရဲ. အရပ်ကို လက်မဖြင့်ပေါင်းပါ
  • သင်ဟာ ယောင်္ကျားလေးဖြစ်လျှင် ပေါင်းလဒ်တွင် ၅ လက်မပေါင်းပါ ၊ မိန်းခလေးဆိုပါက ပေါင်းလဒ်တွင် ၅ လက်မ နှုတ်ပါ
  • ရလဒ်ကို ၂ ဖြင့် စားပါ
  • ရလာတဲ့အဖြေဟာ သင်ရရှိနိုင်မယ့် အရပ်ဖြစ်ပါတယ် ၊ ဒီတွက်ချက်မှုက ရလာတဲ့ ရလဒ်ဟာ တိတိကျကျမမှန်နိုင်ပေမယ့် အနီးစပ်ဆုံး အဖြေတစ်ခုဖြစ်ပါတယ်။
ယခုကဲ့သို့သော ပို့စ်များကို သင့်ဖုန်းမှနေ၍ အလွယ်တကူ ဖတ်နိုင်ရန် MyanmarPortal ရဲ. Andriod App ကို PCloud ကနေ ရယူပြီး သင့်ဖုန်းထဲမှာ ထည့်ထားလိုက်ပါ။ >>APP DOWNLOAD HERE <<

ခန္တာကိုယ်ဖွံဖြိုးမှုကို ထိခိုက်နိုင်မည့် အချက်များကို ရှောင်ကျင်ရမည်

ဒီရှောင်ကျဉ်မှုတွေဟာ သင့်အရပ်ပိုမိုရှည်လာဖို့အတွက် အထောက်အကူ မပြုနိုင်ပေမယ့် ဒီရှောင်ကျဉ်မှုတွေကို မလိုက်နာဘူးဆိုရင်တော့ သဘာဝအတိုင်း သင့်အရပ်ဖွံဖြိုးလာမှုကို ထိခိုက်စေမှာဖြစ်ပါတယ် ။ သင်ငယ်ရွယ်စဉ်မှာ အရက် ၊ ဆေးလိပ် နှင့် အခြားသော မူးယစ်စေသော အရာတွေကို မှီဝဲမိမယ်ဆိုရင်တော့ သင် အမှန်တကယ် ရှိသင့်ရှိထိုက်တဲ့ အရပ်ဖြစ်လာဖို့ကို အဟန့်အတားဖြစ်စေမှာ အမှန်ပါပဲ။
  • ကာဖိန်းဓါတ်ဟာ သင့်ဖွံဖြိုးမှုကို ထိခိုက်နိုင်ပါသလား ? သိပ္ပံပညာရှင်များရဲ. လေ့လာချက်များအရ ကာဖိန်းဓါတ်ဟာ သင့်ဖွံဖြိုးမှုကို မထိခိုက်နိုင်ပါဘူး ၊ ဒါပေမယ့် ကာဖိန်းဟာ အိပ်မပျော်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခလေးသူငယ်များနှင့် အရွယ်မရောက်သေးတဲ့ ငယ်ရွယ်နုပျိုသူတွေဟာ တစ်နေ့ကို ကိုးနာရီ လောက် အိပ်စက်ဖို့ လိုအပ်ပါတယ် ။ ကာဖိန်းအသောက်များပြီး လုံလောက်တဲ့ အနားယူအိပ်စက်မှု မရှိရင်တော့ သင့်ဖွံဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။
  • ဆေးလိပ်သောက်ခြင်းဟာ သင့်ဖွံဖြိုးမှုကို ထိခိုက်နိုင်ပါသလား ? ဆေးလိပ်သောက်သုံးခြင်းနှင့် ဆေးလိပ်ငွေ့များရှုရိုက်ရမှုများသူတွေဟာ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ Columbia တက္ကသိုလ်ရဲ. လေ့လာချက်များအရ ဆေးလိပ်သောက်သုံးတဲ့ သို့တည်းမဟုတ် ဆေးလိပ်ငွေ့တွေကို ရှုရှိုက်ရတဲ့ ခလေးသူငယ်တွေဟာ ဆေးလိပ်မသောက်တဲ့ ခလေးသူငယ်တွေထပ် အရပ်ပိုပုကြတယ်လို့ ဆိုပါတယ်။

