ဂရိတို့၏စကြ၀ဠာ၏အစ

ဂရိတို့၏စကြ၀ဠာ၏အစ
-----------------------------
ထိုကဲ့သို့ပင်ဂရိလူမျိုးတို့၏ဖန်ဆင်းခြင်းအယူအဆသည်လည်းစိတ်ဝင်စားဖွယ်ရာဖြစ်သည်။ဂရိတို့၏ဖန်ဆင်းခြင်းအယူအဆကိုတင်ပြရမည်ဆိုလျှင် - အစပထမတွင် ပိန်းပိတ်မှောင်နေသော ဟင်းလင်းပြင်ကြီးကြီးတွင် တစ်ခုတည်းသော သက်ရှိသာ ရှိပြီးအခြားမည်သည့် အရာမျှမရှိ။ ယင်းတစ်ခုတည်းသော သက်ရှိမှာလည်း အနက်ရောင် အတာင်ပံများရှိသော အလွန်ကြီးမား သည့် နစ်စ် (Nyx) ခေါ် ငှက်ကြီးတစ် ကောင်သာဖြစ်သည်။ တစ်နေ့တွင် ထိုငှက်ကြီးသည် အလွန်ကြီးမား သောရွှေဥကြီးတစ်လုံးအား အုခဲ့ သည်ဆိုသည်။ ထို့နောက် ထိုဥအား နှစ်ပေါင်းမြောက်မြားစွာ ]၀ပ်]နေခဲ့ သည်ဆိုသည်။ နောက်ဆုံးတွင် ယင်း ဥကြီးသည်လှုပ်ရှားလာခဲ့ပြီး အီးရိုးစ် (Eros) အမည်ရှိ အချစ်နတ်ဘုရားအား မွေးဖွားလာခဲ့သည်။ ထို့ပြင် ကွဲသွားခဲ့သော ဥ၏အပေါ်ဘက်ခြမ်း သည် လေထဲ သို့မြောက်တက်သွားခဲ့ကာ ကောင်းကင်ပြင်ကြီးဖြစ်လာခဲ့သည်ဆိုသည်။ အောက်ဘက်အခြမ်းမှာမူ မြေကမ္ဘာဖြစ်လာခဲ့သည်။ အချစ်နတ်ဘုရား အီးရိုးစ်သည် ကောင်းကင်ပြင်ကြီးအား ယူရေးနပ်စ် (Uranus) ဟု လည်းကောင်း၊ ကမ္ဘာမြေအားဂိုင်းအ(Gaia)အမည်ပေးခဲ့သည်ဆိုသည်။ထို့ နောက်တွင် ကမ္ဘာမြေ (ဂိုင်းအ)နှင့် ကောင်းကင်ပြင် (ယူရေးနပ်စ်) အား တစ်ဦးနှင့်တစ်ဦး ချစ်မေတ္တာ သက်ဝင်စေရန် အီးရိုးစ်မှ စွမ်းဆောင်နိုင်ခဲ့ သည်။ ဂိုင်းအနှင့် ယူရေးနပ်စ် တို့သည် သားသမီးအမြောက် အမြားအပြင်မြေးများအထိပင် ထွန်း ကားခဲ့သည်။

