မျက်ခုံးမွေး နှုတ်တဲ့အခါ လုံးဝ မလုပ်သင့်တဲ့အချက်


မျက်ခုံမွေးနှုတ်တဲ့အခါ လုပ်မိတတ်တဲ့ အမှား တစ်ပုံကြီးရှိပါတယ်။ ဥပမာ -  အနှုတ်လွန်သွားတာမျိုး။ ဒါပေမယ့် လုပ်မိလျက်သားနဲ့ မသိလိုက်တဲ့ အမှားတစ်ခု ရှိပါတယ်။ ဒီအချက်က မျက်ခုံးမွေးနှုတ်တဲ့အခါ လုံးဝ မလုပ်သင့်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
ရုပ်ပုံကို အကြီးချဲ့တဲ့ ကြည့်မှန်နဲ့ ဘယ်တော့မှ မကြည့်ပါနဲ့။          ဘာလို့လဲပြောရင် ရှင်းထုတ်ရန် လိုအပ်တဲ့ အမွေးအားလုံး မမြင်ရလို့ပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ Kristie Streicher ဆိုသူက အမွေးအမျှင်တွေကို သာမှန်ကြည့်မှန်နဲ့ မမြင်ရပါက ဘယ်သူမှလည်း မြင်ရမှာ မဟုတ်ပါ လို့ ဆိုပါတယ်။ ဒါ ကောင်းတဲ့အချက်ပါ။
ပြီးတော့ ရုပ်ပုံကို အကြီးချဲ့ပေးတဲ့ ကြည့်မှန်နဲ့ နီးကပ်လွန်းပါက မိမိမျက်ခုံးမွှေးပုံသဏ္ဍာန်အပေါ် အနီးအဝေးသဘောတရား ပျောက်ဆုံးသွားပါတယ်။ နောက် အနည်းဆုံး ၂ပေ လောက် ပြန်နောက်ဆုတ်ပြီး ကိုယ့်ကိုယ် အပြင်မှာတွေ့မြင်ရတဲ့အတိုင်း ကြည့်ရှုခံစားပါ။ မျက်နှာတစ်ခုလုံးကို ကြည့်ပါ။ မိမိကို အရှိကိုအရှိတိုင်း ကြည့်ပါ။ ပြီးတော့ ပိုမိုနီးကပ်တဲ့ ဘက်ရွေ့ပါ။ ရှင်းပစ်ဖို့လိုအပ်တဲ့ အမွေးအမျှင်တွေ သူ့ဘာသာ ပေါ်လာပါလိမ့်မယ်။ 
Ref: Shefinds 
Powered by Blogger.