လုံလောက်စွာ အိပ်စက်အနားယူရမည်

ခန္တာကိုယ် ဖွံဖြိုးမှုအားကောင်းကာစ ဆယ်ကျော်သက်အရွယ်တွေဟာ ညဖက်မှာ ရှစ်နာရီခွဲကနေ ဆယ်တစ်နာရီထိ အိပ်စက်အနားယူသင့်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင့်ခန္တာကိုယ်ဟာ အနားယူနေချိန်မှာ တစ်ရှုးတွေ အသစ်ပြန်လည်မွေးဖွားပေးနိုင်ပြီး ခန္တာကိုယ် ဖွံဖြိုးမှုကို အထောက်အကူပေးနိုင်တာမို့ပါပဲ ။ သင်ဟာ အိပ်မပျော်ဘူးဆိုရင် မအိပ်ခင်မှာ ရေနွေးနွေးလေးနဲ့ လန်းဆန်းသွားအောင် ရေချိုးတာမျိုး ပြုသင့်ပါတယ်။

မှန်ကန်စွာ စားသောက်ခြင်း

သင်အရပ်ရှည်ဖွံဖြိုးမှုအတွက်  သင်ခန္တာကိုယ်ဟာ လုံလောက်တဲ့ vitamins နဲ့ minerals ဓါတ်တွေ ရရှိဖို့ အထူးပဲလိုအပ်လှပါတယ် ။ သင့်အသက်အရွယ်အလိုက် လိုအပ်မယ့် အစားအစာတွေကို ပုံမှန်စားသုံးပေးရမှာ ဖြစ်ပါတယ်။
  • ကာဗွန်ဟိုက်ဒရိတ် နဲ့ ကယ်လိုရီပေါကြွယ်ဝတဲ့ အစားအစာတွေဟာ သင့်ခန္တာကိုယ်ကြီးထွားဖို့ လိုအပ်တဲ့ စွမ်းအင်ကို ထောက်ကူပေးပါတယ်။
  • ကယ်ဆီယမ်ဓါတ်လည်း များများရရှိဖို့ လိုအပ်ပါတယ် (နို့နှင့် နို့ထွက်ပစ္စည်းများ ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ) ။ ကယ်ဆီယမ်ဟာ အရိုးသန်မာဖို့နဲ့ ကြီးထွားဖို့ ထောက်ကူပေးပြီး osteoporosis ရောဂါဖြစ်ခြင်း မှကာကွယ်ပေးပါတယ်။
  • niacin ဓါတ် 500mg ဟာလည်း ဟော်မုန်းတွေဖွံဖြိုးဖို့ ထောက်ကူပေးနိုင်ပါတယ်။
  • လုံလောက်တဲ့ ဗီတာမင် D ဓါတ် ( ငါးစားသုံးခြင်း ၊ အချို.သောမှိုများ စားသုံးခြင်းနဲ့ နေရောင်ခြည်) ကို ရရှိဖို့လည်း လိုအပ်မှာဖြစ်ပြီး ဗီတာမင် D ဟာ ခလေးများအတွက် အရိုးနဲ့ကြွက်သားတွေ သန်မာဖို့ ထောက်ကူပေးမှာပါ ။ အမျိုးသမီးငယ်တွေရဲ. ခန္တာကိုယ် အဝလွန်ခြင်း မဖြစ်အောင်လည်း ဗီတာမင် D ဟာ ထိန်းသိမ်းပေးနိုင်ပါတယ်။
  • ပရိုတင်း(protein) ဓါတ် ပါဝင်တဲ့ အစားအစာများကို စားသုံးပါ (အသား ၊ ဥ အမျိုးမျိုး ၊ တိုဖူး ) ။ ပရိုတင်းဓါတ်ဟာ သင့်ခန္တာကိုယ်ကြီးထွားဖို့ လိုအပ်တဲ့ ဓါတ်တစ်မျိုးပဲ ဖြစ်ပါတယ် ၊ နေ့စဉ် တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် စားတဲ့အစားအစာမှာ ပရိုတင်းဓါတ်ပါဝင်အောင် စားသုံးသင့်ပါတယ်။
  • သင်ဟာ အဓိက အစားအစာကို တစ်နေ့သုံးကြိမ်စားသုံး သင့်ပါတယ် ။ အစာပြေ အစားအစာ တစ်မျိုးမျိုးကိုတော့ မနက်စာ နှင့် နေ့လည်စာကြား တစ်ကြိမ် ၊ နေ့လည်စာနှင့် ညစာကြား တစ်ကြိမ် စားသုံးသင့်ပါတယ် ။ သင်ရဲ. အစားစားချိန် မှန်ကန်မှုဟာလည်း ခန္တာကိုယ် ဖွံဖြိုးကြီးထွားဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။