အာခံတွင်းမှ ကျောက်ခဲတစ်လုံး
အတိုင်းအဆမရှိ သော ကောင်းကင်ပြင်နှင့် ခိုင်မာမှုရှိလှသော မြေကမ္ဘာတို့မှ ပေါက်ဖွား လာခဲ့ သောမျိုးဆက် တို့သည် စွမ်းပကားများ အလွန်ပင်ကြီးမား လှသည်။ သို့အတွက် မိဘများ သည် သူတို့၏ သားသမီးတို့၏ တန်ခိုးအာဏာများ ကိုစိုးရွံ့လာခဲ့ ကြသည်။ ယင်းမျိုးဆက်တို့ထဲ တွင်ခရိုးနပ်စ် (Kronus) ဟူသော နတ်ဘုရားသည် သူ၏ သားသမီး များ၏ တန်ခိုးပါဝါဖြင့်သူ့အား တော်လှန်ပုံကန်မည်ကိုစိုးရိမ်သည့် အတွက် သူ့ကလေးများကလေး ဘ၀မှစ၍ပင် သူ၏အာခံတွင်း၌ ငုံ ထားခဲ့သည်။ သို့သော် ထိုအချိန် ၌ သူ၏ဇနီးဖြစ်သူ ရီးအ (Rhea) သည်သူသားအငယ်ဆုံးကလေးအား အာခံတွင်း တွင် ငုံထားခြင်းမှလွတ်မြောက်စေရန် တစ်နေရာတွင် ၀ှက်ကွယ်ထားခဲ့သည်။ ထို့နောက် သူ့သား အငယ်ဆုံးကလေး အစား ကျောက်တုံးတစ်တုံး အားခြုံစောင်ဖြင့်ထုတ်ကာ ကလေးအဖြစ်ပေးခဲ့သည်။ ယင်းအထုတ်အားပင် ဖခင်ဖြစ်သူမှသူ့သား အငယ် အမှတ်ဖြင့်ငုံထားခဲ့သည်။ ၀ှက်ကွယ်ထားခဲ့သော ကလေးငယ်သည် အရွယ်ရောက် လာခဲ့သည်။ ထိုသားငယ် ကလေး၏အမည်မှာ (ဇု) (Zeus) ဖြစ်သည်။ ]ဇု အရွယ်ရောက်လာခဲ့သော် မိခင်ဖြစ်သူမှ သူ၏ဖခင်မှ သူ၏ညီအစ်ကို မောင်နှစ်မများကို အာခံတွင်းတွင်ငုံကာထားရှိကြောင်းပြောပြခဲ့သည်။ ထို့အပြင် မိခင်မှ သူ၏ညီအစ်ကို မောင်နှမများအား ကယ်ထုတ်ရမည့် နည်းလမ်းအားလည်းညွှန်ပြခဲ့သည်။ ]ဇုသည် သူ၏ညီအစ်ကို မောင်နှစ်မများအား မိခင်ညွှန်ပြသည့် နည်းလမ်းအတိုင်း ကယ်ထုတ် နိုင်ခဲ့သည်။ ယင်းနောက် တွင်ကား တန်ခိုးပါဝါ ကြီးမားလှသောသား သမီးများနှင့်ဖခင် အကြား တိုက်ပွဲပေါင်း မြောက်မြား စွာ ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် ဇုသည် အောင်နိုင်ခဲ့ပြီးနတ် ဘုရား တို့၏ခေါင်း ဆောင်ဖြစ်လာခဲ့သည်။ ထို့နောက် ဇု သည် မြေပြင်ဂိုင်အတွင် သက်ရှိ များနှင့် အပင်များကိုဖြစ် ပေါ်စေပြီး ကောင်းကင် ယူရေးနပ်စ်အားကြယ် များ အဖြစ်ပြောင်းလဲပစ်လိုက်သည်။

