ချစ်တင်းနှောရာတွင် သက်လုံကောင်းစေဖို့ ဘယ်လို စားသောက်နေထိုင်မလည်း ?




စားသောက်ပုံ မှန်ကန်ပါစေ



ချစ်တင်းနှောရာမှာ သက်လုံကောင်းတဲ့လူ ဖြစ်စေဖို့အတွက် သင်ဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစားအစာမျိုးတွေကို ရွေးချယ်စားသုံးသင့်ပါတယ် ။ သင်ဟာ ကျန်းမာစေမယ့် အစာအစားမျိုးတွေ စားသုံးရုံသာမက ကျန်းမာတဲ့ ခန္တာကိုယ်ရရှိအောင်လည်း နေထိုင်ရပါမယ် ။
သင်ဟာ အဝလွန်စေတဲ့ အစားအစာတွေနဲ့ ကိုလက်စထရော များတဲ့ အစားအစာမျိုးကို ရှောင်ကျဉ်သင့်ပါတယ် ။ ဒီအစားအစာတွေဟာ သင့်သွေးလည်ပတ်မှုကို နှေးကွေးစေပါတယ်ပြီး အမောမခံနိုင်ဖြစ်စေတာမို့ သင်ချစ်တင်းနှောရာမှာ ထိခိုက်စေနိုင်ပါတယ်။


ယခုကဲ့သို့သော ပို့စ်များကို သင့်ဖုန်းမှနေ၍ အလွယ်တကူ ဖတ်နိုင်ရန် MyanmarPortal ရဲ. Andriod App ကို PCloud ကနေ ရယူပြီး သင့်ဖုန်းထဲမှာ ထည့်ထားလိုက်ပါ။ >>APP DOWNLOAD HERE <<
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ



ကောင်းမွန်တဲ့ လိင်ဆက်ဆံခြင်း ရရှိဖို့အတွက် အလုပ်တစ်ခုလို ကြိုးစားသင့်ပါတယ်။ သင်ရဲ. ခန္တာကိုယ် ကျန်းမာကြံခိုင်စေဖို့အတွက် ပြုလုပ်တဲ့ ဘယ်လေ့ကျင့်ခန်းမဆိုဟာ အိပ်ယာပေါ်မှာ သင့်အဖော်နဲ့ အတူရှိနေစဉ်မှာ သင့်စွမ်းဆောင်ရည် တိုးတက်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ ။ သင်ဟာ ကျန်းမာရေးလေ့ကျင့်ခန်းတွေကို တစ်ပတ်မှာ ငါးရက် တစ်ရက်မှာ နာရီဝက်ခန့် လုပ်ဆောင်ပေးရပါမယ် ။ သင်ဟာ လေ့ကျင်ခန်းပုံမှန် ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာသန်စွမ်းသော ခန္တာကိုယ် နဲ့ ကောင်းမွန်တဲ့ သွေးလည်မှုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး ချစ်တင်းနှောရာမှာ ရလဒ်ကောင်းကို ရရှိစေမှာဖြစ်ပါတယ်။




စိတ်ဖိစီးမှုကင်းအောင်နေပါ



စိတ်ဖိစီးမှုကင်းအောင်နေပါ သင့်မှာ စိတ်ဖိစီးမှုတွေများနေရင် ချစ်မှုပြုရာမှာ သင့်အနေနဲ့ ပျော်ရွှင်တက်ကြွမှု ရှိနေဖို့ ခက်ခဲမှာပါ ။ သင့်အနေနဲ့ သင့်အဖော်နဲ့ အိပ်ခန်းထဲမဝင်ခင်မှာ သင်ခံစားနေရတဲ့ စိတ်ဖိစီးမှု တွေကို အပြင်မှာချန်ထားခဲ့ရစ်နိုင်ဖို့ ကြိုးစားသင်ယူပါ ။




လေ့ကျင့်ခြင်း



ဘယ်ကိစ္စမှာမဆို ” Paractice makes Perfect” ဆိုတဲ့ စကားဟာ တန်ဖိုးရှိ အသုံးဝင်ပါတယ်။ သင့်အဖော်နဲ့ သင်ဟာ ” ချစ်တင်းနှောနေစဉ်မှာ သင့်စွမ်းဆောင်ရည်ကို ဘယ်လိုမြှင့်တင်မလည်း ” ဆောင်းပါးမှာ ဖော်ပြထာားတဲ့ နည်းလမ်းတွေအတိုင်း ပြုမူခြင်းအားဖြင့် သင်ရဲ. စွမ်းဆောင်ရည်ဟာ မြင့်တက်လာပြီး ချစ်ခရီးပန်းတိုင် ရောက်ရှိခြင်းကို သင်ဟာ ထိန်းချုပ်လာနိုင်မှာပါ ။

တစ်ကိုယ်ရည်အာသာဖြေခြင်းဟာလည်း သင့် အပြီးမြန်ခြင်းကို ထိန်းချုပ်နိုင်ဖို့ ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ပြီးမြောက်ခြင်း မဖြစ်ခင်မှာ ခေတ္တရပ်နားပြီး နောက်တစ်ကြိမ် ပြန်လည်ပြုလုပ်ခြင်းအားဖြင့် သင်ဟာ ခရီးဆုံးပန်းတိုင်ကို အရောက်သွားခြင်းကို ထိန်းညှိလေ့ကျင့်နိုင်ပါတယ် ။

Ref: wikihow
Powered by Blogger.