ဖျားနာမှု မဖြစ်အောင် နေထိုင်ရပါမည်

အချို.သော ကလေးဘဝအရွယ် အပြင်းအထန် နာမကျန်းဖြစ်ခြင်းများဟာ သင့်အရပ် ဖွံဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေကို မကြာခဏ နာမကျန်းခြင်း မဖြစ်အောင် ဂရုစိုက်ပေးရပါမယ် ။ ဗီတာမင် C ဓါတ်ပါဝင်တဲ့ လိမ္မော်သီး ၊ လီမွန်သီး ၊ စပျစ်သီးတို့ကို မှီဝဲပေးရပါမယ် ။ ဒါ့အပြင် သင်ဟာ ဖျားတော့မယ်လို့ ခံစားမိရင် ကောင်းကောင်းအနားယူသင့်ပါတယ်။
  • သင်ဟာ ဖျားနာခြင်းကင်းဝေးအောင် လတ်ဆတ်တဲ့ အစားအစာများကို စားသုံးရပါမယ် ။  အဆီဓါတ်ပါဝင်မှုနှုန်းများတဲ့ အစားအစာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။

အားကစားပြုလုပ်ခြင်း

သင်ဟာ အရပ်ရှည်ဖွံဖြိုးနိုင်တဲ့ အရွယ်ကိုလွန်သွားပြီးပြီဆိုရင်တော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သင်အရပ်ရှည်ဖို့ကို ဘယ်လိုမှ အထောက်အကူ ပြုနိုင်မှာမဟုတ်ပါဘူး ။ ဒါပေမယ့် သင်ဟာ အရွယ်မလွန်သေးဘူးဆိုရင်တော့ ရေကူးခြင်း ၊ စက်ဘီးစီးခြင်း ၊ ပြေးခြင်း ၊ ရောဂကျင့်ခြင်း စသဖြင့် သင်ဝါသနာ ပါရာ ကစားနည်းတစ်ခုခုကို ကစားပြီး ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းဟာ သင့် အရပ်ရှည်ဖွံဖြိုးမှု ဖြစ်စဉ်ကို အထောက်အကူ ဖြစ်စေနိုင်မှာပါ ။

ကောင်းမွန်တဲ့ ကိုယ်နေဟန်ထား ရရှိအောင် လေ့ကျင့်ပါ

သင့်ပခုံး ကို လှုပ်ရှားလှည့်ပတ်မှု ပြုလုပ်ပေးခြင်းဟာ သင့် ကျောရိုး ဖွံဖြိုးဖို့အတွက် အကောင်းဆုံး နည်းလမ်းမဟုတ်သော်လည်း အထိုက်အလျှောက် ထိရောက်မှုရှိပါတယ်။ ထိုင်ခုံမှာ ထိုင်တဲ့အခါ မတ်မတ်ထိုင်သင့်ပါတယ် ၊ သင်ဟာ အရပ်ရှည်သူတစ်ယောက် မဟုတ်ခဲ့ရင်တောင် အနေအထိုင်မှန်ကန်ပါက အရပ်ရှည်သူတစ်ယောက်လို့ ထင်မြင်နိုင်စေပါတယ်။

တက်ကျွမ်းနားလည်သည့် ဆရာဝန်ဖြင့် ပြပါ

သင်ဟာ အရပ်ရှည်တဲ့ မိသားစုမှ ပေါက်ဖွားလာသူဖြစ်ပေမယ့် ဆယ်ကျော်သက်အရွယ်မှာ အရပ်ရှည်ခြင်း ဖြစ်မလာသေးဘူးဆိုရင် ဆရာဝန်နှင့် ပြသင့်ပါတယ် ။

Ref: wikihow
Powered by Blogger.