လူသားအစနှင့် လက်ဆောင်ပစ္စည်း
ထိုအချိန်တွင် ကမ္ဘာမြေသည်အပင်များဖြင့် ပြည့်နက်လျက်ရှိနေပြီဖြစ်သည်။ သို့သော် လူနှင့်တိရစ္ဆာန်များအား ဖန်ဆင်းရန်ကျန်ရှိနေသေးသည်။ ထိုအခါတွင် ]ဇု}နတ်မင်းကြီး သည် သားတော်နှစ်ပါးဖြစ်သော ပရိုမီးသီးယပ်စ် (Prometheus) နှင့် အီပီမီးသီးယပ်စ် (Epimetheus) တို့အားခေါ်ယူကာ ကမ္ဘာမြေပေါ်တွင် တိရစ္ဆာန် များနှင့်လူသားများအား ဖန်ဆင်း၍ ဖန်ဆင်းပြီးသမျှတိရစ္ဆာန်နှင့်လူတို့အား လက်ဆောင်တစ်ခုစီပေးရန် တာဝန်ပေးအပ်ခဲ့သည်။ ပရိုမီးသီးယပ်စ်သည် လူသားများ အားနတ်ဘုရားနှင်ပုံစံတူဖန်ဆင်းခဲ့ပြီး အီပီမီးသီးယပ်စ် သည် တိရစ္ဆာန်များအား ဖန်ဆင်းရန်တာဝန်ယူခဲ့သည်။ အီပီပီးသီးယပ်စ်သည် တိရစ္ဆာန် တစ်မျိုးချင်းစီအား ဖန်ဆင်းပြီး လက်ဆောင်တစ်ခုစီ အားလည်းပေးကမ်းခဲ့သည်။ သို့အတွက် ]ဇု} နတ်မင်းကြီးမှပေးလိုက်သောလက်ဆောင်များအားလုံးကုန်သွားခဲ့သည်ဆိုသည်။ သို့အတွက် ပရိုမီးသီးယပ်စ်လူသားများဖန်တီးပြီးချိန်တွင် လက်ဆောင်ပေးစရာ မကျန်ရစ်တော့ပေ။ သို့အတွက် ပရိုမီးသီးယပ်စ်သည် နတ်ဘုရားများသာ အသုံးပြုခွင့် ရှိသော မီးအားလူသားတို့ အား လက်ဆောင် အဖြစ် ပေးအပ်ရန်ဆုံးဖြတ်ခဲ့သည်။ သို့အတွက်လူသားအား မီးကိုအသုံးပြုနည်းအဖုံဖုံ အားသင်ကြားပေးခဲ့ သည်။
မီးနှင့်လူသား

နောက်တစ်နေ့ နေနတ်ဘုရားထွက်ပေါ်လာသောအခါ ပရိုမီးသီးယပ်စ်သည် လူသားတို့အားမီးကိုပေး အပ်နေသည် ကိုတွေ့မြင်သွားခဲ့သည်။ နေနတ်ဘုရားမှတဆင့် ဇုနတ်မင်းကြီးသိရှိသွားသောအခါ ပရိုမီးသီးယပ်စ်အား အလွန် အမြက်ထွက်တော်မူခဲ့ရာ အလွန်ပင်ရက်စက်လှသော အ ပြစ်ဒဏ်အား စီရင်တော်မူခဲ့ သည်။ ယင်းမှာ ပရိုမီးသီးယပ်စ် အားတောင်တစ်လုံးတွင်ကပ်ကာ ချုပ်နှောင်ထားစေပြီး ယင်း၏ အသည်းနှလုံးအား အလွန်ကြီး မား လှသောငှက်ကြီးမှ နေ့စဉ် ကမ္ဘာတည်သရွေ့ ထိုးဆိပ်စေ ခြင်းဖြစ် သည်။ နေ့စဉ်ယင်း အပြစ်ဒဏ်ကို ခံစားပြီးမှသာ လျှင်ပုံမှန် အတိုင်းနေခွင့် ပြုခဲ့ သည်။ ထို့အပြင် မိမိနှင့်မထိုက် တန်သောမီးကို အသုံးပြုသူ လူ သားများအတွက်လည်း အပြစ် ဒဏ်စီရင်ခဲ့သည်။ အပြစ်ဒဏ် အဖြစ်ဇုနတ်မင်း၏ အခြားသော သားတစ်ယောက်မှ အလွန်လှပသော ပန်ဒိုရာ (Pandora) အမည်ရှိ လူသားမိန်းမ ကို ဖန်ဆင်း သည်။ ယင်းမိန်းမသည် အလွန်ပင်လှပလှသည့်အတွက် နတ်ဘုရား အားလုံးမှ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။ ယင်းတို့အထဲတွင် ဇုနတ်မင်းမှ အလွန်လှပသော သေတ္တာငယ် ကလေး တစ်လုံးအား လက်ဆောင်အဖြစ်ပေး အပ် တော်မူခဲ့သည်။ ထို့အပြင် ယင်းသေတ္တာငယ်အားမည်သည့်အခါမှ ဖွင့်မကြည့် ရန်ကတိကိုလည်း တောင်းခဲ့သည်။ ထို့နောက်တွင် ပန်ဒိုရာမင်းသမီးအား အီပီပီးသီး ယပ်စ်နှင့် လက်ဆက်စေခဲ့သည်။

