နွေရာသီနဲ့လိုက်ဖက်တဲ့ ထသွားထလာ ပိုနီတေး ဆံပင်စည်းနည်းလေး စမ်းကြည့်ချင်တယ်ဆိုရင်


နွေရာသီရောက်ပြီဆိုတော့ ကျောပေါ်က ဆံပင်တွေကို ချည်ပြီး ရှင်းရှင်းအေးအေးလေး နေချင်ပြီဟုတ်။ ဒီလိုဆိုရင် ထသွားထလာ ပြင်ဆင်ဖို့အတွက်လည်း အဆင်ပြေ၊ အချိန်လည်း သိပ်မယူတဲ့ ပိုနီတေး ဆံပင်စည်းနည်းလေး ကို ပြောပြပေးချင်ပါတယ်။
 
၁။ ပထမဆုံးအဆင့်အနေနဲ့ ဆံပင်ကို ဒရိုင်ယာနဲ့ သေချာမှုတ်ပေးလိုက်ပါ။ အရမ်းလည်း မပူတဲ့ အပူချိန်ကို သုံးပြီး သင့်ဆံပင်တွေကို မှုတ်ပေးပါ။
 
၂။ ဒုတိယအဆင့်မှာတော့ လေအေးလေးနဲ့ မှုတ်ပေးပြီး ဦးခေါင်းထိပ်ဘက်ပိုင်းက ဆံပင်တွေကို နောက်ကို စုပြီး  ပေါ့ပေါ့ပါးပါး ဆွဲယူလိုက်ပါ။ 
 
၃။ အဲ့ဒီနောက်မှာတော့ အပေါ်ပိုင်းဆွဲယူပြီး လက်ကမထားတုန်း အောက်မှာကျန်နေတဲ့ ဆံပင်တွေကို စပရေးနည်းနည်းဖျန်းလိုက်ပါ။ ဒီလို ဖျန်းလိုက်ခြင်းအားဖြင့် ဆံပင်တွေက ပွပွဖောင်းဖောင်းလေးနဲ့ ကြည့်ကောင်းပါလိမ့်မယ်။ 
 
၎။ ပြီးတဲ့နောက်မှာတော့  ရှေ့ဘက်ခြမ်း (နားအပေါ်ဘက်) ကို ဟိုဘက် ဒီဘက် နှစ်ဖက်ယူပါ။ ဒါ့အပြင် နောက်ဘက်ခြမ်းအားလုံးကို သပ်သပ် ခွဲလိုက်ပါ။ စုစုပေါင်း သုံးခု ခွဲထားရပါမယ်။ နောက်ဘက်ခြမ်းကိုတော့ သားရေပင်နဲ့ ချည်လိုက်ပါ။
 
၅။ ခုန ရှေ့ဟိုဘက် ဒီဘက် နှစ်ခြမ်းက ဆံပင်တွေကို ကို ပုံမှာပြထားသလို နောက်ဘက်စုပြီး စည်းမယ့် ဆံပင်တွေအားလုံးရဲ့ အပေါ်မှာ ကြက်ခြေခတ်လုပ်လိုက်ပါ။
 
၆။ ပြီးသွားရင်တော့ နောက်ဘက်ခြမ်းဆံပင်တွေကို ပုံမှာပြထားသလို မြင့်မြင့်လေး စုစည်းလိုက်ရုံပါပဲ။
 
Ref:popsugar
Powered by Blogger.