မေ့ဖျောက်မရသည့်ဆန္ဒ္ဒ

ပင်ဒိုရာမင်းသမီးသည် အီပီပီးသီးယပ်စ်နှင့်အတူ နေထိုင်စဉ်ကာလသည် အလွန်ပင်ပျော်ရွှင်စရာဖြစ်ခဲ့သည်။ သို့သော် သူမတွင်အမြဲစိတ်ဒုက္ခရောက်နေရခြင်းမှာ ဖွင့်မကြည့်ရန်ကတိပြုထား သည့် သေတ္တာငယ်အား ဖွင့်ကြည့်ရန်အလွန် အမင်း ဆန္ဒရှိ နေခြင်းဖြစ်သည်။ နောက်ဆုံးတွင်သည်းခံရန်မတတ်နိုင်တော့သည့်အတွက် အီပီပီးသီး ယပ်စ်မရှိစဉ်တွင် ယင်းသေတ္တာငယ်အားဖွင့်ကြည့်လိုက်တော့သည်။ ဖွင့်လိုက်သည် နှင့် တစ်ပြိုင် နက် သေတ္တာအတွင်း နတ်မင်းကြီးဇုကလူသားများအား အပြစ်ပေးရန် သိုလှောင်ထားရှိသော နာကြင်မှု၊ ဖျားနာခြင်း၊ လောဘ၊ ဒေါသ၊ မာန်မာန စသည်ဖြင့် လူသားတို့အားအကျိုးမပြုသောအကြောင်းအရာတို့သည် ထွက်ပေါ်လာခဲ့ပြီး လူသားတို့ကိုယ်ခန္ဓာတွင်း ၀င်ရောက်ပူးကပ်သွားတော့သည်။ ထိုအခြင်းအရာကြောင့် ပန်ဒိုရာမင်းသမီးသည် ထိတ်လန့်တကြားအော်ဟစ်သည့် အတွက် အီပီပီးသီးယပ်စ် မှလာရောက်ခါ အဖုံးအား အလျှင်အမြန်ပိတ်ခဲ့သော်လည်း နောက်ကျသွားခဲ့သည်။ ညဘက်တွင် ပိတ်ထားသောသေတ္တာမှ အသံ တစ်သံကြား လာခဲ့ရသည်။ ဖွင့်ပေးပါ ၊အပြင်သို့ ထွက်ပါရစေ၊ စသည်ဖြင့်တောင်းဆိုလွန်းသောကြောင့် ဖွင့်ပေးလိုက်ရာ ယင်းမှာနောက်ဆုံး ကျန်ရစ်နေသော မျှော်လင့်ခြင်း ဖြစ်သည်။ သို့အတွက် လူသားတို့အားဖန်ဆင်းသည့်သူသည် ပရိုမီးသီးယပ်စ်ဖြစ်ပြီး လူသားတို့တွင်လောဘ၊ ဒေါသ၊ မာန်မာန၊ ရောဂါဘယ တို့သည်ဖြစ်ပေါ်နေပြီး မျှော်လင့်ခြင်းတစ်ခုနှင့်သာ အသက်ရှင်နေထိုင် ရခြင်းဖြစ် သည်ဆိုသည်။ ဤသည် လည်း ဂရိဒဏ္ဍာရီတို့မှ စကြ၀ဠာ၊ ကမ္ဘာကြီးနှင့်လူသားတို့ စတင်ဖြစ်ပေါ်လာခြင်း ကိုဖော်ပြထား သည်ဒဏ္ဍာရီတစ်ပုဒ် ဖြစ်သည်။

#ကိုဆွေ
Powered by Blogger.